spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Daily Archives: Mar 1, 2019

လမ်းပန်းဆက်သွယ်ရေးခက်သည့်အတွက် လူနာများအသက်ဆုံးရှုံးမှုများ ရှိနေ

မူဂျာမီလှိုင် ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ပုန်းလောကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် မိုးရာသီချိန် ဆေးရုံဆေးခန်းသို့ အရေးပေါ်သွားရာတွင် လူနာများအသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ "ဘယ်​လိုဘဲဖြစ်​ဖြစ်​ ဒါက​နှောင်​့​နှေးမှုတစ်​ခုဘဲ​လေ၊ လမ်​းခရီးအခက်​အခဲ​ကြောင်​့ ဆုံးရှုံးမှု​တွေလည်​းရှိခဲ့တာ​ပေါ့ လမ်း​ကောင်​းခဲ့ရင်​ လူနာတစ်​​ယောက်​အတွက်​ အကျိူးအများကြီးရှိတယ်​၊ ပြီး​တော့ လူနာ​တွေရဲ့အသက်​ဆုံးရှုံးမှု ​တွေလည်​းနည်​းမှာ​ပေါ့" ဟု ပုန်​း​လောရွာ ကျန်​းမာ​ရေးမှူးဦးဝင်​းလှိုင်​ကဆိုသည်​။ အစိုးရမှ ခန့်အပ်ထားသည့် ကျန်းမာရေးမှူးများ ရှိနေသော်လည်း ဆေးပေးခန်းမရှိသေးသောကြောင့် လူနာရှိလျှင် ဖယ်ခုံသို့မဟုတ် လွိုင်ကော်ဆေးရုံကြီးတို့တွင်သာ သွားရောက်ကုသနေကြရကြောင်း သိရသည်။ "မိုးရာသီဆို အဓိကကျွန်​​တော်​တို့ဒီ​တောင်​အဆင်​း​တွေ ​မောင်​းလို့မရဘူး အန္တရာယ်​အရမ်​းများတယ်​" ဟု ပုန်​း​လောရွာတွင်​​နေထိုင်​​သော ဦးထွန်​း​အေးက ဆိုသည်​။ တောင်​​ပေါ်ရွာဖြစ်​​သောပုန်​း​လောရွာသည်​ အဓိကအားဖြင်​့ ​ပြောင်​းဖူးကိုသာ စားဝတ်နေရေးအတွက် လုပ်​ကိုင်​ကြရသည်​။...

ရန်ကုန်လူငယ်များ (၉)ဦးတရားစွဲဆိုခံရမှု ရုတ်သိမ်းပေးရန် ကရင်နီပြည် လူငယ်များအင်အားစု သဘောထားထုတ်ပြန်

နော်ဒွေးအယ်ခူ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံမှ ာဗို်လ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် ထားရှိမှုကိုဌာနေတိုင်းရင်းသားတိုု့မှ ဖေဖော်ဝါရီလ၁၂ရက်နေ့မှာ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာကိုထောက်ခံတဲ့အနေနဲ့ ရန်ကုန်မြို့ရှိလူငယ်များကဆူးလေပန်းခြံမှာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဦးဆောင်သူ (၉)ဦးတရားစွဲဆိုခံရတာနဲ့ ပတ်သက်ပြီးအမှုရုတ်သိမ်းပေးရန် ကရင်နီပြည် လူငယ်များအင်အားစုကဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။ “ကျွန်တော်တို့ လွိုင်ကော်မှာ ၁၂ရက်နေ့တုန်းက ဆန္ဒပြတော့ သူတို့လည်း ကျွန်တော်တို့လုပ်ရပ်ကိုမှန်ကန်တယ်လို့...

Latest news

- Advertisement -spot_img