spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Monthly Archives: April, 2019

ဖရူဆိုမြို့နယ်ရှိ တော်ခူအုပ်စုတွင် အလယ်တန်းကျောင်းတိုးမြင့်ရရှိရန် ဒေသခံများလိုအပ်

မော်ဦးမြာ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တော်ခူအုပ်စုအတွင်းတွင် ကလေးများ ကျောင်းတက်နိုင်ရန် အလယ်တန်းကျောင်းတစ်ကျောင်း တိုးမြင့်ချထားစေလိုကြောင်း ဒေသခံများက လိုလားနေကြပါသည်။ ̏ ဒီဖရူဆို မြို့နယ် တော်ခူအုပ်စုတစ်စုလုံးက အလယ်တန်းကျောင်းတစ်ကျောင်းမှ မရှိသေးဘူး။ အခုလောလောဆယ်တော့ ပလဲလယ်ကျောင်းမှာ မူလွန်ကျောင်း( ၅တန်းအထိ) ဒီနှစ်မှပဲရတယ်။ တကယ်လို့ မူလွန်ကျောင်းရမယ်ဆိုရင် တခြားရွာတွေလည်းလာနေဖို့ရှိမယ်။ ၆ရွာလောက် ကျောင်းလာတက်နိုင်မယ်...

ပြည်နယ်အစိုးရ ငွေကြေး စီမံခန့်ခွဲမှုအားနည်းခြင်းနှင့် စည်းကမ်းချိုးဖောက်ခြင်း လွှတ်တော်မှာဆွေးနွေးခဲ့ကြ

ကန္တာရဝတီတိုင်းမ် ပြည်နယ်အစိုးရကနေ ခွင့်ပြုငွေတွေ အချိန်မှီမသုံးစွဲနိုင်တဲ့အတွက် ပြန်အပ်နှံနေရတာတွေ ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချိုးဖောက်တာတွေ ရှိတယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တိုက်ရိုက်ထုတ်လွှင့်မှုတဆင့်ကနေ သိရပါတယ်။ ပထမနေ့မှာပဲ ကယားပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်းက ကယားပြည်နယ် ၂၀၁၇-၂၀၁၈ ခုနှစ်...

လွှတ်ငြိမ်းချမ်းသာခွင့်တွင် လွိုင်ကော်ထောင်မှ စုစုပေါင်း ၁၇ရ ဦးလွှတ်မြောက်ခဲ့

နော်ဒွေးအယ်ခူ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် လွိုင်ကော်မြို့ရှိအကျဉ်းထောင်မှ လွှတ်မြောက်လာသည့် အကျဉ်းသား စုစုပေါင်း ၁၇ရဦး ရှိကြောင်း လွိုင်ကော်အကျဉ်းဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့်ဧပြီလ ၁ရရက်နေ့ ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် အမျိုးသား၈၃ဦးနှင့် အမျိုးသမီး ၁ဝဦးလွှတ်မြောက်ခဲ့သည်။ ဒုတိယအကြိမ် လွှတ်ငြိမ်းခွင့်အမိန့် ဧပြီလ ၂၆ရက်နေ့တွင်မူ အမျိုးသား ၆ရဦး နှင့် အမျိုးသမီး...

သီးနှံတွေ ကြွက်ဖျက်ခံနေရတဲ့ ပြဿနာ

ဒွေးအယ်ခူ ဖရူဆိုမြို့နယ်၊ နန်းဖဲအုပ်စု နှင့် တော်ခူကျေးရွာအုပ်အတွင်းရှိ ရွာသူရွာသားများ၏ စပါးခင်း၊ နှမ်း၊ ပြောင်း၊ ဖာလာစသည့် သီးနှံများသည် စိုက်ပျိုးရာသီရောက်သည့်အချိန် နှစ်စဉ်နှစ်တိုင်း ကြွက်များစားသောက် ဖျက်ဆီးခြင်းကိုခံနေရသည်။ ကျေးရွာ ၁၁ ရွာရှိသည့် တော်ခူအုပ်စုတွင် စိုက်ပျိုးရေးအနေဖြင့် ရွှေ့ပြောင်းတောင်ယာတစ်မျိုးတည်းသာလုပ်ကိုင်နေရသကဲ့သို့ ကြားညှပ်သီးနှံအနေဖြင့် နှမ်း၊ ပြောင်းကောက်၊ သခွား၊ ပဲ၊...

