ကရင်နီသူ ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များ ၃၀ဝ ခန့် တစ်ပတ်အတွင်း ၎င်းတို့နေရပ်သို့ အစိုးရအစီအစဉ်ဖြင့် ပြန်လာကြရာ ကယားပြည်နယ်မှ ဒုက္ခသည် ၂၃ ဦးပါရှိကြောင်း သိရသည်။ ̏ ထိုင်းအစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ UNHCR နဲ့ သူတို့ကူညီဆောင်ရွက်ပေးတာရှိတယ်။ ပြန်တာတော့ BP 13 ပေါ့ တရားဝင်ဖွင့်ထားတဲ့ BP 13 လမ်းကြောင်း တကယ်လို့ သူတို့ပြန်မယ်ဆိုလို့ရှိရင် 13 အထိကို ထိုင်းအာဏာပိုင်တွေက အဲထိလာပို့ပေးတယ်။ ဒီဘက်ကနေဆိုလို့ရှိရင် အစိုးရရှိမယ်။ အဓိကတော့ လဝက ရှိမယ်။ ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေရှိမယ်။ ˝ ဟု ကေအဲန်ပီပီ အရံဗဟိုကော်မတီဝင် တာဂေချိုင်းက ပြောသည်။ ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှ […]

ကန္တာရဝတီတိုင်း(မ်) မြန်မာ့တပ်မတော်မှ ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ တောင်သူများကို အမှုဖွင့်တိုင်ကြားခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများပြုလုပ်ထားသည့်အပေါ် တောင်သူများက အသနားခံတင်ပြထားသည့်အတွက် ဖြေလျော့ပေးနိုင်ရန် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက တောင်းဆိုလိုက်ပါသည်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဥက္ကဌ ဦးဖိုးရယ်က “သူတို့စာတင်တာက တကယ့်တောင်သူတွေရဲ့ ခံစားချက်ပေါ့။ သူတို့က လုပ်ပြီးပြီ ဒါပေမယ့် ပြသနာတက်လာတော့ သူတို့ မဆုံးရှုံးချင်ဘူး။ ဒါပေမယ့် အခုလိုဖမ်းဆီးအရေးယူလာတော့ သူတို့အနေနဲ့ ဖမ်းဆီးအရေးယူတာတွေ ဖြေလျော့ပေးဖို့ပေါ့။ ဒါကြောင့် သူတို့ ဆန္ဒကို ပြန်လှည့်ကြည့်ပေးဖို့ပေါ့။ သူတို့အတွက်ပေါ့။” ပြောပါသည်။ ကယားပြည်နယ်အတွင်းရှိ မြေယာ ပြသာနဖြစ်ပွားနေသော ကျေးရွာများမှ ရပ်မိရပ်ဖများက အရှေ့ပိုင်းတိုင်းတိုင်းမှူးနှင့် ဒ.က.စ မှူးထံ သို့ အသနားခံစာကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ […]

နော်ဒွေးအယ်ခူ ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့တွင် ဇွန်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် “လှပသော ကျွန်ုပ်တို့၏ ရိုးရာဓလေ့ကို လေ့လာခြင်း” ဆွေးနွေးပွဲမှတဆင့် ကရင်နီပြည်ရှိ ဌာနေတိုင်းရင်းသားတို့၏ မြေနှင့် ပတ်သက်သော သဘောထား ၆ ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံတိုင်းရင်းသားတို့၏ မြေနှင့် အရင်းအမြစ်အုပ်ချုပ်စီမံမှုများအကြောင်း၊ ၎င်းတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများ၊ ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ တရားစွဲဆိုခံနေရမှုများ၊ ကရင်နီမူဝါဒဆိုင်ရာ အကြောင်းအရာများကို အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ “ကျတော်တို့လက်ရှိ ပြည်နယ်မှာ အထူးသဖြင့် အောက်ခြေကလူတွေ အောက်ခြေက တောင်သူလယ်သမားတွေအတွက် ဒါတွေက ခြိမ်းခြောက်မှုတွေ ဖြစ်နေတယ်ပေါ့။ မြေသိမ်းတဲ့ဟာတွေ ဥပမာ ဖရူဆိုဖက်မှာဆိုရင် မြေလာလျှောက်တဲ့ ကိစ္စလေးတွေ […]

ဘခက် (ငွေတောင်ပြည်) ရေးသားသည်။ “ဒီလိုအခြေအနေမျိုးမှာ တောင်သူတွေကို စစ်တပ်ကတရားစွဲ၊ သက်ဆိုင်ရာအစိုးရဘက်ကလည်း ဘာမှဝင်ရောက်ဖြေရှင်းပေးတာတွေမရှိတော့ ပြည်သူ ့အစိုး ရလက်အောက်မှာ ဒေသခံတောင်သူတွေအနေနဲ ့ ကူသူကယ်သူမဲ့ ခိုကိုးရာမဲ့ပြီး အနိုင်ကျင့်ဖိနှိပ်ခဲ့နေရတဲ့ အခြေအနေမျိုးကို ရောက်နေပြီလို ့” ကယားပြည်နယ်မှာ လတ်တလောဖြစ်ပျက်နေတဲ့ တောင်သူတွေနဲ ့စစ်တပ်ကြားကမြေယာပြသနာဟာ သက်ဆိုင်ရာအစိုးရရဲ ့တာဝန်ယူ၊ တာဝန်ခံဖြေရှင်းမှုမရှိတာကိုတွေ ့နေရပါတယ်။ စစ်တပ်ဘက်ကတော့ ဒါဟာတပ်ပိုင်မြေဖြစ်တယ်၊ သူတို ့တပ်အတွက် အထက်ကပေးထားတဲ့ မြေနေရာဖြစ်တယ်။ သူတို ့မှာ အထောက်အထားတွေအခိုင်အမာရှိကြောင်းပြောပါတယ်။ တောင်သူတွေဘက်ကတော့ ဒါဟာသူတို ့ဘိုးဘွားပိုင်မြေ၊ ဘိုးစဉ်ဘောက်ဆက်က လုပ်လာတဲ့မြေတွေဖြစ်တယ်လို အခိုင်အမာပြောဆိုကြပြန်ပါတယ်။ ဒီလို ထိတွေ ့ပွတ်တိုက်မှုဖြစ်နေရတဲ့ ပြသနာကိုဖြေရှင်းဖို ့ဆိုရင် ကယားပြည်နယ် ( ကရင်နီပြည်) […]

ဘိုထီး (ငွေတောင်ပြည်) ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်တယ် မနိုင်ဘူးဆိုတာ ကြိုတင်မသိရှိရပဲ ဖြေရှင်းပေးနိုင်တယ်လို့ လွယ်လွယ်နှင့် ကတိပေးတတ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုအထင်ကြီး တတ်တဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်တဲ့သူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးတတ်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်တဲ့သူ ဘယ်သူမဆို များသောအားဖြင့် သူတို့ရဲ့ ဘဝခရီးလမ်းဟာ ဖြောင့်ဖြူးတယ်ဆိုတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ဆူးငြှောင့်ခလုတ်တွေ ထူထပ်ပေါများတဲ့ တောလမ်းတစ်ခုကို ကတ္တီပါဖိနပ်စီးပြီး လျှောက်လှမ်းနေလို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနှင့် ပတ်သက်ရင် တာဝန်အရှိဆုံး အဖွဲ့အစည်းဟာ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ကို တာဝန်အရှိဆုံးအဖွဲ့လို့ ဘာကြောင့်ပြောရလဲဆိုရင် “အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးပါဆိုပြီး ပြည်သူကို ကတိပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့တာဝန်ယူတာ […]