ကန္တာရဝတီတိုင်းမ် ဒုတ်၊ အကာ၊သေနတ် လက်နက်အပစ်နဲ့ အသင့်အနေထားမှာရှိနေကြတဲ့ ရဲဘော်တွေရဲမေတွေဟာ လွိုင်ကော်မြို့ရဲ့ အများပြည်သူပန်ခြံဖြစ်တဲ့ ကန္ဒာဟေဝန်ပန်းခြံထဲမှာ နေရာယူနေကြပါတယ်။ သံစူးကြိုးတွေနဲ့ကာရံထားတဲ့ ပျဉ်တန်းတွေကလည်း ပန်းခြံရဲ့ဝင်ပေါက်တွေတိုင်းမှာကာထားပြီးတော့ အဲဒီအနောက်မှာတော့ ဒေသခံတိုင်းရင်းသား ရဲမေတွေက တန်းစီမတ်တပ်ရပ်နေကြပါတယ်။ တာဝန်နဲ့ဝတ္တရားအရပ်လုံခြုံရေးယူနေကြရတဲ့ အောက်ခြေရဲဘော်ရဲမေတွေဖြစ်ပါတယ်။ သူတို့တွေကတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုအလိုမရှိလို့ ကြွေးကြော်နေတဲ့ ကရင်နီလူငယ်တချို့ကို ပန်းခြံထဲရှေ့ဆက်မတိုးဖို့ ဟန့်တားထားတာပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကပန်းခြံထဲမှာရောက်ရှိနေလို့ပဲ လူငယ်တွေက ကြေးရုပ်ကိုမတည်ဖို့ အပြင်ကနေ ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။  ကရင်နီလူငယ်တွေက ရုပ်ထုတည်ဖို့ အချိန်စောနေသေးကြောင်း၊ ရပ်ဆိုင်းပေးသင့်ကြောင်း၊ ကြေးရုပ်မတည်မှီ ဗိုလ်ချုပ်ကတိကဝတ်ကို ဖော်ဆောင်ရမှာဖြစ်ကြောင်း ဟစ်ကြွေးပြီးတော့ ဆန္ဒဖော်ထုတ်နေကြပါတယ်။  “ဒီဗိုလ်ချုပ်ကြေးရုပ်ကိစ္စဟာ ကျနော်တို့ ပြည်သူလူထုကိုမချပြပဲနဲ့ အတင်းအဓမ္မပြည်နယ်အစိုးရက လုပ်ဆောင်ခြင်းဖြစ်တယ်။ ဒါကြောင့်မို့ လို့ ကျနော်တို့ အနေနဲ့ အင်မတန်ဝမ်းနည်းပါတယ်။ ဝမ်းအနည်းဆုံးနေ့တနေ့ဖြစ်တယ်။” […]

ဒွေးအယ်ခူ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားအားလုံးက လက်ခံလေးစားတယ်ဆိုပေမယ့် နိုင်ငံတော်အဆင့်မှာပဲ ကြေးရုပ်ထုကို ထားသင့်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဖိုးရယ်က ပြောလိုက်ပါတယ်။ ဦးဖိုးရယ်က “ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ဆိုတာ အကုန်လုံး လက်ခံတယ် လေးစားတယ်။ ဒါပေမယ့်လို့ နိုင်ငံတော်အဆင့်မှာပဲ ထားဖို့သင့်တယ် နိုင်ငံခေါင်းဆောင်အနေနဲ့ပဲ ရုပ်ထုထားသင့်တယ်။ အထူးသဖြင့် ကျွန်တော်တို့ ပြည်နယ်မှာဆိုရင် သမိုင်းကြောင်းအရ ကိုယ့်စော်ဘွား၊ ကိုယ့်ခေါင်းဆောင်တွေ အသီးသီးလည်း ရှိခဲ့တာပေါ့” လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပဲ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းအပေါ် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ရဲ့ သဘောထားထုတ်ပြန်ချက်အရ ကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။ ၁၉၄၆ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကရင်နီပြည်ကို […]

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းအပေါ် ပြည်ပရောက် ကရင်နီလူငယ်တွေ ဘယ်လိုသဘောထားရှိသလဲဆိုတာကို ကန္တာရဝတီတိုင်း(မ်) သတင်းထောက် ခူးဖရက်ရယ်မှ တွေ့ဆုံမေးမြန်းထားတာကို တင်ပြလိုက်ရပါတယ်။ ပါစကွားလယ်- ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းကျနော်အနေနဲ့ ပထမဆုံးပြောရမယ်ဆိုရင် ကျနော်တော့ လုံးဝကန့်ကွက်တယ်ပေါ့နော် ဗိုလ်ချုပ်ကြေးရုပ်ကို။ ဘာကြောင်းကန့်ကွက်ရလဲဆိုတော့ ကျနော်တို့ ကရင်နီသမိုင်းက ကျနော်တို့ပဲသိတယ်။ အခု လက်ရှိ ဒီဝန်ကြီးတွေ လက်ခံနေတယ်။ တချို ့သော ပြည်သူလူထုတွေ လက်ခံနေတာ ကျနော်တို့ ကရင်နီရဲ ့သမိုင်းကို ခမ်းနားခမ်းနား မသိလို့ သူတို့က လက်ခံတယ်။ ဒါဟာကျနော်တို့ အဆိုးမဆိုပါဘူး။ ဒါပေမဲ ကျနော်တို့ ကရင်နီသမိုင်းကို လက်ခံလို့ ကန့်ကွက်နေတဲ့ လူငယ်တချို ့ကို ဒါတွေ ကျနော်တို့ အနေနဲ့လည်း […]

ခူးဖရဲရယ် ထိုုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ လက်ရှိ အဖြစ်များဆုံး ရောဂါဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပြီး ကူးစက်ခံနေရတာက အများအားဖြင့် ၅ နှစ်အောက်ကလေး ပိုများနေသည်ဟု စခန်းရှိ ကရင်နီကျန်းမာရေးဌာနထံမှ သိရပါသည်။ “ဘာဖြစ်လို့ အဲဒီရောဂါတွေ ပိုဖြစ်ပွားများသလဲဆိုတော့ အခုကျနော်တို့ နေထိုင်တဲ့နေရာက တအားကျဉ်းတယ်။ တစ်ဦးနဲ့ တစ်ဦး ကူးစက်မှုက တအားလွယ်ကူတယ်” ဟု ကရင်နီကျန်းမာရေးဌာန ဒု-ညွန်ကြားရေးမှူး ဆရာ ဟယ့်နာရီက ပြောသည်။ တစ်ကိုယ်ရေသန့်ရှင်းရေးများအထူးလိုအပ်နေကြကြောင်း၊ ကလေးငယ်များအမြဲဝတ်နေသည့် အဝတ်အစားများကိုလည်း သန့်ရှင်းစွာလျှောဖွတ်ပေးရန်လိုအပ်ကြောင်း၊ မိဘများက ဂရုတစိုက် စောက်ရှောင့်မှုလိုအပ်ကြောင်း ပြောသွားပါသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် စခန်းတွင်းကျန်းမာရေးဌာနမှ အသိပညာပေးခြင်း၊ အပတ်စဉ် အွန်လိုင်းမှ ထုတ်လွင့်မှုများပြုလုပ်ပေးခြင်းနှင့် ဆေးခန်းသို့ကုသသည့်လူနာများကိုလည်း […]