ဖရက်ရယ် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ ရှားတောနယ်ခံမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက NLD ပါတီဖြစ်နေလို့ အပြတ်အသတ်နိုင်ခဲ့ပါတယ်။ အပြောင်းအလဲကိုမြင်ချင်ကြတဲ့ ရှားတောမြို့နယ်ဒေသခံလူငယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ပါတီကို တခဲနက်အားပေးထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ အစိုးရသက်တမ်း ၃ နှစ်ထဲဝင်လာချိန်မှာတော့ မျော်လင့်ထားတဲ့အတိုင်းဘာတွေဖြစ်လာလဲ၊ မဖြစ်လာလဲဆိုတာနဲ့ပတ်သက်လို့ ဒေသခံလူငယ်တချို့ တွေ့ဆုံမေးမြန်းထားတာ တင်ပြလိုက်ပါတယ်။ ကူးရယ်- ဒေသခံလူငယ် အရင်က ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း အပစ်ခတ်ရပ်ဆဲ နဲ့ပါတ်သက်တာတော့ ဆင်ပြေပါတယ်။ လူငယ်ပိုင်းမှာဆို သွားလာလှုပ်ရှားလို့တော့ ရတယ်။ ဒါပေမဲ့ လက်ရှိ NLD အစိုးရ လက်ထက်မှာက ပိုပြီးတော့ ဆင်ပြေတယ်။ လူငယ်အရေးကော တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်မူတွေ ပိုလုပ်နိုင်တယ်။ အရင်ကဆို အခြေအနေတော့ ကောင်းပေမယ့် လူငယ်ကဏ္ဍမှာဆို လက်ရှိထက် လှုပ်ရှားမူတွေ အားမကောင်းသေးဘူး။ […]

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့နယ်ရှိ ဒေါတဟေးကျေးရွာမှ ဒေသခံများက ကျေးရွာအတွင်း သွားလာရေးလမ်းများ ဆောက်လုပ်ပေးရန် လိုအပ်သဖြင့် သက်ဆိုင်ရာကို တောင်းဆိုလိုကြောင်း ရွာမိရွာဖတစ်ဦးဖြစ်သည့် ဦးတီရယ်က ပြောသည်။ “ ကျွန်တော်တို့ကျေးရွာက ကြီးလည်းကြီးတယ်။ ကျေးရွာထဲလည်း သွားလာဖို့ ခက်ခဲတယ်။ ကျွန်တော်တို့ သား၊သမီးတွေ ကျောင်းသွားဖို့လမ်းတွေဆိုရင် နွေဆို ဖုံတွေအရမ်းများတယ်။ မိုးရာသီဆိုရင် ဗွက်တွေပဲ။ တစ်ခါတလေ ကျွန်တော်တို့ သား၊သမီးတွေ ကျောင်းသွားဖို့ အရမ်းပျင်းသွားတယ်။ လမ်းအရမ်းဆိုးတော့လေ။ အဲ့ဒါကြောင့် ပညာရေးမှာ အများကြီး ဆုံးရှူံးသွားတယ်။” ဟု ၎င်းက ပြောသည်။ ကျေးရွာအတွင်းလမ်းသည် မိုးရာသီအချိန်တွင် သွားလာရန် ကျောင်းဆရာ၊မများနှင့် ကျောင်းသားများအတွက် အလွန်ခက်ခဲသောကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် ဦးမာကုက ပြောသည်။ “မိုးတွင်းဆို […]