ဒွေးအယ်ခူ မူးယစ်တပ်ဖွဲ့စုု(၂၀)လွိုင်ကော်မှ ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီး (မြောက်) ကျေးရွာရှိခင်စိုးမြင့်(ခ) မီးမီး (ခ) ပဒေါင်မ၏နေအိမ်အားမူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရမူးယစ်တပ်ဖွဲ့စု(၂၀) လွိုင်ကော်၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ် (၃၉/၂၀၁၈) ဖြင့် ဝင်ရောက် ရှာဖွေခဲ့သည်။ ထို့သို့ရှာဖွေရာခင်စိုးမြင့်၏ အိပ်ခန်းဝဲဘက်ထရံတွင် ချိတ်ထားသောအနီရောင်လွယ်အိတ်ထဲမှ တိတ်အကြည်ဖြင့် ပတ်ထားသောအမဲရောင် ကြွပ်ကြွပ်အိတ်အထုပ်အတွင်းစိတ်ကြွရူးဆေးပြားထုတ်လုပ်ရာတွင် ရောစပ်အသုံးပြုသည့် အက်ဖီဒရင်းဟုယူဆရသောအဖြူရောင် အမှုန့်အလေးချိန် (၈၁၅) ဂရမ်ခန့်ပါ အထုပ် ၁ ထုပ်အားတွေ့ရှိခဲ့ရကြောင်းသိရှိရသည်။ ဒီဇင်ဘာလ ၂ဝရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းကျေးရွာနေဦးမောင်ကျော်မှ လာရောက်ပို့ဆောင်ပေးသော ပစ္စည်းများဖြစ်ကြောင်းသိရှိရပြီးသက်သေများရှေ့တွင် ခင်စိုးမြင့် မှ အပ်ပေး၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပါသည်။ သို့ဖြစ်၍ အက်ဖီဒရင်းများနှင့်အတူတွေ့ရှိသူခင်စိုးမြင့် (ဘ) ဦးစိုးထွန်း (၃၂)နှစ်၊ အက်ဖီဒရင်းများပို့ဆောင်ပေးသူမောင်ကျော်(ခ) အောင်ကျော် (ဘ) […]

ဒွေးအယ်ခူ ဘီလူးချောင်းအတွင်းမျောလာသောတုတ်ချောင်းအားဆင်းဆယ်ရာမှ (၈)တန်းကျောင်းသူတစ်ဦးရေနှစ်သေဆုံး သည့်ဖြစ်ရပ် လွိုင်ကော်မြို့ ၊ ဒေါတမရပ်ကွက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု လွိုင်ကော်မြို့နယ်ရဲစခန်းမှသိရသည်။ စိုက်ပျိုးရေးနှင့်သုတေသနရုံးဝန်း အနောက်ရှိ ဘီလူချောင်းရေချိုးဆိပ်ကျောက်ဆောင်တွင် သူငယ်ချင်းဖြစ်သူတို့နှင့်အတူ ရေချိုးရန်ထိုင်နေစဉ် ချောင်းအတွင်းမှ မျောလာသောတုတ်ချောင်းအားမနန်းသီတာအောင် ဆင်းဆယ်ရာမှ ရေနှစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ရေနှစ်သေဆုံးသူမနန်းသီတာအောင်မှာလွိုင်ကော်မြို့ ဒေါတမ အထက (၅) တွင်ပညာသင်ကြားနေသော (၈)တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အများပြည်သူဝိုင်းဝန်းရှာဖွေခဲ့ရာနေ့လည် (၁)နာရီတွင် ဆယ်ယူတွေ့ရှိခဲ့သည်။ ဒေါတမရပ်ကွက် ဘီလူးချောင်းရေချိုးဆိပ်တွင် ကျောင်းသူတစ်ဦးရေနှစ်သေဆုံးကြောင်းသတင်းအရတာဝန်မှူး ဒုရဲအုပ်သော်တာဦးနယ်ထိန်းခေါင်းဆောင်ရဲအုပ်သီဟစိုးနှင့် တပ်ဖွဲ့ဝင်များသက်သေနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာရေနှစ်သေဆုံးသူမှာမနန်းသီတာအောင် ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲသေဆုံးနေကြောင်းတွေ့ရှိခဲ့သည်။ သေဆုံးသူ မနန်းသီတာအောင်ကို မှုခင်းဆေးစာဖြင့် လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပြီးသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် လွိုင်ကော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းဌေး […]

