ခွန်းလောရင်းစ်ဟာ ၂၀၁၅ ခုနှစ်ကနေစပြီး တောင်ကြီးမြို့မှာ အိမ်လေးတစ်လုံးငှားနေရင်းနဲ့ HOME ENGLISH LEARNING CENTER ကိုယ်ပိုင်သင်တန်းဖြစ်တဲ့ အင်္ဂလိပ်စာသင်တန်းဖွင့်လှစ် သင်ကြားနေပါတယ်။ ၄ နှစ်လောက် ရှိနေပြီဖြစ်ပေမဲ့ ဒီကနေ့အထိတော့ ကိုယ်ပိုင်အိမ်လေး မပိုင်ဆိုင်နိုင်သေးပါဘူး။ သူကတော့ သင်တန်းကို အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ အားကိုး ဖွင့်လှစ် နေတာမဟုတ်ဘဲ ပညာရေးကို မက်မောပြီး အားတက်သရော လာရောက်သင်ယူတဲ့ ဘယ်အသက်အရွယ်ကိုမဆို သင်ကြားပေးနေတာပါ။ ဒီကနေ့အထိတော့ သင်တန်းသား ၅၀ဝ နီးပါးကို သင်ကြားပေးခဲ့ပြီလို့ ပြောပါတယ်။

အင်္ဂလိပ်ဘာသာစကား သင်ကြားပေးနေတဲ့ ခွန်းလောရင်းစ် လုိုပဲ နယ်ခြားတွေမှာ ပညာသင်ယူရင်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးနေတဲ့ ကယန်းတုိုင်းရင်းသား နောက်တစ်ယောက်ရှိပါတယ်။ သူကတော့ ခွန်းအိုုင်းဂျွန် ပါ။ သူက လွိုင်ကော်မြို့မှာ institute တစ်ခုု ထူထောင်ဖိုု့ ရည်မှန်းထားတယ်လိုု့ ပြောပါတယ်။

ရှမ်းပြည်နဲ့ ကယား(ကရင်နီ) ပြည်ရဲ့ နယ်စပ်မှာရှိတဲ့ ဒေသခံတောင်သူတွေအနေနဲ့ ဒီတစ်နှစ်မှာ ဘာအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။