ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းလုပ်ငန်းမှာ မြေပြိုနိုင်တဲ့ အန္တရာယ်ဇုန်ရှိနေပေမဲ့လည်း ခဲကျင်းလုပ်ငန်းတွေ ဆက်လက်လုပ်ကိုုင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရှိရပါတယ်။ အန္တရာယ်ဇုုန်တွေကတော့ မော်ချီးဒေသရဲ့ အောင်ချမ်းသာရပ်ကွက်နဲ့ ရတနာအောင်မြေရပ်ကွက်မှာ ၅ နေရာ၊ ယူကော်ခို(၁၃)ကုန်းမှာ ၃ နေရာ စုစုပေါင်း ၈ နေရာ ရှိပါတယ်။ ဒေသခံတွေအနေနဲ့လည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်နေကြတဲ့သူတွေအတွက် လုပ်ငန်းလုပ်ကွက်တွေကို အန္တာရယ်ကြားက ဆက်လက်လုပ်ကိုင်နေကြသေးတယ်လို့ မော်ချီးဒေသခံ နော်လူဒီး က ပြောပါတယ်။

ကယားပြည်နယ်ရှိ ကျေးလက်ဒေသက အမျိုးသမီးအများစုုဟာ ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ကျလေ့ရှိတဲ့အကြောင်းရင်းက ဘာများပါလဲ။

နော်ဒွေးအယ်ခူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဟိန်ဓ္မရပ်ကွက် ဧလာစိုက်ကွင်းနှင့် ညောင်ပင်သာကွင်းရှိ စိုက်ခင်းအချို့တို့၌ ငမြှောင်တောင်ပိုးများ ကျရောက်နေပြီဖြစ်ကြောင်း ဖယ်ခုံမြို့ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်သင်းသက်ထက်က ပြောသည်။ ၎င်းက ’’၁၀ဝနီးပါး ပိုးကျရောက်တယ်။ အခုချိန်ထိတော့ ထိခိုက်တာနဲ့ ပျက်စီးတာ တွက်လို့မရသေးဘူး။ ပိုးဆေးတော့ ဖြန်းထားတယ်။ အနီးအနားက ပတ်ဝန်းကျင်က တောင်သူတွေကိုလည်း ဖြန်းဖို့ပြောပေမယ့် အဲနားက ပိုင်တဲ့သူတွေက တစ်ယောက်ကို ၁၅ဧက ၃ဝ ဆေးဖိုးတအားများတယ်ပေါ့။ ကျမတို့ဌာနကလည်း တတ်နိုင်တဲ့ဖက်က သူတို့ကို နည်းပညာကော ဆေးကော ပံ့ပိုးပေးမှာပေါ့နော” ဟု ဆိုသည်။ ဇွန်လ ၁၂ ရက်နေ့တွင် ဖယ်ခုံစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ငမြှောင်တောင်ပိုးကျနေသော စိုက်ခင်းများကို လိုက်လံစစ်ဆေးခဲ့ပြီး ယခင်နှစ်ထက် ပိုစောကျကြောင်း […]

ကျေးလက်ဒေသက အမျိုးသမီးအများစုဟာ ဘာကြောင့် ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်စောကျကြတာလဲ

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ လွိုင်ကော်မြို့နယ်အတွင်းမှာရှိတဲ့ ဒေါမူကလား၊ ၃မိုင်ပကြဲ၊ လွယ်တမူ၊ မြေနီကုန်း စတဲ့ ကျေးရွာတွေက တောင်သူတွေ ထွန်ယက်စိုက်ပျိုးနေချိန်မှာ တပ်တာဝန်ရှိသူက လာရောက်တားဆီခဲ့ပါတယ်။ တောင်သူတွေက တပ်နဲ့ထိပ်တိုင်ရင်ဆိုင်နေရတာကြောင့် လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ လာရောက်ပြီး ဖြေရှင်းပေးတာတွေ လုပ်ပေမဲ့လည်း အုပ်ချုပ်ရေးမှူးအနေနဲ့ တောင်သူတွေအတွက် ကျန်းမာရေး၊ ပညာရေး စတဲ့အခက်အခဲတွေကို ပြည်နယ်အစိုးရနဲ့ ဒကစမှူးထံကို တင်ပြပေးဖို့သာ နည်းလမ်းရှိတယ်လို့ ပြောဆိုသွားတယ်လို့ တောင်သူတွေက ပြောပါတယ်။