ပုဒ်မ (၁ဝ) ဖြင့် တရားစွဲခံထားရသည့် ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းနှင့် တွေ့ဆုံ မေးမြန်းခြင်း

“ကျနော်တို ့အရင်က ယုံကြည်ခဲ့တာက NLD အစိုးရက ကျနော်တို ့တိုင်းရင်းသား အရေးကိုနားလည်မယ်၊ တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပေးမယ်ပေါ့၊ ဒါပေမဲ့ အာဏာရလာတဲ ့အချိန်ကျတော့ ကျနော်တို ့ကိုဖိနှိပ်တယ်၊ အာဏာသုံးခြိမ်းခြောက်တယ်၊ မဲနိုင်ဖို ့ကူညီခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေ အားလုံးကိုလဲ ဖမ်းဆီးထောင်ချတယ် ….” ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်မှ နိုင်လွတ်လုံ ပုဒ်မ (၁ဝ) ဖြင့် တရားစွဲခံထားရသည့် ကရင်နီလူငယ် ၆ ဦးကို ရုံးထုတ်ခဲ့သည်။ လူငယ်တစ်ဦးဖြစ်သည့် ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းကို KANTARAWADDY TIMES မှ တွေ့ဆုံမေးမြန်းထားသည်။ KANTARAWADDY TIMES – ကိုမျိုးလှိုင်ဝင်းခင်ဗျ။ ထောင်ထဲမှာ နေရတာ အခြေအနေဘယ်လိုရှိလဲ။ […]

ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်များသည် တိုင်းရင်းသား လူနည်းစုကို ဖိနိပ့် ချိုးနိုမ်ပြီး ဖြိုခွဲနေသည့် သဘောဆောင်နေ

ကန္တာရဝတီတိုင်း(မ်) လက်ရှိ ကယား(ကရင်နီ)ပြည်နယ်၏ အစိုးရသွားနေသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များသည် တိုင်းရင်းသားလူနည်းစုများကို ဖိနှိပ်ချိုးနှိမ်ပြီး ဖြိုခွဲရာရောက်သည်ဟု သုံးသပ်မိကြောင်း ကရင်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာက ကန္တာရဝတီတိုင်း(မ်) သို့ပြောပါသည်။ “လက်ရှိကယားပြည်နယ်အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ထက် တိုင်းရင်းသားလူနည်းစုကို ဖိနှိပ်ပြီးတော့မှ ဖြိုခွဲချင်နေတဲ့ သဘောမျိုးပေါ့နော်။” ဟု စောကျော်စွာက ပြောပါသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တည်ထားသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရ၏ ဆောင်ရွက်နေသည့် လုပ်ရပ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလူနည်းစုအပေါ် ချိုနှိမ်ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသွားခြင်းဖြစ်သည်။ စောကျော်စွာက ကယားပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇူလိုင်လ ၈ ရက်နေ့ကနေ ၉ ရက်နေ့ ပန်ဒါဟိုတယ်၊ ရန်ကုန်မြို့တွင် ကျင်းပသည့် (၂၂ )ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာစဉ် ကန္တာရဝတီတိုင်း(မ်)မေးမြန်းချက်အရ […]