နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁ဝ နဲ့ တိုင်းကြားခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးထဲကတစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇွန်လ ၃ ရက်နေ့မှာ ချုပ်ရမန်ရယူပြီးနောက် လွိုင်ကော်အကျဉ်းထောင်ဆီ ပြောင်းရွှေ့ထိန်းသိမ်းခဲ့ပါတယ်။ လာမယ့် ၁ရ ရက်နေ့မှာ တရားရင်ဆိုင်ဖို့ ပြန်လည်ချိန်းဆိုုထားပါတယ်။ လူငယ် ၆ ဦးထဲက ဖမ်းဆီးခံရတဲ့လူငယ်တစ်ဦးမှာ ခူးကြူးဖဲကေး (ခ) ဂူဂူးဖြစ်ပြီး ဇွန်လ ၂ ရက်နေ့ ညနေပိုင်း ဖရူဆိုမြို့အသွားလမ်းမှာ ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ လွိုင်ကော်မြို့နယ်အတွင်းမှာရှိတဲ့ ဒေါမူကလား၊ ၃မိုင်ပကြဲ၊ လွယ်တမူ၊ မြေနီကုန်း စတဲ့ ကျေးရွာတွေက တောင်သူတွေ ထွန်ယက်စိုက်ပျိုးနေချိန်မှာ တပ်တာဝန်ရှိသူက လာရောက်တားဆီခဲ့ပါတယ်။ တောင်သူတွေက တပ်နဲ့ထိပ်တိုင်ရင်ဆိုင်နေရတာကြောင့် လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ လာရောက်ပြီး ဖြေရှင်းပေးတာတွေ လုပ်ပေမဲ့လည်း အုပ်ချုပ်ရေးမှူးအနေနဲ့ တောင်သူတွေအတွက် ကျန်းမာရေး၊ ပညာရေး စတဲ့အခက်အခဲတွေကို ပြည်နယ်အစိုးရနဲ့ ဒကစမှူးထံကို တင်ပြပေးဖို့သာ နည်းလမ်းရှိတယ်လို့ ပြောဆိုသွားတယ်လိုု့ တောင်သူတွေက ပြောပါတယ်။

ပင်ပလုပ်ငန်းရှင်တွေက မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်ကို ဖရူဆိုမြို့နယ် နေရာ ၄ နေရာအတွင်းမှာ လျှောက်ထားတဲ့အတွက် ဒေသခံတွေက လုံးဝသဘောမတူကြောင်း၊ လက်မခံနိုင်ကြောင်းနဲ့ ကန့်ကွက်ကြောင်းကို သက်ဆိုင်ရာဌာနဆိုင်ရာကို မေလ ၃၁ ရက်နေ့က ဥပဒေနည်းလမ်းအရ ကျေးရွာအသီးသီးက ရွာလုံးကျွတ် လက်မှတ်ရေးထိုးပြီး ကန့်ကွက်စာတင်ခဲ့ကြပါတယ်။

ကယားပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စွတ်ပိုင်ကုမ္ပဏီက ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာရှိတဲ့ ထီးဆိုဒူးရေဝေရေလဲ အမြဲစိမ်းသစ်တောမှာ ခရီးသွားလုပ်ငန်းလုပ်ဆောင်ဖို့ အစီအစဉ်ရေးဆွဲနေတာ နောက်ဆုံးအဆင့်ရောက်နေပါပြီ။ ကုမ္ပဏီဘက်ကတော့ ဒေသခံတွေရဲ့ ထောက်ခံမှုကို ၅ဝ ရာခိုင်နှုန်းလောက် ရရှိနေပြီလို့ ပြောပေမဲ့ လက်တွေ့ ဒေသခံတွေနဲ့ ကွင်းဆင်းတွေ့ဆုံရာမှာ ကန့်ကွက်မှုတွေ အများကြီး ကြုံတွေ့နေရဆဲ ဖြစ်တယ်လိုု့ သိရပါတယ်။ ထီးဆိုဒူးဟာ ကယားပြည်နယ်ရဲ့ တစ်ခုတည်းသော ရေဝေရေလဲထိန်းသိမ်းပေးတဲ့တော၊ တစ်ပြည်နယ်လုံးရဲ့ ရာသီဥတုကို မျှတအောင် ထိန်းသိမ်းပေးထားတဲ့တောလည်း ဖြစ်ပါတယ်။ အဲဒီတောထဲမှာ သစ်ပင်တွေရဲ့ လုံးပတ်မှာ ပေ ၃ဝ ပတ်လည်ရှိတဲ့ အဖိုးတန်သစ်တွေရှိပြီး သဘာဝအပင်တွေ၊ သီးပင်စားပင်တွေလည်း ပေါများလှပါတယ်။ သားရဲတိရစာ္ဆန်တွေ ပေါက်ဖွားနားခိုတဲ့တောကြီးတစ်ခုလည်း ဖြစ်ပါတယ်။ အခုချိန်မှာ အဲဒီတောအတွင်း သစ်ပင်တွေ […]

နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ တိုင်းကြားခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးထဲကတစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇွန်လ ၃ ရက်နေ့မှာ ချုပ်ရမန်ရယူပြီးနောက် လွိုင်ကော်အကျဉ်းထောင်ဆီ ပြောင်းရွှေ့ထိန်းသိမ်းခဲ့ပါတယ်။ လာမယ့် ၁၇ ရက်နေ့မှာ တရားရင်ဆိုင်ဖို့ ပြန်လည်ချိန်းဆိုထားပါတယ်။ လူငယ် ၆ ဦးထဲက ဖမ်းဆီးခံရတဲ့လူငယ်တစ်ဦးမှာ ခူးကြူးဖဲကေး (ခ) ဂူဂူးဖြစ်ပြီး ဇွန်လ ၂ ရက်နေ့ ညနေပိုင်း ဖရူဆိုမြို့အသွားလမ်းမှာ ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

ပြင်ပလုပ်ငန်းရှင်တွေက မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်ကို ဖရူဆိုမြို့နယ် နေရာ ၄ နေရာအတွင်းမှာ လျှောက်ထားတဲ့အတွက် ဒေသခံတွေက လုံးဝသဘောမတူကြောင်း၊ လက်မခံနိုင်ကြောင်းနဲ့ ကန့်ကွက်ကြောင်းကို သက်ဆိုင်ရာဌာနဆိုင်ရာကို မေလ ၃၁ ရက်နေ့က ဥပဒေနည်းလမ်းအရ ကျေးရွာအသီးသီးက ရွာလုံးကျွတ် လက်မှတ်ရေးထိုးပြီး ကန့်ကွက်စာတင်ခဲ့ကြပါတယ်။

ကယားပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စွတ်ပိုင်ကုမ္ပဏီက ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာရှိတဲ့ ထီးဆိုဒူးရေဝေရေလဲ အမြဲစိမ်းသစ်တောမှာ ခရီးသွားလုပ်ငန်းလုပ်ဆောင်ဖို့ အစီအစဉ်ရေးဆွဲနေတာ နောက်ဆုံးအဆင့်ရောက်နေပါပြီ။ ကုမ္ပဏီဘက်ကတော့ ဒေသခံတွေရဲ့ ထောက်ခံမှုကို ၅၀ ရာခိုင်နှုန်းလောက် ရရှိနေပြီလို့ ပြောပေမဲ့ လက်တွေ့ ဒေသခံတွေနဲ့ ကွင်းဆင်းတွေ့ဆုံရာမှာ ကန့်ကွက်မှုတွေ အများကြီး ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ထီးဆိုဒူးဟာ ကယားပြည်နယ်ရဲ့ တစ်ခုတည်းသော ရေဝေရေလဲထိန်းသိမ်းပေးတဲ့တော၊ တစ်ပြည်နယ်လုံးရဲ့ ရာသီဥတုကို မျှတအောင် ထိန်းသိမ်းပေးထားတဲ့တောလည်း ဖြစ်ပါတယ်။ အဲဒီတောထဲမှာ သစ်ပင်တွေရဲ့ လုံးပတ်မှာ ပေ ၃၀ ပတ်လည်ရှိတဲ့ အဖိုးတန်သစ်တွေရှိပြီး သဘာဝအပင်တွေ၊ သီးပင်စားပင်တွေလည်း ပေါများလှပါတယ်။ သားရဲတိရစ္ဆာန်တွေ ပေါက်ဖွားနားခိုတဲ့တောကြီးတစ်ခုလည်း ဖြစ်ပါတယ်။ အခုချိန်မှာ အဲဒီတောအတွင်း သစ်ပင်တွေ […]

ကိုရယ် ခလရ (၁၀၂)တပ်ရင်းက အသုံးမပြုပဲ သိမ်းဆည်းထားသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာဟောင်းကို စစ်တပ်က ခြံစည်းရိုးခတ်ထားလိုက်သည့်ကိစ္စကို ဖြုတ်သိမ်းပေးရန် ဒေသခံများက ပြည်နယ်အစိုးရအဖွဲ့ ထံ တောင်းဆိုတင်ပြထားသည်ဟု သိရသည်။ “ခြံစည်းရိုးခတ်တာတို့ တော့ တင်ပြတာပဲလေး။ သူတို့ရဲ့ သူတို့ဟာနဲ့သူတို့ သီးသန့်ဆောင်ရွက်နေတာပဲလေး။ ဒါပေမယ့်ဒါကိုတော့ ခရိုင်ကနေတော့ ခေတ္တရပ်ဆိုင်းပေးဖို့ အဲလောက်ပါပဲ။” ငွေတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းချိုက ပြောပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ က ငွေတောင်ရွာသို့ ဝန်ကြီးချုပ်ခရီးစဉ်အတွင်းမှာ သိမ်းဆည်းခံထားရသည့် ဒေသခံများက မြေပြန်လည်စွန့်လွှတ်ရန် ယခင်အစိုးရလက်ထက်ကပင် တောင်းဆိုတင်ပြထားသည့် ငွေတောင်ရွာဟောင်းကိစ္စ ရပ်ကို ယခုလို ခြံစည်းရိုးခတ်ပြီးလုပ်ငန်းပြန်လည်စတင်ခြင်းသည် လယ်ယာမြေဥပဒေနှင့် မကိုက်ညီကြောင်း၊ ပြည်နယ်အစိုးရမှ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ […]

