ကယားတွင် H1N1 Positive လူနာနှစ်ဦးတွေ့ရှိ

နော်ဒွေးအယ်ခူ ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေးသံသယရှိသူနှစ်ဦးကို စစ်ဆေးရာမှ H1N1 Positive ဖြစ်ကြောင်းတွေ့ရှိရပြီး ၎င်းဆေးရုံကြီးတွင်ကုသနေကြောင်း ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးဒေါက်တာဌေးလွင် ကပြောသည်။ “လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ တက်လာတဲ့လူနာပေါ့မောင်လင်းသစ်အောင် ၈လပဲရှိပါသေးတယ် ပန်ကန်းစိုက်ကွင်း(၃)ကကလေးကစပြီးဖျားတယ်ချောင်းဆိုးတယ် အသက်ရှုကြပ်တယ်။၄ရက်ရလကဖြစ်တယ်ဆေးရုံရောက်လာတာ ရရက်နေ့ရောက်တယ်။ ရောဂါကတိုးတက်ပြီးကောင်းမလာဘူးနဂိုကတည်းကကလေးက ခနခဏပန်းနာရင်ကြပ်တယ်။ မွေးဖွားစဉ်အခါကလည်းပေါင်မပြည့်ဘဲ မွေးတဲ့ကလေးဖြစ်တယ်။ ၁၂ရက်နေ့ကျကလေးအထူးကု ဆရာဝန်ကြီးကစိတ်ထဲမှာH1N1 သံသယဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ဆေးချက်ယူပြီးဓာတ်ခွဲခန်းပို့လိုက်တဲ့အခါမှာအဖြေက Influenza A(H1N1)pdm09 တွေ့တယ်ဆိုပြီးတော့မှ ၁၃ရက်နေ့က အီးမေးလ်ကနေအမျိုးသား ဓာတ်ခွဲခန်းကပြန်ပို့လာပြီးရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုတယ်” ဟုဒေါက်တာဌေးလွင်ကပြောသည်။ တွေ့ရှိရသည့်လူနာများမှာ၁၂နှစ်အောက် အရွယ်ကလေးများဖြစ်ပြီး ကျန်တစ်ဦးမှာလွိုင်ကော်မြို့နာနတ်တောရပ်ကွက်တွင်နေထိုင်သည့် ၁၁နှစ်အရွယ်မောက်ဖြတ်ဆိုသူဖြစ်ပြီး အိမ်တွင်နေမကောင်းဖြစ်ရာမှမသက်သာသည့်အတွက် ၉ရက်နေ့တွင်ဆေးရုံတက်ခဲ့ရာရောဂါ စစ်ဆေးတွေ့ရကြောင်း၎င်းက ဆိုသည်။ H1N1 ရာသီတုပ်ကွေးရောဂါတွေ့ရှိမှုနှင့် ပတ်သက်ပြီးပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဇူလိုင်လ၁၄ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အထက်ပါအတိုင်းပြောသွားခဲ့ခြင်းဖြစ်သည်။ H1N1 Positive တွေ့ရှိသည့်ကလေးများကိုကလေးကုသဆောင်တွင် ဆရာဝန်များ၊သူနာပြုများမှသီးခြား ကုသစောင့်ကြည့်နေပြီးလက်ရှိတွင်ကလေးများ၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်နေကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ဒေါက်တာ စိန်စိန်ထံမှသိရသည်။ “တအားကြောက်စရာလည်းမလိုဘူး။ မကြောက်ဘဲနဲ့လည်းနေလို့မရပါဘူး။ ကျန်းမာရေးအသိရှိရှိနဲ့တစ်ကိုယ်ရေသန့်ရှင်းရေး၊ […]