ကရင်နီသူရေးသားသည်။ ကယန်းရိုးရာစောင်တစ်ထည်ကို ယက်လုပ်တော့မယ်ဆိုရင် အရင်ဆုံးလုပ်ဆောင်ရမှာက ဝါပင်ကထွက်ရှိတဲ့ ဝါဂွမ်းတွေကို ချည်ဖြစ်အောင် ငင်ရပါတယ်။  ချည်ငင်တဲ့နေရာမှာ ဗိုင်းကိုအသုံးပြုပါတယ်။ ဗိုင်းငင်ပြီး ချည်ချောင်းလေးတွေ ထွက်လာပြီဆိုရင် တော့ ချည်တွေကို အဖုံလိုက်စုထားရပါတယ်။ ရိုးရာစောင်တစ်ထည်မှာ ချည်ဖြူ ၄ ဖုံလိုအပ်ပါတယ်။ ချည်ဖြူ ၄ ဖုံနဲ့ အခြား အဖြူရောင်ကြားမှာထည့်ဖို့ အခြားအရောင်( အနီ၊ အစိမ်း၊ အပြာ၊ ပန်းရောင်..စသည်ဖြင့်) ထပ်ထည့်ရပါတယ်။ ရိုးရာစောင်တစ်ထည်ရဲ့ အစိတ်အပိုင်းတွေအားလုံးမှာ အခက်ခဲဆုံးအပိုင်းကတော့ ချည်ငင်တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချည်တွေကို ဗိုင်းနဲ့ငင်တဲ့နေရာမှာ ဝါဂွမ်းကိုလက်ချောင်းလေးတွေနဲ့ ကိုင်ပြီး မှန်းရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ လက်တစ်ဖက်က ဗိုင်းကိုငင်ပြီး အခြားတစ်ဖက်က ဝါဂွမ်းလေးကိုင်ရပါတယ်။  ဒီနေရာမှာ လက်ချောင်းလေးတွေက […]

ကန္တာရဝတီတိုင်း(မ်) အခြေခံပညာစာသင်ကျောင်းတချို့များတွင် တိုင်းရင်းသားစာပေသင်ကြားရာမှာ ကျောင်းအုပ်ဆရာ/မ များနှင့် မိဘများက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည့်အတွက် သင်ကြားရေးအပိုင်းတွင် အခက်အခဲဖြစ်စေသည်ဟု ကယောတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ တာဝန်ခံ ဒေါ်အော်လေးဗီယာက ပြောပါသည်။ “ညွန်ကြားချက်ပါမှ၊ ညွန်ကြားစာပါပြီလား၊ ညွန်ကြားလာမှစတာမျိုးတွေရှိတယ်။ တချို့ကလည်း သိပ်ပြီးတော့ သူတို့သဘောမကျတာမျိုးတွေရှိတယ်။ အချိန်တွေ မပေးချင်တာရှိတယ်။ စာသင်ခန်းတွေ ပေးမသုံးချင်တာမျိုးရှိတယ်။ မြေဖြူတို့ကအစ၊ သင်ပုန်းကအစ ကိုယ့်ဟာကိုယ်ယူလာ ဆိုတာမျိုးတွေပေါ့။” ဟု ဒေါ်အော်လေးဗီယာက ပြောပါသည်။ တိုင်းရင်းသားစာပေကို ကျောင်းဆင်းချိန်တွင် သင်ကြားနေရသေးသည့်အတွက် မိဘများက ၎င်းတို့၏ သားသမီးကို တိုင်းရင်စာပေသင်ကြာရေးအပိုင်း စိတ်မဝင်စားပဲ ကျူရှင်ကိုသာ ဦးစားပေးနေသည့်ကိစ္စသည်လည်း အခက်အခဲ တခုဖြစ်စေသည်ဟု ဆိုပါသည်။ “ကျမတို့က အပိုလုပ်ပြီးတော့ တိုင်းရင်းသားစာပေကိုလုပ်နေတာမဟုတ်ဘူး။ လူမျိုးမပျောက်ဖို့ လုပ်နေတာပါ။ […]

နော်ဒွေးအယ်ခူ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်နယ်အနေဖြင့် လူနေထူထပ်ဆုံး လွိုင်ကော်မြို့ပေါ်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား H1N1 ကာကွယ်ဆေးကို ဒေသန္တရ ကျန်းမာရေးဌာနမှာ ထိုးနှံပေးခဲ့သည်။ လွိုင်ကော်မြို့ပေါ်ရှိ (၁၉)ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင် ၅၀ဝကျော်ကို ကာကွယ်ဆေး အခမဲ့ထိုးပေးခဲ့ပြီး မြို့ပေါ်လူနေထူထပ်မှုကြောင့် အခြားမြို့နယ်များထက် ဦးစားပေးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကူးစက်ရောဂါနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထွန်းနေဝင်းက ပြောသည်။ “ကာကွယ်ဆေးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေပဲ ထောက်ပံ့တာပါ။ အဲဆေးက ထပ်မံရောက်ရှိလာပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေထိုးပြီးတဲ့အတွက်ကြောင့် ဘယ်သူူ့ကိုထိုးမလဲဆိုပြီးတော့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရဲ့ ညွှန်ကြားချက်ကိုခံယူပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို ထိုးနှံဖို့ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးလုံလောက်မှု၊ ရရှိမှုအပေါ်မူတည်ပြီးတော့ ကျတော်တု့ိ လွိုင်ကော်မြို့ပေါ်က (၁၉)ရပ်ကွက်ကို ရွေးချယ်ခဲ့ပါတယ်။ အဓိကဦးစားပေးရွေးချယ်ရတဲ့ အကြောင်းအရင်းက မြို့ပေါ်လူနေထူထပ်မှုဟာဆိုရင် […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်လွှတ်တော်အနေဖြင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးဆိုင်ရာ စုငွေ၊ ချေးငွေ အခက်အခဲများ ဖြေရှင်းနိုင်မည့် ဥပဒေပေါ်ထွက်လာနိုင်ရေး ဥပဒေမူကြမ်းကို ရေးဆွဲနေသည်ဟု ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ ဒါရိုက်တာ ကိုကျော်ဝဏ္ဏအောင်က ပြောသည်။ “အခက်ခဲတွေ ဖြေရှင်းလို့ရအောင်ဆိုပြီးတော့မှ ဒီ၂၀၁၈ ထဲမှာ နည်းနည်းပြင်ဆင်ကြတာပေါ့။ အစီအစဉ်(plan) တွေဆွဲထားပြီးတော့ ၂၀၁၉ ထဲမှာက ကျတော်တို့ သုသေတန(research) စပြီးလုပ်ကြတယ်ပေါ့နော။” ဟု ကိုကျော်ဝဏ္ဏအောင်က ပြောပါသည်။ ၂၀၁ရခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကယားပြည်နယ် လွှတ်တော်နှင့် တောင်သူလယ်သမားများ တွေ့ဆုံပွဲတွင် တောင်သူများက မိမိတို့တောင်ယာမြေများသည် ပုံစံ(၇)များမရှိသည့်အတွက် စိုက်ပျိုးရေး ချေးငွေယူရန် အခက်အခဲရှိသည့်အကြောင်း တင်ပြခဲ့ကြခြင်းဖြစ်သည်။ ထိုမှတဆင့် တောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ စုငွေ၊ […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အစိုးရ၏ ဒေသန္တာရအမိန့်ကြောင့် ပြည်နယ်အတွင်းတွင် ဌာနေတိုင်းရင်းသားတို့၏ စာပေနှီးနှောဖလှယ်ပွဲဆက်လက်ကျင်းပရန် အစီအစဉ်မရှိတော့ကြောင်း ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူဆရားညွန့်ရယ်က ပြောပါသည်။ “မလုပ်ချင်တော့တာ လုပ်မယ်ဆိုလည်း ဒီကယားပြည်နယ်မှာမလုပ်တော့ဘူး တခြားနေရာမှာပဲလုပ်မယ်။ တခြားပြည်နယ်မှာလုပ်မယ်။ တောင်ငူမှာလား၊ ရှမ်းတောင်မှာလားပေါ့။ ဒီမှာက အဆင်မှမပြေတာ။ လုပ်မယ်ဆိုဘယ်သူတွေပါမလဲ။ ဘယ်သူတွေပါတွေဆွေးနွေးကြမလဲ။ ဘယ်နှစ်ယောက်တက်ရောက်မလဲဆိုတဲ့ ဆိုတဲ့အသေးစိတ်တွေသူတို့တောင်းတယ်။ ဒါတွေက ကျနော်တို့ပေးစရာမလိုဘူးလေး။” ဟု ဆရာညွန့်ရယ်က ပြောပါသည်။ ပွဲအစီအစဉ်များကြိုတင်အသိပေးခြင်း၊ ခွင့်ပြုမိန့်ကြိုတင်တောင်းခံခြင်းစသည့် မလိုအပ်သည့် ကယားပြည်နယ်အစိုးရ၏ ဒေသန္တာရအမိန့်ထုတ်ပြန်ထားသည့်အချက်များက ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို အဟန့်အတားဖြစ်စေသည်ဟု ဆိုပါသည်။ “တကယ်ဆိုရင် ခံစားရတာပေါ့ဗျား၊ ကိုယ်က အရှိန်အဟုန်နဲ့ပြေးနေတဲ့အခါ ကျောက်တုံးနဲ့ခုလိုက်တော့ တွန့်သွားတာပေါ့။ တွန့်သွားတော့ ဆက်ရမယ့်ခရီးက ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်သွားတာပေါ့။” ဟုဆရာညွန့်ရယ်က ဆက်ပြောပါသည်။ […]

