ကရင်နီတပ်မတော်နဲ့ သူတို့ရဲ့လုပ်ငန်းခွင် တစေ့တစောင်း

ကန္တာရဝတီတိုင်း(မ်) သူ့နာမည်က ဆီမိုးနယ်၊ အသက် က ၃၈ နှစ်။ လက်ထက်ကိုင်ထားတဲ့ M3 သေနတ်ကို အဝတ်စ တစ်ခုနဲ့ သုတ်နေပါတယ်။ အားကစားဘောင်းဘီတို နဲ့ စွပ်ကျယ် အကျီအဖြူရောင်ဝင်ဆင်ထားတဲ့သူက ကရင်နီ တပ်မတော်က တပ်သားတဦးပဲဖြစ်ပါတယ်။ အခု အစိုးရ နဲ့ အပစ်ခတ်ရပ်စဲ ရေးယူထားတဲ့ကာလ အတွင်းမှာ တိုက်ပွဲ တွေမရှိတော့တဲ့အတွက် သေနတ်တွေကို အရင်လို တရက်တခါမတိုက်ရတော့ပဲ ၊ တပတ်တခါလောက်ပဲ တိုက်ချွတ်ဆေးကြရတာပါ။ သူဟာ အရင်က မြန်မာ့တပ်မတော်မှာလည်း စစ်မှုထမ်းဖူးသူတယောက်ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်တွင်း မနေချင်တော့တာကြောင့် ထွက်ပြေးခဲ့ပြီ အခုတော့ ကရင်နီတပ်မတော်မှာ တပ်သားဖြစ်နေပါပြီ။ စစ်တိုက်တယ်ဆိုတာ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ရတဲ့ စစ်သားတယောက်ရဲ့ တာဝန်ဆိုပေမဲ့ […]