ကန္တာရဝတီတိုင်း(မ်) ဖရူဆိုမြို့နယ်အတွင်း အမှတ် ၄၂၈ တပ်ရင်းမှ စစ်သားတစ်ဦး သက်ငယ်မုဒိမ်းပြုကျင့်မှု အရပ်ဘက်တွင် ဖြစ်ပွားသည့်အတွက် အရပ်ဘက်တရားစီရင်မှုအတိုင်း တရားမျှမျှတတ စီရင်နိုင်ရန် စောင့်ကြည့်ကူညီပေးသွားမည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူက ပြောပါသည်။ “ကျွန်မတို့ကတော့ တရားဥပဒေလမ်းကြောင်းအတိုင်းပဲ သွားစေချင်တယ်။ တကယ်လို့ သူတို့ကခြိမ်းခြောက်လို့ ပြဿနာတစ်စုံတစ်ခုဖြစ်ရင်တော့ အန်တီကိုဖုန်းဆက်လို့ အခုချိန်ထိတော့သူမဆက်ပါဘူး။ အန်တီကတော့ အထက်ဗဟိုအမျိုးသမီးနဲ့ ဆက်သွယ်ထားတယ်။ တကယ်လို့ပြဿနာတစုံတခုဖြစ်ရင် ကျွန်မကိုအကူအညီပေးပါလို့ တောင်းထားတယ် သူတို့လည်းကူညီပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ဒီမှာ ဘာမှမဆက်သွယ်လာဘူး။” ဟု ဒေါ်ရှားမူက ပြောပါသည်။ မိမိအနေဖြင့် ဗဟိုအမျိုးသမီးအဖွဲ့ကိုလည်း အကူညီတောင်းထားကြောင့် ၊ လိုက်ပါဆောင်ရွက်သည့် အမျိုးသမီးအဖွဲ့များအနေဖြင့်လည်း အကူအညီလိုပါက မိမိကိုယ် အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ဒေါ်ရှားမူက ဆက်ပြောသွားပါသည်။ ပြုကျင့်ခံရသူ […]

ဦးမြာ ကယား(ကရင်နီ)ပြည်နယ်အတွင်း တောင်သူများနှင့် စစ်တပ်တို့၏ တပ်သိမ်းမြေယာအငြင်းပွားမှု ကိစ္စရပ်များသည် လက်ရှိအစိုးရတွင် မဖြေရှင်းပေး နိုင်သည့်အတွက် တိုင်းရင်းသားတို့၏ အခွင့်အရေးကို မဖြည့်ဆည်းပေးနိုင်ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဌ ဦးစိုင်းနိုင်နိုင်ထွေးက ပြောပါသည်။ “တိုင်းရင်းသားအခွင့်အရေးကိုလုပ်တာ မဟုတ်ဘဲနဲ့ သူတို့အခွင့်အရးကိုထိန်းချုပ်ထားတယ်လို့ဘဲမြင်တယ်။ လက်ရှိတိုင်းရင်းသားအခွင့်အရေးလို့ ပြောတဲ့အခါကျရင် အဓိကလိုအပ်ချက်ကို ကျနောတို့တကယ်ဖြည့်ဆည်းပေးနိုင်တဲ့အနေအထားကို မတွေ့ရဘူး။” ဟု ဦးစိုင်းနိုင်နိုင်ထွေးက ပြောပါသည်။ မြေယာပြဿနာကိစ္စနှင့်ပတ်သက်ပြီး လက်ရှိတွင် ကယားပြည်နယ်အတွင်း စစ်တပ်က ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် ၁၁ဦး၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ ဖြင့် ၂ ဦး၊ ပုဒ်မ ၄၄၇နှင့် ပုဒ်မ ၆/၁ (ပုဒ်မ ၂ခု)ပေါင်းဖြင့် ၄ […]

မြေယာသိမ်းဆည်းမှုပြဿနာဖြစ်ရာကနေ တောင်သူတွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ

