ကိုရယ် ဖရူဆိုမြို့နယ်၊ မိုဆိုအုပ်စု၊ မော်သီဒို ကျေးရွာနှင့် ခိုးဘာကျေးရွာရှိ ဒေသခံတို့၏ ထုံးတမ်းစဉ်လာအရ စောင့်ရှောက်လာခဲ့တဲ့ မြေနေရာများတွင် ဗိုလ်မှူးကြီးမိုးဟိန်းမှ မက်ကီဒေးမီးယားစိုက်ပျိုးရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် အသုံးပြုခွင့်လျှောက်ထားသည့်အပေါ်တွင် ဒေသခံတွေက ကန့်ကွက်ကြောင်း ပြောဆိုနေကြပါတယ်။ ဒီလိုလာလျှောက်ထားတဲ့အပေါ်မှာလည်း ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်မှုလည်း မရှိ၊ လျှောက်ထားတဲ့အထဲ့မှာ နေရာတိကျဖော်ပြထားခြင်းမရှိသောကြောင့် ဒေသခံများစိုးရိမ်နေရတယ်လို့ မော်သီဒိုကျေးရွာမှ ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်စူစန်းနာက အခုလိုပြောပါတယ်။ “ အကုန်လုံးကန့်ကွက်မယ်ပေါနော၊ မကန့်ကွက်လို့မရဘူး၊ ဘာဖြစ်လဲဆို ကျွန်မတို့ သားစဉ်မြေးဆက်အတွက် လုပ်စားကိုင်စားဖို့ နေရာလည်းမရှိဘူး သူတို့ ကျွန်မတို့ ပြည်သူလူထုကို ဗိုက်ခွဲသလိုမျိူးဖြစ်သွား မှာပေါ” လို့ ပြောပါတယ်။ မော်သီဒိုကျေးရွာအနီးမှာ မက်ကဒေးမီးယားပင်စိုက်ဖို့အတွက် ဗိုလ်မှူးကြီးမိုးဟိန်းက ဧက ၅၁.၂၆ […]

နော်ဒွေးအယ်ခူ ကယားပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအနက် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍဟာ အအောင်မြင်ဆုံးဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ကယားပြည်နယ် အစိုးရ၏ တတိယ(၁)နှစ်တာကာလအတွင်း လုပ်ဆောင်ချက်များထဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍသည် အောင်မြင်မှုအများဆုံးဟု ဝန်ကြီးချုပ်က ပြည်နယ်အစိုးရ၏ တတိယနှစ်စက်ဝန်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “အအောင်မြင်ဆုံးလုပ်နိုင်ခဲ့တဲ့ လုပ်ငန်းတစ်ခုကို ပြောရမယ်ဆိုရင် ကျတော်တို့ အစိုးရရဲ့ ၃နှစ်တာ ကာလအတွင်းမှာ ဆောင်ရွက်ခဲ့တာတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်။ ဒါကိုပဲ အလေးထားပြီးတော့မှ တစ်ပြည်နယ်လုံးအတိုင်းအတာအနေနဲ့  ကြိုးပမ်းဖော်ဆောင်တဲ့နေရာမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ကောင်းတဲ့အတွက်ကြောင့် ဟိုတယ်နဲ့ခရီး ကဏ္ဍက အော်တိုအောင်မြင်နေပါတယ်။ အအောင်မြင်ဆုံးသတ်မှတ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီ ၃နှစ်တာ ကာလအတွင်းမှာ အအောင်မြင်ဆုံးလုပ်ငန်းတစ်ခုကို ပြောမယ်ဆိုရင် […]