“အဓိက တပ်လှုပ်ရှားသွားလာမှုတို့ ပြောဆိုမှုတို့ ယုံကြည်မှုကို ထိခိုက်စေမယ့် အပြုအမူတွေပေါ့ ကျတော်တို့ဖက်က စိုးရိမ်မှုတွေ တင်ပြခဲ့တယ်။” နော်ဒွေးအယ်ခူ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)သည် ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဇူလိုင်လ ၁ရ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် တပ်မတော် ကိုယ်စားလှယ်တို့နှင့်လည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ရက်သာအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် သဘောတူဆုံးဖြတ်ချက် ရလဒ်များအခြေအနေကို ကန္တာရဝတီတိုင်း(မ်)မှ KNPP ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးကို တွေ့ဆုံမေးမြန်းထားသည့် အကြောင်းအရာများကို တင်ပြလိုက်ရပါသည်။ မေး။ ။ ငြိမ်းချမ်းရေးတွေ့ဆုံ […]

ကန္တာရဝတီတိုင်းမ် လက်ရှိကယားပြည်နယ်အတွင်းတွင် စစ်တပ်ဘက်မှ တပ်စခန်းတိုးချဲ့ နေထိုင်လာမှုသည် ဒေသခံတွေအတွက် ခြိမ်းခြောက်ထိတ်လန့်မှုများဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်မည်ကို စိုးရိမ်မှုများရှိနေကြသည်။ ထို့အပြင် မြေလွတ်မြေလပ်၊မြေရိုင်းဥပဒေကြောင့် နောက်ဆက်တွဲ ပြည်သူလူထုများသည် ဘိုးဘွာစဉ်ဆက်က လုပ်ကိုင်စားလာသည့် မြေယာကိုဆုံးရှုံးနေကြရခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် တည်ထားပြီးနောက် ကရင်နီလူငယ်ကို အစိုးရက ပြန်တရားစွဲခြင်း စသည့် ပြည်နယ်၏ ပဋိပက္ခများသည် ငြိမ်းချမ်းရေးကို တနည်းတဖုံ အကျိုးသက်ရောက်လာစေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်ပြောဆိုနေကြပါသည်။ ထိုအကြောင်းအရာများကို ပြည်နယ်အစိုးရအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်ဆောင်ရွက်သည့်နေရာတွင် မည်ကဲ့သို့ အခြေအနေကြုံတွေ့နေရကြောင်းကို ကန္တာရဝတီတိုင်းမ်မှ ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာပံ့ပိုးသူ ဆရာမာတီးယာနဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ပြပေးလိုက်ပါသည်။ မေး။ ။ ကယားပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆရာတို့အနေနဲ့ ဘာပြောချင်လဲ။ […]

နော်ဒွေးအယ်ခူ မယ်စဲ့မြို့ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် BP-13 ဖွင့်နိုင်မှသာ ကယားပြည်နယ်၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း တိုးတက်လာမည်ဖြစ်ကြောင်း ဒုသမ္မတဦးဟင်နရီဗန်ထီးယူက ကယားပြည်နယ်သို့လာရောက်ခဲ့သည့် ခရီးစဉ်တွင် ပြောသွားသည်ဟုသိရသည်။ “ အဲဒီလမ်းကြောင်းဖွင့်လာပြီဆိုလို့ရှိရင် ကျတော်တို့ ကယားပြည်နယ်ခရီးသွားလုပ်ငန်း