ဒုတိယ အကြိမ် မော့ဘူးဒီးလေ့ စုပေါင်း အဲ့ဒိုပေါ်မီပွဲကို ဒေါတမကြီးတွင် ပြုလုပ်

မီမြာ ကယားပြည်နယ်အတွင်း သီးနှံအထွက်တိုးရန် ဓါတုဓာတ်မြေဩဇာအသုံးပြုမှုသည့် တောင်သူများ ၉၁ ရာခိုင်နှုန်းထိ ရှိနေသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၏ ပြုစုထားသည့် စာရင်းအရသိရှိရပါသည်။ ဓါတ်မြေဩဇာအသုံးပြုမှု၏ ဆိုးကျိုးကို တစိတ်တဒေသ သိရှိနားလည်သော်လည်း သီးနှံအထွက် တိုးစေရန် ဓါတ်မြေဩဇာကို သုံးရကြောင်း တောင်သူတစ်ဦးမှပြောသွားပါသည်။ “ဓါတ်မြေဩဇာကို သုံးရင်အန္တာရယ်ရှိတာသိပေမဲ့ မြေဩဇာကို မဖြစ်မနေသုံးရတယ်။ သီးနှံအထွက်တိုးဖို့ပေ့ါ။″ဟု တောင်သူတစ်ဦးမှ ပြောပါသည်။ ဓါတ်မြေဩဇာသုံးခြင်းဖြင့် သီးနှံအထွက်တိုးစေသော်လည်း ထွက်လာသည့်သီးနှံများသည် ဓါတ်မြေဩဇာ အသုံးပြုထားသည့်အတွက် ကျန်းမာရေးအတွက် လုံခြုံမှုမရှိနိုင်ကြောင်း၊ သီးနှံအရည်အသွေးအာနိသင်သည် သဘာဝအတိုင်းမဟုတ်တော့ဘဲ ဓာတုအဆိပ်များဖြင့်သာပြည့်နေကြောင်း ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးတူရယ်မှ သဘာဝမြေဩဇာကိုမသုံးသင့်ကြောင်း ပြောသွားပါသည်။ ” ဓါတ်မြေဩဇာသုံးပြီး သီးနှံထွက်တိုးတာက ငြင်းလို့မရပါဘူး။ မှန်ပါတယ်။ ဒါပေမဲ့တဖက်မှာက သူ့ရဲ့ဆိုးကျိုးတွေအများကြီးလိုက်လာတယ်။”ဟု […]

ကရင်နီသူ ဖရူဆိုမြို့နယ်တွင် အသက်၁၃နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်သားမှ အတင်းအဓမ္မပြုကျင့်သည့်ကိစ္စ သက်ဆိုင်ရာ ရဲစခန်းတွင် အမှူဖွင့် တိုင်ကြားထားသော်လည်း စစ်တပ်မှ စစ်ခုံရုံးတွင်စစ်ဆေးမည်ဟုကြားသိရသည့်အတွက် တရားမျှတမှု မရမည်ကို စိုးရိမ်နေကြသည်ဟု future Woman Association မှ ဒါရိုက်တာ ဒေါ်စန္ဒာဝင်းကပြောသည်။  “ပြုကျင့်တဲ့သူက စစ်သားပါ။ ရှေ့တန်းက မပြန်လာရသေးခင် အမှားတစ်ခုထပ်လုပ်တာပဲ။ လိင်ပိုင်းဆိုင်ရာကိစ္စကိုသွားတိုင်လိုက်တဲ့အခါ ဒကစမှူးက သူ့ကိုခုံရုံး တင်မယ်လို့ပြောတယ်။တရားမျှတမှူမရမည်ကိုလည်း စိုးရိမ်ရတယ်။” ဟု ဒေါ်စန္ဒာဝင်းက ပြောပါသည်။  ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်နေ့ နေ့လည်အချိန်၊ ဖရူဆိုမြို့နယ်အားကစားကွင်းတွင် အမျိုးသမီးတစ်ဦး ငိုသံကိုကြားရပြီး သွားရောက်ကြည့်ရှုရာ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ပါးစပ်ပိတ်၊ ပါးရိုက်ကာ မုဒိမ်းကျင့်နေသည်ကို တွေ့ရှိရပြီး မျက်မြင်များမှ အော်ဟစ်အကူအညီတောင်းရာ အမျိုးသားမှာ ကွင်းထဲမှ ပြေးထွက်သွားကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောသည်။  “ ငိုသံကြားနေရတာ နာရီဝက်လောက်ရှိတယ်။ အစက ကလေးတွေဆော့ရင်း ထိခိုက်ကြလို့ ငိုနေတာလို့ထင်တာ။ နောက်တော့ အဲဒါ ဒီလောက်ကြာနေတာမဟုတ်သေးဘူး နာရီဝက်လောက်ရှိတယ်လေး ငိုသံက ၊ အဲဒါကြောင့် သွားကြည့်လို့မှ […]