ကယား(ကရင်နီ)တိုင်းရင်းသားမျိုးနွယ်စု အသီးသီးနေထိုင်ကြတဲ့ ကျေးရွာတိုင်းမှာ သူတို့သတ်မှတ်တဲ့ မြေအမျိုးအစားတွေ ရှိကြပါတယ်။ ကျေးရွာမြေ၊ ကျေးရွာပိုင်သစ်တော၊ သချိင်္ုင်းမြေ၊ လယ်မြေ၊ တောင်ယာမြေ၊ သစ်တောမြေ၊ ကာကွယ်တော၊ ရေကန်၊ ဥယျာဉ်ခြံမြေ၊ နတ်ထိန်းတော့၊ စားကျက်မြေ၊ ဂူ စတဲ့ မြေအမျိုးစားတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ မတူညီတဲ့စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသုံးပြုကြပါတယ်။ မြေယာအသုံးပြုမှုနဲ့ဆိုင်တဲ့ ဓလေ့ထုံးတမ်းတွေကို မျိုးဆက်သစ်တွေက ဆင့်ကဲဆင့်ကဲ မြေယာစီမခန့်ခွဲကြပါတယ်။ မျိုးနွယ်စုအလိုက် သို့မဟုတ် ကျေးရွာအလိုက် မတူညီကြတဲ့ ရိုးရာဓလေ့နဲ့ ဆိုင်တဲ့ မြေယာအသုံးပြုမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိကြတယ်။ ဥပမာ ဒီးမော့ဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းက ခူးပရာကျေးရွာတစ်ရွာတည်းကိုပဲ လေ့လာကြည့်ပါမယ်ဆိုရင် သူတို့ရွာမှာ ခူးပရာကျေးရွာရဲ့ အသက်မွေးဝမ်းကြောင်း၊ မြေယာအသုံးချမှုနှင့် ရိုးရာဓလေ့အရ မြေယာစီမံခန့်ခွဲမှု ကျေးရွာလူထုပူးပေါင်းပါဝင်တဲ့ […]

ကန္တာရဝတီတိုင်းမ် ကယားပြည်နယ်အစိုးရ၏ခွင့်ပြုချက်ဖြင့် စွတ်ပိုင်ကုမ္ပဏီမှ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးဆိုဒူးရေဝေရေလဲ အမြဲစိမ်းသစ်တောတွင် ခရီးသွားလုပ်ငန်းလုပ်ဆောင်ရန် အစီအစဉ်များ ရေးဆွဲနေကြသည်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ခရီးသွားလုပ်ငန်းကုမ္ပဏီမှ ထီးဆိုဒူးတွင် လုပ်ဆောင်မည့် လုပ်ငန်းများမှာ ရုံးခန်းဆောက်လုပ်ခြင်း၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ မြင်းစီးစခန်း၊ ရေလွှာလျှောစီး၊ အလှသစ်ပင်စိုက်ပျိုးခြင်း၊ မီးတားလမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ကားလမ်းဖောက်လုပ်ခြင်း၊ ရွှေ့ပြောင်းနိုင်သော ဘန်ဂလိုများ တည်ဆောက်ခြင်း၊ ရေချိုးကန်(ပူ/အေး)၊ သန့်စင်ခန်းများ၊ ဂေါက်ကွင်းငယ်၊ အဝေးကြည့်မှန်ပြောင်းစခန်း၊ အရံမီးစခန်း၊ ကားပါကင်၊ Mini-mart ၊ သစ်တောပျိုးဥယျာဉ်နှင့် သစ်တောဥယျာဉ်တည်ဆောက်ခြင်း၊ တိရစာ္ဆန်ဥယျာဉ်တည်ဆောက်ခြင်းနှင့် ယက္ကန်းနှင့် အထည်ရောင်းချခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီးကုမ္ပဏီမှ ဒေသခံများအတွက် လျာထားသည့်သင်တန်းများမှာ အင်္ဂလိပ်စာသင်တန်း၊ စာရင်းကိုင်သင်တန်း၊ ဖွံ့ဖြိုးရေးသင်တန်းများ၊ ဟိုတယ်လုပ်ငန်းများ […]