အင်မတန်မှ အားရတိုးတက်လာမှာဖြစ်ပါတယ်။ ဒါသည် ကယားပြည်နယ်အတွက် အင်မတန်မှ ကယားပြည်နယ်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီးတော့မှ ခရီးသွားလုပ်ငန်းဟာ အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် ဒါကို အလေးပေးပြီးတော့မှ အကြောင်းပြပြီးတော့မှ လာရောက်ခြင်းဖြစ်ပါတယ်။” ဟု ဒုသမ္မတက ပြောသည်။ ကယားပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ပြီး ကြည့်ရှုစစ်ဆေးရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော အဖွဲ့သည် ဇူလိုင်လ ၁၄ရက်နေ့၊ ပြည်နယ်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ […]

နော်ဒွေးအယ်ခူ ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေးသံသယရှိသူနှစ်ဦးကို စစ်ဆေးရာမှ H1N1 Positive ဖြစ်ကြောင်းတွေ့ရှိရပြီး ၎င်းဆေးရုံကြီးတွင်ကုသနေကြောင်း ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးဒေါက်တာဌေးလွင် ကပြောသည်။ “လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ တက်လာတဲ့လူနာပေါ့မောင်လင်းသစ်အောင် ၈လပဲရှိပါသေးတယ် ပန်ကန်းစိုက်ကွင်း(၃)ကကလေးကစပြီးဖျားတယ်ချောင်းဆိုးတယ် အသက်ရှုကြပ်တယ်။၄ရက်ရလကဖြစ်တယ်ဆေးရုံရောက်လာတာ ရရက်နေ့ရောက်တယ်။ ရောဂါကတိုးတက်ပြီးကောင်းမလာဘူးနဂိုကတည်းကကလေးက ခနခဏပန်းနာရင်ကြပ်တယ်။ မွေးဖွားစဉ်အခါကလည်းပေါင်မပြည့်ဘဲ မွေးတဲ့ကလေးဖြစ်တယ်။ ၁၂ရက်နေ့ကျကလေးအထူးကု ဆရာဝန်ကြီးကစိတ်ထဲမှာH1N1 သံသယဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ဆေးချက်ယူပြီးဓာတ်ခွဲခန်းပို့လိုက်တဲ့အခါမှာအဖြေက Influenza A(H1N1)pdm09 တွေ့တယ်ဆိုပြီးတော့မှ ၁၃ရက်နေ့က အီးမေးလ်ကနေအမျိုးသား ဓာတ်ခွဲခန်းကပြန်ပို့လာပြီးရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုတယ်” ဟုဒေါက်တာဌေးလွင်ကပြောသည်။ တွေ့ရှိရသည့်လူနာများမှာ၁၂နှစ်အောက် အရွယ်ကလေးများဖြစ်ပြီး ကျန်တစ်ဦးမှာလွိုင်ကော်မြို့နာနတ်တောရပ်ကွက်တွင်နေထိုင်သည့် ၁၁နှစ်အရွယ်မောက်ဖြတ်ဆိုသူဖြစ်ပြီး အိမ်တွင်နေမကောင်းဖြစ်ရာမှမသက်သာသည့်အတွက် ၉ရက်နေ့တွင်ဆေးရုံတက်ခဲ့ရာရောဂါ စစ်ဆေးတွေ့ရကြောင်း၎င်းက ဆိုသည်။ H1N1 ရာသီတုပ်ကွေးရောဂါတွေ့ရှိမှုနှင့် ပတ်သက်ပြီးပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဇူလိုင်လ၁၄ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အထက်ပါအတိုင်းပြောသွားခဲ့ခြင်းဖြစ်သည်။ H1N1 Positive တွေ့ရှိသည့်ကလေးများကိုကလေးကုသဆောင်တွင် ဆရာဝန်များ၊သူနာပြုများမှသီးခြား ကုသစောင့်ကြည့်နေပြီးလက်ရှိတွင်ကလေးများ၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်နေကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ဒေါက်တာ စိန်စိန်ထံမှသိရသည်။ “တအားကြောက်စရာလည်းမလိုဘူး။ မကြောက်ဘဲနဲ့လည်းနေလို့မရပါဘူး။ ကျန်းမာရေးအသိရှိရှိနဲ့တစ်ကိုယ်ရေသန့်ရှင်းရေး၊ […]