ခွန်းကလိုင်းဖရီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် အနာဂတ်မြန်မာနိုင်ငံတော်ကိုတည်ဆောက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ လက်ကိုင်ထားကြောင်း အတွင်းရေးမှူး(၂) ခူးဒယ်နီယယ်က ပြောသည်။ “ကျွန်တော်တို့ KNPP အနေနဲ့ကတော့ အရင်က ချမှတ်ထားတဲ့ ဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုတဲ့ လမ်းစဉ်ကိုတော့ အခုထိလက်ကိုင်ထားတုန်းပဲ ဖြစ်ပါသေးတယ်။ ဖက်ဒရယ်နိုင်ငံဖြစ်လာဖို့ပဲ၊ အပြောင်းအလဲမရှိပါဘူး” ဟု ပြောသည်။ သို့သော်လည်း ဖက်ဒရယ်စနစ်တည်ထောင်ရေးအတွက် ကြိုးပမ်းရာတွင် အချို့သောတိုင်းရင်းသားများအနေဖြင့် မတူညီသော တောင်းဆိုမှုရှိနေသောကြောင့် စိတ်မကောင်းဖြစ်မိသော်လည်း လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လမ်းကြောင်းသည် ခိုင်မာသောစာချုပ်မဟုတ်ကြောင်း မြင်လာသည့်အတွက်ကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အပြင် တိုင်းရင်းသားများဖက်မှ အခွင့်အရေးမရနိုင်တော့ကြောင်း သုံးသပ်ရှုမြင်လာသည့် အတွက်ကြောင့်လည်း ယခုကဲ့သို့ ဖြစ်လာရခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံအားဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တိုင်းပြည်ကို အုပ်ချုပ်နေသောပုဂ္ဂိုလ်(သို့) […]