ဦးမြာ၊ မီမြာ ပြည်တွင်းတိုက်ပွဲများဖြစ်ပွားသဖြင့် ၂၀၁၉ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ဟု (NETWORK FOR HUMAN RIGHTS DOCUMENTATION-BURMA) မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ လွေးချီ,ဆငါး ကပြောပါသည်။ “လူ့အခွင့်အရေးချိုးဖောက်မှု တိုက်ပွဲအသေးမှာ ဖြစ်သလို တိုက်ပွဲအကြီးတွေဆိုရင်တော့ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖမ်းဆီးတာ ပေါတာဆွဲအပိုင်းတွေ အဲ့လိုမျိူးတွေ ကနောက်လိုက်လာတဲ့အပိုင်းတွေကများလာတယ်။”ဟု လွေးချီ,ဆငါးက ပြောပါသည်။ ၂၀၁၈ခုနှစ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ၅၂ခုနှင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တိုင်းဒေသကြီးနှင့်ပြည်နယ်ရခုအတွင်း လူအခွင့်အရေးချိုးဖောက်မှု ၂၃၉ ခုရှိခဲ့သည်ဟု ND-Burma မှမှတ်တမ်းအရသိရသည်။ ၂၀၁၉ခုနှစ်၆လအတွင်း မှတ်တမ်းတင်နိုင်မှုက ၂၀၁၈ခုနှစ်တစ်နှစ်လုံးမှတ်တမ်းတင်နိုင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထက်၃၆ဝ ရာခိုင်နှုန်းပိုများလာကြောင်း ၎င်းမှတ်တမ်းတွင် ဖော်ပြပါရှိပါသည်။ ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်လာခြင်းနှင့် […]

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် ဖားဆောင်းမြို့နယ်တွင် ပွန်ချောင်းတံတားတည်ဆောက်ရန်လာမည့် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ်တွင်လျာထားသည်ဟု ဖာဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောပါသည်။ “အဲဒီတံတားက တကယ်တန်းကျရင် လူနည်းစုတိုင်းရင်းသားတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ အနေနဲ့ကော သူတို့ရဲ့ လူနေမှုအဆင့်အတန်းမြင့်မားအောင်ပေါ့ နောက်ပြီး လမ်းပန်းဆက်သွယ်ရေးအဓိကပေါ့အဲဒီထဲက ရွာ ၃ရွာကို အကျိုးပြုနိုင်မယ်။” ဟု ဒေါ်နန်းထွေးသူက ပြောပါသည်။ ယခုတည်ဆောက်မည့် ပွန်ချောင်းတံတားသည် ဒေသခံများအတွက်လည်း အကျိုးရှိစေသည်ဟု ဝမ်အောင်းကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးကလည်းပြောပါသည်။ “လောလောဆယ် တံတားမရှိတော့ စက်လှေနဲ့ပတ်သွားကြတာပေါ့၊ စက်လှေအားရင် စက်လှေသမားကနေ လူရှိရင် ရှိသလို သွားလာရတာပေါ့။ နည်းနည်းတော့ အချိန်ကြာတယ်။ အကယ်၍ တံတားရှိရင်တော့ ပိုသွားလာဖို့ လွယ်ကူနိုင်ပါတယ်။” ဟု ၎င်းဒေသခံက ပြောပြပါသည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး […]

ကန္တာရဝတီတိုင်း(မ်) နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရမှ တရားစွဲဆိုထားသော ကရင်နီလူငယ် ၆ ဦးကို ယနေ့နံနက်တွင် ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားတယ်လို့ ဒီကနေ့ မနက် ထောင်ဝင်စာသွားတွေ့ခဲ့သည့် ကရင်နီလူငယ် ခွန်းဘားနဒ်ဘုတ်က ပြောသည်။ “တွေ့ခွင့်ရဖို့ ထောင်ဝင်စာသွားတွေ့တယ်ပေါ့နော။ သွားတဲ့အချိန်မှာ ထောင်ဝင်စာပိတ်ထားတယ်ပေါ့ ဘာကြောင့်ပိတ်ထားလဲပြောတော့ ထောင်ထဲမှာ အော်ဟစ်လို့တဲ့။ ဘာအကြောင်းကြောင့် အော်ဟစ်လဲမေးတော့ ဒုညွှန်မှူးက အဲဒါကို ပြောလို့မရဘူးလို့ပြောတယ်ပေါ့” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်း ၎င်းမှ ထောင်ဝင်စာသွားတွေ့သည့်အချိန်တွင် တရားစွဲခံရသော ကရင်နီလူငယ် ၆ ဦးမှ လက်ရှိ တပ်မတော်မှ တရားစွဲဆိုထားသော တောင်သူအရေးအတွက် တောင်းဆိုသွားမည်ဟု […]