ဒွေးအယ်ခူ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းကျေးရွာနေကွင်းဆက်တရားခံဖြစ်သည့် ဦးမောင်ကျော် (ခ) အောင်ကျော်၏ နေအိမ်တွင် တရားမဝင်လက်နက် ခဲယမ်းများကိုင်ဆောင်မှုဖြင့် မူးယစ်တပ်ဖွဲ့စု(၂၀) မှ ဒုရဲအုပ်မျိုးမင်းဆွေက ဥပဒေအရ အရေးယူပေးနိုင်ရန် တိုင်တန်းခဲ့ကြောင်း သိရှိရသည်။ ဦးမောင်ကျော် (ခ) အောင်ကျော်၏ အိမ်တွင် မူးယစ်ဆေးဝါးတစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ၎င်းအိပ်သည့် အိပ်ခေါင်းရင်းတွင် ကျည်အိမ်အတွင်းပွိုင့် ၂၂ ကျည် (၅)တောင့် ထည့်ထားလျှက် အရှည် (၃)ပေခွဲခန့်ရှိပွိုင့် ၂၂ အမျိုးအစားနံပါတ်မပါ ကျည်သေနတ်(၁)လက်အားထောင်ထားလျှက် တွေ့ရှိရပြီးသက်သေများရှေ့တွင် ဦးမောင်ကျော် (ခ) အောင်ကျော် မှ အပ်ပေး၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။ ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီး (မြောက်) ကျေးရွာရှိခင်စိုးမြင့်(ခ) မီးမီး (ခ) ပဒေါင်မထံသို့ […]

ကန္တာရဝတီတိုင်း(မ်) ပြီးခဲ့တဲ့ လပိုင်းတုန်းက ဖရူဆိုမြို့နယ် အမှတ် (၁၄) တပ်က စစ်ရေးပြုလုပ်ခဲ့ကြောင့် သီးနှံရိတ်သိမ်းချိန် တောင်သူများအခက်အခဲကြုံတွေ့ခဲ့ရသည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောသည်။  ဦးသဲရယ်က ” လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ကြတယ်၊ အဲ့မှာလည်း ကျနော်တို့ ရိတ်သိမ်းချိန်လည်း ဖြစ်တဲ့ခါကျတော ကျနော်တို့ တောင်ယာသွားတာနဲ့ ရိတ်သိမ်းတဲ့ဟာနဲ အများချည်း ထိခိုက်နစ်နာမှရှိတာပေါနော်။ လက်နက်ပစ်မယ်၊ လေ့ကျင့်မယ်ဆိုရင် တောင်ယာမသွားရဘူးဆိုတော ကျနော်တို့လည်း ဒီတပ်ဧရိယာနဲ့ နီးတဲ့တောင်တွေမှာလည်း သွားစရာရှိတဲ့ခါကျတော အဲလိုပိတ်လိုက်ပြီဆိုလို့ရှိရင် အလုပ်လုပ်လို့ မရတောဘူး၊ ဒါကျွန်တော်တို့ စိုက်ပျိုးရေးအတွက် တစ်ဖက်တစ်လမ်းအနေနဲ့ ထိခိုက်မှုရှိတယ်။” ဟုပြောသည်။ စစ်ရေးလေ့ကျင့်မှုကြောင့် တောင်သူများ သွားလာမှု ခက်ခဲရှိနေရိတ်သိမ်းချိန်နဲ့ တိုးနေတာ ကြောင့် စိုက်ပျိုးရေးအတွက် […]