ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ ဆွေးနွေးမှုအစီအစဉ်ကို ဖျက်သိမ်း

နော်ဒွေးအယ်ခူ ယနေ့ ဖေဖော်ဝါရီလ ၁ရရက်နေ့ လွိုင်ကော်မြ်ု့ အင်ပါယာဟိုတယ်တွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နှင့် ပတ်သက်၍ ကန့်ကွက်သူများနှင့် ဖြစ်မြောက်ရေးကော်မတီတို့ ဆွေးနွေးညှိနှိုင်းမှုတွင် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ကိုယ်စားလှယ်များမှ ဆွေးနွေးပွဲမပြီးခင်တွင် အစည်းအဝေးကို ဖျက်သိမ်း၍ ထပြန်ခဲ့ကြောင်း သိရသည်။ ကန့်ကွက်သူလူငယ်ကိုယ်စားမှ ပါဝင်ဆွေးနွေးခဲ့သည့် ခွန်းအသန်းက “ကြေးရုပ်ကို ဘယ်လိုရွှေ့ဆိုင်းမလဲ ညှိနှိုင်းတဲ့အချိန်မှာတော့ သူတို့ဖက်က လုံးဝရွှေ့ဆိုင်းရေးကို လက်ခံမှာမဟုတ်ဘူး ပြီးတော့ ရွှေ့ဆိုင်းရေးကိုလည်း တာဝန်မယူနိုင်ဘူး ကြေးရုပ်ကော်မတီအနေနဲ့ ဒါက ပြည်နယ်အစိုးရမှာပဲ တာဝန်ရှိတယ် ပြည်နယ်အစိုးရကိုပဲ ညှိနှိုင်းရမယ်။ အဲ့လို လွှဲချရင်းနဲ့ဆွေးနွေးပွဲကို အဆုံးသတ်သွားပါတယ်။ သူတို့ကတော့ တရားဝင်အစည်းအဝေး မပြီးဆုံးခင်မှာပဲ ထပြန်သွားပြီးမှ အစည်းအဝေးကို ဖျက်သိမ်းလိုက်တဲ့ သဘောဖြစ်ပါတယ်” ဟု အစည်းအဝေးပွဲအပြီး မီဒီယာများနှင့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ […]