တိုင်းရင်းသား အခွင့်အရေးတန်းတူရရှိရေး ကြိုးပမ်းလျက်ရှိဟု သမ္မတဆို

ကန္တာရဝတီတိုင်း(မ်) ပြည်နယ်၊ တိုင်းဒေသမခွဲခြားပဲ တိုင်းရင်းသားအခွင့်အရေးများအတွက် တန်းတူရရှိရေးကြိုးပမ်း ဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကယားပြည်နယ်နေ့ အခန်းအနားမိန့်ခွန်းမှာပြောဆိုသွားပါသည်။  “ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့လည်း ပြည်နယ်၊ တိုင်းဒေသမခွဲခြားဘဲတောင်ပေါ်မြေပြန့်မခွဲခြားဘဲ ပြည်နယ်တိုင်းအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ထို့အတူပဲ တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ ခံစားသင့်၊ ခံစားထိုက်တဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ကျွန်တော်တို့ ဦးစားပေးပြီးတော့ ပုံဖော်လျှက်ရှိပါတယ်။” ယနေ့ (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတွင် ပြောဆိုသွားခြင်းဖြစ်သည်။ ထို့အပြင် တိုင်းရင်းသား ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ဖွံ့ဖြိုးတိုးတက်တည်တံ့ခိုင်မြဲစေရန် ထိမ်းသိမ်းကာကွယ်ရန်နှင့် မြှင့်တင်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်ဟု ထပ်လောင်းပြောဆိုသွားပါသည်။ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ငြိမ်းချမ်းသည့်ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ပေးကြရန်လည်း အားလုံးဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနိုးဆော်သွားပါသည်။ အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားခေါင်းဆောင်သဘာပတိဝင်များမှ နေရာယူပြီးနောက် […]

တန်ဖိုးနည်းအိမ်ရာ ဒေသခံများအတွက် မဖြစ်မည်ကို စိုးရိမ်နေ

ကန္တာရဝတီတိုင်းမ် ကေကောဒေသအတွင်းတွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းမှာ ဒေသခံများအတွက် မဖြစ်ဘဲ အဖွဲ့အစည်းအတွက် တည်ဆောက်ခြင်းများဖြစ်မည်ကို ဒေသခံများစိုးရိမ်လျက်ရှိနေသည်။ ̏ ဒီတန်ဖိုးနည်းအိမ်ရာဆောက်တာ ဘယ်သူ့အတွက်လဲ၊ ဒေသခံအတွက်လား၊ ရဲဘော်အတွက်လား၊ အဲ့အိမ်ပေးနေတယ်ဆိုတော့ကော နောက်ပိုင်း သူတို့ကိုယ်ကသူတို့ရဲဘော်ဖြစ်သွားမလား ကျွန်တော်အဲ့ဒါပဲစိုးရိမ်တယ်˝ ဟု ကေကောဒေသခံတစ်ဦးက ပြောသည်။ ပရဲ့မျိုးနွယ်စုများ နေထိုင်ရာဖရူဆိုမြို့နယ်အနောက်ဘက်ရှိ ကေကော၊ ရော်ဒေါ်ခေါ၊ သိုသီးဖိုစသည့် သုံးအုပ်စုမှ အိုးအိမ်မဲ့သည့် ဒေသခံများကို စာနာသောအားဖြင့် ပြည်ထောင်စုအစိုးရထံသို့ ဘတ်ဂျက်တိုက်ရိုက်တောင်းခံကာ ရရှိလာခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(က.လ.လ.တ)မှ ဗိုလ်မှူးဦးထူးကော်က ပြောသည်။ ” ပြည်ထောင်စုအစိုးရနဲ့ သွားတင်တော့ ကျွန်တော်တို့ ကေကောဒေသ၊ ပရဲ့ဒေသပေါ့ ဒီကေကောဒေသမှာ လူမှုရေးအစစအရာရာ နိမ့်ကျတဲ့အတွက်ကြောင့် အိုးမဲ့အိမ်မဲ့တဲ့လူတွေ ရှိနေတဲ့အတွက် ကျွန်တေ်ာတိ်ု့ပြန်ရရှိအောင် […]

ကျေးရွာဆေးပေးခန်းတွင် လာရောက်ကုသမှုမရှိသောကြောင့် ရက်သားကလေးငယ်များ သေဆုံးမှုများ ရှိနေသေးဟုဆို

မူဂျာမီလှိုင် ကျေးရွာဆေးပေးခန်းတွင် လာရောက်ကုသမှုမရှိသောကြောင့် ရက်သားကလေးငယ်များ သေဆုံးမှုများ ရှိနေသေးကြောင်း လွယ်ပေါကျေးရွာအုပ်စုရှိဆေးပေးခန်း တာဝန်ရှိဆရာမတစ်ဦးက ပြောသည်။ “တစ်ချိူ ့လူနာတွေက ဆေးရုံတွေလည်းမသွားကြဘူး ပြီးတော့သူတို့လဲမမွေးနိူင်ဘူး အဲ့ကြောင့်ကလေးတွေက ရေမွှာတွေကွဲတာကြာလို့ သေသွားကြတာ အဲ့လိုတွေတော့ ရှိတာပေါ့” လွယ်ပေါကျေးရွာအုပ်စုရှိဆေးပေးခန်း တာဝန်ရှိဆရာမတစ်ဦးဆိုသည်။ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာအုပ်စုတွင် ကျေးရွာဆေးပေးခန်းသို့ လာရောက်ကုသခြင်းမရှိသည့်အတွက် ယနေ့ချိန်တိုင်အောင် ရက်သားကလေးငယ်များ သေဆုံးမှုများ ရှိနေသေးကြောင်း လွယ်ပေါကျေးရွာအုပ်စုဆေးပေးခန်းရှိ တာဝန်ရှိဆရာမတစ်ဦးက ဇန်နဝါရီလ ၁ဝရက်နေ့တွင် ပြောကြားသည်။ “ဒီလိုဆေးခန်းရှိတော့ ပိုကောင်းဒါပေါ့ အရင်တုန်းကဆို တစ်ခုခုဖြစ်ပြီဆိုရင်ဖယ်ခုံကိုဘဲသွားရတော့ ပိုခက်တယ်လေ”ဟု လွယ်ပေါကျေးရွာ ဒေသခံဒေါ်မနွဲ့ကပြောသည်။ ဆေးပေးခန်းသို့ရောက်ရှိလာကြသောလူနာများသည် အများအားဖြင့် သွေးတိုးရောဂါများနှင့် ကလေးများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါများ အများဆုံးဖြစ်နေကြောင်းသိရသည်။ “သူတို့ကဆေးတော့ထုတ်ပေးတယ် ဒါပေမဲ့ မလောက်ဘူးပေါ့ တစ်ခါတစ်လေဆို […]