၂၀၁ဝ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သော ဒေသလွှတ်တော်များသည် ထိုအချိန်အခါ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများဖြင့်သာ ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသော ဒေသအစိုးရအဖွဲ့ရုံး ဝန်ထမ်းများမှာလည်း ထွေအုပ် ဝန်ထမ်း များပင် ဖြစ်ပေသည်။ ထိုအချိန်အခါကတည်းက အစိုးရ၊လွှတ်တော်နှင့် ထွေအုပ် ဌာနသုံးခုစလုံးကို ထွေအုပ်ဝန်ထမ်း များဖြင့်သာ ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။ ၂၀၁၃ ခုနှစ်တွင် ထွေအုပ် အကြီးအကဲကို ဒုညွှန်ချုပ် ရာထူးတိုးမြှင့်ကာ ဒေသလွှတ်တော်ရုံးအကြီးအကဲနေရာတွင်လည်း ထွေအုပ် ညွှန်မှူးများဖြင့် ဝန်ထမ်းရေးရာများ လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပေသည်။  ဒေသအဆင့်တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူးရှိသော ဌာနမှာ အနည်းငယ်ပင် ရှိပေသည်။ အများစုမှာ […]

နော်ဒွေးအယ်ခူ နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှကရင်နီလူငယ် ၆ ဦးကို တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး လူငယ်၆ယောက်နှင့်အတူ ရပ်တည်ကြောင်း ကရင်နီလူငယ် ခွန်ဘားနက်ဒ်ဘုတ်က ပြောသည်။ ၎င်းက “ အဓိကတော့ ဒီစာကြောင့် ကျတော်တု့ိလူငယ် ၆ ယောက်ကို တရားစွဲတယ်လို့ သိရတယ်။ ကျတော်တု့ိ လူငယ်၆ယောက်နဲ့ အတူ ရပ်တည်တယ်ဆိုတာ ပြသခြင်းဖြစ်တယ်။ နောက်တစ်ခုက ထုတ်ပြန်တဲ့ထဲမှာ ထပ်ဖြည့်တာက  လူငယ်၆ယောက် ရေးထားတဲ့ စာသားအောက်မှာပဲ ကြေးရုပ်ရွှေ့ပြောင်းရေးကိုပဲ ကျတော်တို့အနေနဲ့ ဆက်လက် တိုက်တွန်းသွားမယ်ဆိုတဲ့တစ်ခုကိုပဲ ထုတ်ထားတယ်” ဟုပြောသည်။ ယခင် လူငယ် ၆ ဦး ထုတ်ပြန်ထားသည့်အချက်များအပြင် ကန္ဒာဟေဝန် […]

ဒွေးအယ်ခူ ကယားပြည်နယ်ရဲ့ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် အောင်ချက် တနိုင်ငံလုံးအတိုင်းအတာဖြင့် ၂၇.၉၆ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်းပိုများကြောင်း ကယားပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ ယခင် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၆၆၄ဝဦး ရှိသည့်အနက် အောင်မြင်သူ ၁၆၇၅ ဦးရှိခဲ့ပြီး ၂၅.၂၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ကယားတစ်ပြည်နယ်လုံးရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ  စုစုပေါင်း ၇၃၈၈ ဦးရှိသည့်အနက် အောင်မြင်သူ ၂၀၆၆ ဦး ရှိပြီး အောင်ချက် ရာခိုင်နှုန်း ၂၇.၉၆ ရှိကြောင်း ကယားပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ ယခု လွိုင်ကော်မြို့နယ်ရှိ ကျောင်းပေါင်း၂၁ကျောင်းနှင့် ကျောင်းပြင်ပဖြေဆိုသည့် ဦးရေ ၄၂၄ရ ဦးရှိသည့်အနက် အောင်မြင်သူ ၁၃၀၈ […]