အမျိုးသမီးများ ဝင်ငွေတိုးလုပ်ငန်း လုပ်ကိုင်နိုင်ရန် စွမ်းရည်မြှင့်သင်တန်းပြုလုပ်

မီမြာ၊ ဦးမြာ ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ အမျိုးသမီးထုများ တနိုင်တပိုင်အသေးစားစီးပွားရေးလုပ်ငန်းမှ မိသားစုဝင်ငွေတိုးလုပ်ငန်းများလုပ်ကိုင်လာနိုင်ရန် စီးပွားရေးဆိုင်ရာအသိပညာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းပြုလုပ်ပေးသွားသည်ဟု ဒီးမော့ဆိုမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနဲဒိုက ပြောပါသည်။ “အဓိကလုပ်တာကလည်းရည်ရွယ်ချက်က အမျိူးသမီးများဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးမှာလည်းဦးဆောင်နိုင်ဖို့အဲဒီရည်ရွယ်ချက်လည်းပါတာပေါ့နော။” ဟု ဦးနဲဒိုက ပြောပါသည်။ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များ၊ စီးပွားရေးဆိုင်ရာအသိပညာရပ်များ၊ လူမှုရေးဆိုင်ရာအသိပညာရပ်များစသည်တို့ကို ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဒီးမော့ဆိုမြို့တွင် ဖွင့်လှစ်လျက်ရှိသည်ဟု သိရသည်။ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များအနေဖြင့် အဝတ်အိတ်အမျိုးမျိုးချုပ်လုပ်နည်း၊ ပန်းထိုးနည်း၊ ယိုစုံ၊ ဖျော်ရည်လုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းတို့ကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၊ သီရိမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့နှင့် ပူးပေါင်းပြီး ဒီးမော့ဆိုမြို့နယ်ရှိ သမဝါယမအသင်းဝင်ထားသည့် မိသားစုဝင်အမျိုးသမီးများကိုအဓိကထား၍ သင်တန်းများပို့ချပေးသွားသည်ဟုသိရသည်။ သင်တန်းတက်ရောက်လျက်ရှိသည့် ဒေါ်စိုးမြာက “သင်တန်းတက်ပြီးရင်ကိုယ့်အိမ်မှာရှိတဲ့ အသီးဝလံတွေ စီးပွားရေးအဆင့်ထိတော့မစဉ်းစားနိုင်သေးဘူးပေါ့နော။ ကိုယ့်အိမ်မှာရှိတဲ့ […]

သဘာဝဘေးအန္တရာယ်နှင့် ဖယ်ဒရယ်ဘတ်ဂျက်

ကျော်စိုးသူ (လွှတ်တော်) Economics Development ရေးသားသည်။ လက်ရှိမြန်မာပြည်တွင် ကျင့်သုံးနေသော ဘတ်ဂျက်စနစ်တွင် ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်ဟူ၍ နှစ်မျိုး ရှိပေသည်။ ပြည်ထောင်စုဝန်ကြီးဌာန အများစုမှာ ပြည်ထောင်စုဘတ်ဂျက်တွင် ပါဝင်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်တွင်တော့ ဌာန အနည်းငယ်သာ ပါဝင်ကြတာကို တွေ့ရပေသည်။ ထိုသို့ ပြည်ထောင်စုနှင့် ဒေသ ဘတ်ဂျက်ပါ ဌာနများခွဲဝေသတ်မှတ်ထားမှုမှာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁) ၊ (၂) အရလည်း မဟုတ်ပဲ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ခွဲဝေပေးမှုအရသာ ဖြစ်နေသည်ကို တွေ့ရပေသည်။ အထူးသဖြင့် ရငွေ ရှာနိုင်သော၊ လုပ်ပိုင်ခွင့် ရှိသောဌာနအများစုကို ပြည်ထောင်စုဘတ်ဂျက်အောက်တွင်ထားတာ ရငွေမရှာနိုင်သော၊ လုပ်ပိုင်ခွင့် သိပ်မရှိသော ဌာနမျိုးကိုသာ ဒေသဘတ်ဂျက်အောက်သို့ ပေးပို့ လိုက်ကြခြင်း […]

၂၀၂ဝမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် CSOs တွေအနေနဲ့ ဘာတွေလုပ်ကြမလဲ

ကရင်နီသူ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွေမှာ ကယားပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အရပ်ဖက်အဖွဲ့အစည်း CSOs တွေအနေနဲ့ စောင့်ကြည့်မှုတွေကို လုပ်ဆောင်ခဲ့သလိုပဲ လာမယ့် ၂၀၂ဝရွေးကောက်ပွဲမှာလည်း တရားမျှတမှုရှိအောင် စောင့်ကြည့်နေသင့်ပါတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်(UEC)ကနေပြီး စောင့်ကြည့်ဖို့ ညွှန်ကြားလာတဲ့အချိန်ရယ် CSOsတွေအနေနဲ့ လွှတ်တော်ထဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အခုချိန်ကတည်းကနေပြီးတော့ စောင့်ကြည့်မှုတွေ၊ နည်းပညာပံ့ပိုးမှုတွေ လုပ်ပေးဖို့ လိုနေပါပြီ။ UEC ကနေ စောင့်ကြည့်ရေးကဒ်တွေ ထုတ်ပေးပြီး စောင့်ကြည့်တဲ့နေရာမှာ CSOs တွေအနေနဲ့ အများကြီးပါဝင်ဖို့ လိုပါတယ်။ UEC ကနေထုတ်ပေးလိုက်တဲ့ စောင့်ကြည့်ရေးကဒ်တွေ ကိုင်ဆောင်ထားတဲ့သူတွေဟာ ကဒ်မှာပါတဲ့အတိုင်း ကိုယ်တာဝန်ယူထားတဲ့ နယ်မြေတွေအထိပဲ စောင့်ကြည့်ရမှာပါ။ CSOsတွေကော လူထုတွေပါ ဘာကြောင့်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့လိုလဲဆိုရင် အချို့ […]

