နော်ဒွေးအယ်ခူ ပြည်နယ်အစိုးရမှ ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သည့် ကရင်နီလူငယ် ၆ဦးကို ဖမ်းဆီးပြီး ပထမဆုံးအကြိမ် လွိုင်ကော်ခရိုင် တရားရုံး၌ ဇွန်လ ၂၄ ရက်နေ့တွင် စတင်စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။ တရားစွဲဆိုခံရ ကရင်နီလူငယ်တစ်ဦး ခွန်းသောမတ်စ်က “ဒီနေ့ကတော့ ကျတော်တို့ ပထမ ရုံးချိန်းနေ့ဖြစ်ပါတယ်။ဆိုတော့ ဒီအတွက်က ကျတော်တို့ အများကြီးပြောစရာမရှိပါဘူး။ NLD အစိုးရနဲ့ ပတ်သက်လို့ ကျတော်တို့ပြောစရာတစ်ခုရှိပါတယ်။ အဲဒါ ဘာလဲဆိုရင်တော့ ကျတော်တို့ ကရင်နီသမိုင်းမှန်ဖော်ထုတ်ရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ အခု တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ ဒါ မျှတမှုလုံးဝမရှိဘူးဆိုတဲ့အကြောင်းကို ကျတော်တို့ ပြောချင်တယ်”ဟု ပြောဆိုသွားပါသည်။ ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အဆင့်တွင် ပြည်သူကနေ ရွေးခြယ်တင်မြောက်လိုက်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး နှင့် ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ်တို့ ၁ဦးသည် ပြည်သူမှ လိုအပ်ချက်များကို ပြည်နယ်လွှတ် တော်တွင် မေးမြန်းခြင်း၊ အဆိုပြုခြင်း စသည့်အခွင့်အရေးများရရှိပါလျက်နှင့် ပြည်သူ့  ဘဏ္ဍငွေကို စားပြီး ပြည်သူလိုအပ်ချက်များအတွက် အလုပ်မလုပ်သည့် ကိုယ်စားလှယ်များရှိနေသည်။ ၎င်းအခြေအနေများနှင့် ပတ်သက်ပြီး (၃)နှစ်တာကာလအတွင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆို/မေးခွန်းများအရေအတွက် နှင့် ကတိကဝတ်ပြုခဲ့သည့် အခြေအနေများကို အောက်ပါတွင် လေ့လာသုံးသပ်ထားပါသည်။  ပြည်နယ်အစိုးရ၏ ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေများ၊ ဆောင်ရွက်ဆဲများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကယားပြည်နယ်လွှတ်တော်ရုံးမှ အချက်အလက်အရ သုံးသပ်တင်ပြသွားခြင်းဖြစ်သည်။ ပြည်နယ် အစိုးရ အဆိုများထဲမှ ၈၆ ရာခိုင်နှုန်း ကတိကဝတ်ပြုခဲ့ လွှတ်တော်ကိုယ်စားလှယ်များအဆိုတင်သွင်းခဲ့သည့်အပေါ် […]

ကန္တာရဝတီတိုင်း(မ်) ဇွန်လ ၂၁ ရက်နေ့သည် ကရင်နီအမျိုးသားနေ့ဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပရှိ ကရင်နီအမျိုးသားများက အမျိုးသားနေ့အခမ်းအနားကို ကျင်းပလျက်ရှိကြပါတယ်။ ယခုဆိုလျှင် ၁၄၄ နှစ်မြောက်ရှိပြီး ဖြစ်သော်လည်း ပြည်တွင်းတွင် နေထိုင်ကြသည့် ကရင်နီအမျိုးသားအများစုသည် ၎င်းနေ့ထူးနေ့မြတ်ကို သိရှိခွင့်၊ လေ့လာခွင့်မရရှိခဲ့ကြပေ။ ၂၀၁၃ခုနှစ်မှာမှစပြီးတော့ ဒီးမော့ဆိုမြို့နယ် ဆိုဘောသဲရွာမှာ စတင်ပြီးတော့ စည်ကားသိုက်မြို့က်စွာ ကျင်းပခဲ့ကြပါတယ်။ အဲဒီချိန်တုန်းကတော့ ပြည်နယ်အစိုးရအပါအဝင် ၊ ပြည်ထောင်စုအစိုးရကော ၊ တပ်ပိုင်းဆိုင်ရာ ထိပ်ပိုင်းအရာရှိတွေကော တက်ရောက်အားပေးခဲ့ကြပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ ပြည်နယ်အစိုးရ တက်ရောက်လာတာ မတွေ့ရပါဘူး။ ဒီလိုအခြေအနေအထားနဲ့ လက်ရှိ သမိုင်းအပေါ် ကြုံတွေ့နေကြရခြင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ခူပလုရယ်အား ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြထားပါသည်။ မေး […]