နော်ဒွေးအယ်ခူ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်နယ်အနေဖြင့် လူနေထူထပ်ဆုံး လွိုင်ကော်မြို့ပေါ်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား H1N1 ကာကွယ်ဆေးကို ဒေသန္တရ ကျန်းမာရေးဌာနမှာ ထိုးနှံပေးခဲ့သည်။ လွိုင်ကော်မြို့ပေါ်ရှိ (၁၉)ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင် ၅၀ဝကျော်ကို ကာကွယ်ဆေး အခမဲ့ထိုးပေးခဲ့ပြီး မြို့ပေါ်လူနေထူထပ်မှုကြောင့် အခြားမြို့နယ်များထက် ဦးစားပေးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကူးစက်ရောဂါနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထွန်းနေဝင်းက ပြောသည်။ “ကာကွယ်ဆေးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေပဲ ထောက်ပံ့တာပါ။ အဲဆေးက ထပ်မံရောက်ရှိလာပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေထိုးပြီးတဲ့အတွက်ကြောင့် ဘယ်သူူ့ကိုထိုးမလဲဆိုပြီးတော့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရဲ့ ညွှန်ကြားချက်ကိုခံယူပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို ထိုးနှံဖို့ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးလုံလောက်မှု၊ ရရှိမှုအပေါ်မူတည်ပြီးတော့ ကျတော်တု့ိ လွိုင်ကော်မြို့ပေါ်က (၁၉)ရပ်ကွက်ကို ရွေးချယ်ခဲ့ပါတယ်။ အဓိကဦးစားပေးရွေးချယ်ရတဲ့ အကြောင်းအရင်းက မြို့ပေါ်လူနေထူထပ်မှုဟာဆိုရင် […]