“ဖက်ဒရယ်စနစ်ကိုမထူထောင်နိုင်ခဲ့ပဲ တစ်ပြည်ထောင်စနစ်ကြောင့် ပြည်တွင်းစစ်တွေဖြစ်ပြီး အမျိုးသမီးတွေနဲ့ခလေးတွေက ဓားစာခံအဖြစ် ရှိလာခဲ့ရတယ်။”

မော်ဦးမြာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ တစ်စို့နေတဲ့ နေအထားမှာရှိနေပြီး အားကောင်းမှုမရှိတဲ့ အပြင် အားလုံးပါဝင်နိုင်ခြင်းမရှိသေးတဲ့အတွက် ခိုုင်မာမှုလည်း မရှိနေသေးတာကတစ်ကြောင်း၊ အမျိုးသမီးတွေ အတွက်လည်း လုံခြုံမှု မပေးနိုင်တာကတစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အတွက် ပြည်သူလူထုတွေအတွက်လည်း လုံခြုံမှု မရှိနေပါဘူးလို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO ) မှ မမီးမီးက ပြောပါတယ်။ မကြာမီရက်ပိုင်းအတွင်းက တွေ့ဆုံမေးမြန်းရာမှာ စစ်ဘေးရဲ့ အကျိုးဆက်က ဘယ်သူ့အပေါ်မှာ အကျိုးသက်ရောက်မှု များသလဲ၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်က အမျိုးသမီးတွေအတွက် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်ပြီလဲ ၊ နှစ်ရှည် ပြည်တွင်းစစ်ကြောင့် ကရင်နီအမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အကြောင်းဆုံမေးမြန်းခဲ့ပါတယ်။ မေး ။ ။ ဆရာမတို့အနေနဲ့ စစ်ရှောင် […]

တိုင်းရင်းသားတို့၏ ဖက်ဒရယ်ခရီးရဲ့ အခြားတစ်ဖက်မှာ

ဘိုထီး (ငွေတောင်ပြည်) ဖက်ဒရယ်စနစ်ရဲ့ အနက် အဓိပါ္ပယ်ကို လိုရင်းတိုရှင်းပြောမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုဟာ အဲ့ဒီနိုင်ငံရဲ့ ပိုင်ရှင်ဖြစ်တယ်ဆိုတာကို ဆိုလိုခြင်းဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး နေထိုင်ကြပေမဲ့ အင်အားကြီးတဲ့ လူမျိုးစုတစ်စုကသာ နိုင်ငံရဲ့ ပိုင်ရှင်ဖြစ်ပြီး ကျန်လူမျိုးစု ၁၃၄ မျိုးက ခုချိန်ထိနိုင်ငံရဲ့ ပိုင်ရှင်မဖြစ်သေးပါဘူး။ အမေရိကန်ပြည်ထောင်စုဆိုတာ အမေရိကန်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးကို အဓိက ဆိုလိုတာဘဲဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ရဲ့ ပိုင်ရှင်မဟုတ်သလို သမ္မတ အိုဘားမားလည်း အမေရိကန်ကို ပိုင်ဆိုင်ခွင့်မရှိပါဘူး။ ထိုနည်းတူ သမ္မတ ကလင်တန်လည်း အမေရိကန်ကို တစ်ကြိမ်မျှ ပိုင်ဆိုင်တာ မရှိခဲ့ဖူးပါဘူး။ အမေရိကန် နိုင်ငံကို […]

“ အမေ့လျော့ခံ ဘဝက လွတ်ချင်ပြီ ”

မော်ဦးမြာ အခုလိုအချိန်ဆိုရင် ရှားတောမြို့နယ်၊ ဖရေစိုးလေးဒေသက ဒေသခံတွေက တောင်ယာ ပေါင်းရှင်းရမဲ့ အချိန်ကို ရောက်လာပါပြီ။ လွိုင်ကော်ကနေ ရှားတောကို သွားတဲ့ လမ်းဘေး ဝဲ၊ယာ တလျှောက်မှာ တောင်ယာခင်းတွေ ရှိနေပြီး အခင်းတိုင်းမှာ စပါးပင်၊ပြောင်းဖူးပင်၊ နှမ်းပင် ပေါက်စလေးတွေကို တောင်စောင်းလေးပေါ်မှာ ထိုင်တလှည့်၊ထတလှည့် ရှင်းနေကြပါတယ်။ ပေါင်းရှင်းသူ အများစုကတော့ အမျိုးသမီးတွေပါ။ တချို့သော အမျိုးသမီးတွေမှာ ကလေးငယ်လေးတွေကို ကျောပိုးပြီး နေပူမရှောင်၊ မိုးရွာ မရှောင်ပဲ ပေါင်းရှင်းနေကြရပါတယ်။ အဲ့ဒီထဲမှာမှ ဒေါဆော်ဘူးကျေးရွာကတော့ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ကားလမ်းမရှိတဲ့အပြင် ဆိုင်ကယ်နဲ့ သွားလာရင်တောင် တောကြား၊ တောင်ကြားထဲကိုသာ ဖြတ်သန်းသွားလာနေရဆဲပါ။ အိမ်ခြေ ၃ဝ ဝန်းကျင်သာရှိသေးတဲ့ ဒေါဆော်ဘူးကျေးရွာမှာ […]