ကရင်ပြည်နယ်ထဲမှာနေတဲ့ ကယန်းမျိုးနွယ်စုရွာရဲ့ အခက်အခဲ

ကန္တာရဝတီတိုင်း(မ်) ကယန်းမျိုးနွယ်စုတွေနေထိုင်တဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက မောင်ဘလော့ရွာဟာဆိုရင် မြို့နဲ့ အတော်အလှမ်းဝေးပြီး သွားလာဖို့ ခက်ခဲတဲ့ ရွာလေးဖြစ်ပါတယ်။ အဲဒီရွာကိုရောက်ဖို့ သံတောင်ကြီးမြို့ကနေ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ထိမြေနီလမ်းအတိုင်း အစွန်းထိအောင် သွားရင်တော့ရောက်ပါတယ်။ နွေရာသီဆိုရင်တော့ အဆင်ပြေပေမယ့်လို့ မိုးရာသီဆိုရင် လမ်းပန်းဆက်သွယ်ရေးက ခက်ခဲပါတယ်။ မိုးရာသီအတွင်း မြေသားလမ်းတွေ မကြာခဏပြိုတာမျိုးရှိတတ်ပါတယ်။ တောင်ငူမြို့နဲ့အတော်ဝေးတဲ့အတွက် ပညာရေးဝန်ထမ်းတွေ၊...

နေပူပူ တောင်ယာပြင်ထဲက ထွန်တုံးတိုက်ပွဲ

ကန္တာရဝတီတိုင်း(မ်)  နေပူပူ တောင်ယာပြင်ထဲမှာ လူဦးရေအယောက် ၃ဝ ကျော်ရှိတဲ့ တောင်သူလယ်သမားတွေဟာ ထွန်တုံးတိုက်ပွဲဆင်နွှဲပြီး တပ်သိမ်းမြေပြန်လည်ရရှိဖို့နဲ့ စိုက်ပျိုးရာသီအချိန်မှီ စိုက်ပျိုးနိုင်ရေးအတွက် အပူတပြင်းတောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်။ ဒီးမော့ဆိုမြို့နယ် ၆မိုင်စံပြကျေးရွာအုပ်စု၊ ဒေါဆိုရှေ့ကျေးရွာက တောင်သူလယ်သမားတွေပဲဖြစ်ပါတယ်။ သူတို့ဟာ လွိုင်ကော်မြို့နယ်ထဲက အမြောက်တပ် ၃၆ဝက သိမ်းဆည်းထားတဲ့ တောင်ယာမြေပေါ် စိုက်ပျိုးခွင့်ရဖို့အတွက် ထွန်တုံးတိုက်ပွဲကိုဧပြီလ ၂ဝရက်နေ့က ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေ့မှာ...

ပုံစံ(၇)မရှိသည့်တောင်သူများ ငွေချေးနိုင်ရန် ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းမည်

ကန္တာရဝတီတိုင်း(မ်) တိုင်းရင်းသားဒေသတွင် တောင်သူလယ်သမားများ ပုံစံ(၇)မရှိသည့်သူအတွက် ငွေချေးနိုင်ရန် ပြည်နယ်လွှတ်တော်တွင်အဆိုတင်သွင်းသွားမည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက ပြောပါသည်။ "ပြည်သူ့အသံအရင်ယူတာပေါ့ပြီးတော့မှ မူဝါဒချမယ်။ မူဝါဒချ ပြီးလို့ရှိရင် ပြည်သူကို ပြန်ချပြအုံးမယ်။ အဓိကကတော့တောင်သူလယ်သမားတွေ ဘဝမြင့်တင်ပေးဖို့ ဦးတည်ချက်ပဲ။"ဟု ဦးလှထွေးက မတ်လ ၁၂-၁၃ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတဝီကျေးရွာတွင် ကျင်းပပြုလုပ်သည့် ဒေသရင်းမျိုးစေ့၊ ဒေသအစားအစာများနှင့်...

