ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးသည် နိုင်ငံရေးအင်အားစုများအကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေသည်ဟု ရန်ကုန်မြို့၊ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg ကန္တာရဝတီတိုင်း(မ်)သို့ အကြံပြုပြောကြားသွားပါသည်။ “ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင် တနိုင်ငံလုံးတည်းဆောက်နေတုန်းပဲ။ အချင်းချင်းယုံကြည်မှုမရှိကြပါဘူး။ အဲဒါက ရှေ့တိုးဖို့ကို တော်တော်လေးနောက်နှေးစေတယ်” ဟုရန်ကုန်မြို့၊  ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborgက ပြောပါသည်။ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg သည် ဩဂုတ်လ ၈ ရက်နေ့ တွင် ကယားပြည်နယ်သို့ ရောက်ရှိစဉ် ် ပြောဆိုသွားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုနည်းပါးနေကြခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရများကလည်း ယုံကြည်မှုအားနည်းနေကြခြင်းတို့ […]

၈ရက် ၈လ ၂၀၁၉  ခုနှစ်မှာ ၈လေးလုံး အရေး အခင်း ဖြစ်ပွားခဲ့တာ ၃၁ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ အရေးအခင်း ကာလတွေမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP  အနေနဲ့  ဘယ်လိုပူးပေါင်းဆောင်ရွက်တာရှိခဲ့လဲ ဘာတွေလုပ်ဆောင်ခဲ့လဲဆိုတာကို  ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး-၂ ခူးဒယ်နီယာယ်နဲ့  တွေ့ဆုံမေးမြန်မှုကို တင်ပြပေးလိုက်ပါတယ်။ .  မင်္ဂလာပါ ဆရာ ၈ လေးလုံးအရေးအခင်းက ၃၁ နှစ်ပြည့်သွားပြီပေါ့နော ဆိုတော့ ဆရာတို့အဖွဲ့အစည်းအနေနဲ့ ဒီ ၈ လေးလုံးကို ဘယ်လိုများ ယူဆကြသလဲ။ ဒီအပေါ်မှာကတော့ တချိန်တုန်းက ဗမာပြည် အပြောင်းအလဲ ဖြစ်နိုင်ဖို့ လူတိုင်းကတော့ တိုက်ပွဲ ဝင်ခဲ့ကြတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အာဏာသိမ်းတဲ့နေ့ ကျောင်းသားတွေ ပစ်သတ်ခံရတဲ့နေ့ဆိုတော့ အထိမ်းအမှတ်တခု […]