ကန္တာရဝတီတိုင်း(မ်) ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်အစွန်အဖျားဒေသဘက်က တောင်ကုန်းတောင်စောင်း မြေနီရောင်စိုက်ခင်းထဲမှာ လူတစ်ရပ်ကျော်ကျော်လောက်ရှိနေပြီ ဖြစ်တဲ့ ထောပတ်ပင်တွေ အသီးတွေ အခုချိန်မှာ ဝေဝေဆာဆာသီးနေကြပါတယ်။ ဒါကတော့ ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းအစားထိုးလုပ်ငန်းတွေ အခုချိန်မှာ တဖြည်းဖြည်းနဲ့ အစားထိုး သီးနှံအနေနဲ့ ထောပတ်ပင်ကို စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ ပတ်ပတ်လည်လည်မှာက တခြားတောင်ယာစိုက်ခင်းတွေ ရှိသလို၊ ဘိန်းစိုက်ခင်းတချို့လည်း ရှိနေပါတယ်။ အခုထောပတ်ပင်တွေရှိနေတာကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲမှာရှိပြီးတော့ ရှမ်း၊ ကယားနယ်စပ်မှာ ရှိတဲ့ ရီနွဲ့ကျေးရွာအုပ်စုထဲက ကုန်းငူးရွာပဲဖြစ်ပါတယ်။ “နှစ်ရှည်ပင်လည်းဟုတ်တယ်။ တခါစိုက်လို့အောင်မြင်သွားရင် နောက်ပိုင်းကျရင် ကုန်ကျစာရိတ်နည်းနည်းနဲ့ နှစ်စဉ်နှစ်စဉ် ဝင်ငွေရတဲ့အသီးဖြစ်တယ်။ နောက်ကျနော်တို့ဒေသနဲ့လည်းကိုက်ညီတယ်။ ဘိန်းအစား ထိုးအနေနဲ့လုပ်မယ်ဆိုရင်လည်း ဖြစ်နိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် စိုက်ဖြစ်တယ်ပေါ့။” လို့ ရီနွဲ့ကျေးရွာက ဦးပန်းက ပြောပါတယ်။ […]

ကန္တာရဝတီတိုင်း(မ်) ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို ပြန်ရုပ်သိမ်းဖို့ ဆန္ဒပြချီတက်ကြတဲ့ လူထုတွေကို ပြည်နယ်အစိုးရက ရာဘာကျည်နဲ့ ပစ်ဖောက်ဖြိုခွဲမှုတွေပြုလုပ်တဲ့အတွက် ဒဏ်ရာတွေတချို့ရရှိသွားကြပါတယ်။ တိုင်းရင်းသားတွေက သူတို့ရဲ့ဌာနေအခွင့်အရေးအတွက် အမျိုးသားဝိသေသလက္ခာဏာကို အမျိုးသားတန်းတူရေးအတွက် တောင်းဆိုနေတာကို အကြမ်းဖက်နိုမ်နှင်းတယ်လို့ ဆန္ဒပြမှုမှာပါဝင်လုပ်ရှားနေတဲ့ အဖွဲ့ခေါင်းဆောင် နော်ဖောဝါးက ပြောပါတယ်။ “ဒီကကောင်းကောင်းမွန်မွန်တောင်းဆိုနေတာကို မပေးဝင်ဘူး။ မပေးဝင်တော့ ဒီကထိုးဖောက်ဝင်လာတဲ့ဟာကို အကြမ်းဖက်ဖြိုခွင်းတယ်။ မီးသတ်ပိုက်နဲ့လည်းထိုးတယ်။ ပြည်သူကတင်မြောက်လိုက်တဲ့အစိုးရက ပြည်သူကို မငဲ့မညာပဲ ပြန်လုပ်တယ်။ “လို့ နော်ဖောဝါးက ပြောပါတယ်။ ဒီနေ့မနက် ဆန္ဒပြ စစ်ကြောင်းလေးကြောင်းဖြစ်တဲ့ (ပန်ကန်း၊ ချိကယ်၊ နာရီစင်၊ မြို ့နယ်စေတီလမ်းကြား)ကနေ လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံထဲကို ချီတက်လာခဲ့ရာ လုံခြုံရေးကနေ လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လမ်းပိတ်ဆိုမှုကိုဖောက်ထွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ထု ကန့်ကွက်သူတွေကို ရာဘာကျည်များဖြင့် […]