ရွာပေါင်း ၂ဝအားထားရသည့် တိုက်နယ်ဆေးရုံဖွင့်လှစ်

ကန္တာရဝတီတိုင်းမ် လွိုင်ကော်မြို့နယ်၊ လောဓလေးတိုက်နယ် ၁၆ကုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်ပွဲကို ဧပြီလ ၂၂ရက်တွင် ဖွင့်လှစ်ခဲ့သည်။ “ တိုက်နယ်ဆေးရုံအင်္ဂါရပ်နဲ့အညီ ဆေးတွေပြည့်စုံအောင် ထားပေးထားတယ်။ ဒါပေမယ့် တကယ့်ကင်ဆာဆေးတို့၊ အရေပြားဆေးတို့လို ဈေးကြီးတဲ့ဆေးတွေတော့ စာရိတ်မျှပေးနဲ့ ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။ “ဟု ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာန ဒေါက်တာခင်မောင်ရင်က ပြောသည်။ လက်ရှိတွင် ဆေးရုံလိုအပ်ချက်၏ ၇၀%ကို...

ကယောအမျိုးသားနေ့တွင် လက်မှုပြိုင်ပွဲကျင်းပ

ရောကို ၁၅.၄.၂၀၁၉ ရက်နေ့ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်မှာ ကျင်းပတဲ့ (၅၁)နှစ်မြောက် ကယောအမျိုးသားနေ့မှာ လက်မှုပညာပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ကယောတိုင်းရင်းသားမျိုးနွယ်စုများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ကွယ်ရန် ရည်ရွယ်ပြီး ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့ ပြိုင်ပွဲဦးဆောင်သူလည်းဖြစ်၊ ကယောစာပေနှင့် ယဉ်ကျေးမှုကော်မတီလည်း ဖြစ်တဲ့ ဆရာမမိုဆူးက ပြောပါတယ်။ ပြိုင်ပွဲထဲမှာ ကြက်ခြင်းယက်ပြိုင်ပွဲ၊ ရိုးရာခေါင်းဖီးယက်လုပ်ပြိုင်ပွဲ၊...

မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ နယ်စပ်ကကျောင်း

ဦးမြာ ထုိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာတိုင်းရင်းသားဒေသကအမျိုးသမီးနဲ့ကလေးငယ်တွေခိုလှုံရာနေရာတစ်ခုုရှိပါတယ်။ အဲဒါကတော့Social Action for Children and Women လိုု့ခေါ်တဲ့ SAW Foundation ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ကအမျိုးသမီးနဲ့ကလေးစောင့်ရှောက်ရေးဂေဟာ SAW Foundation ဟာဆိုရင်မိဘမဲ့၊စွန့်ပစ်ခံ၊ထောင်လွှဲ၊လူကုန်ကူးခံရတဲ့ကလေးနဲ့အမျိုးသမီးတွေကိုကူညီစောင့်ရှောက်ပေးနေတာအခုဆို၁၉နှစ်ရှိပါပြီ။ အဲဒီမှာရောက်လာတဲ့ ကလေးတွေကို သူတို့ဘဝရေရှည်ရပ်တည်နိုင်ဖို့အတွက် ပညာရေးဆက်လက်သင်ယူနိုင်ဖို့ အဓိက စီစဉ်ပေးနေတယ်လို့ Advocacy fundraising Coordinator ဦးမင်းမင်းက...

Latest news

- Advertisement -spot_img