ကရင်နီသူ ဖရူဆိုမြို့နယ်တွင် အသက်၁၃နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်သားမှ အတင်းအဓမ္မပြုကျင့်သည့်ကိစ္စ သက်ဆိုင်ရာ ရဲစခန်းတွင် အမှူဖွင့် တိုင်ကြားထားသော်လည်း စစ်တပ်မှ စစ်ခုံရုံးတွင်စစ်ဆေးမည်ဟုကြားသိရသည့်အတွက် တရားမျှတမှု မရမည်ကို စိုးရိမ်နေကြသည်ဟု future Woman Association မှ ဒါရိုက်တာ ဒေါ်စန္ဒာဝင်းကပြောသည်။  “ပြုကျင့်တဲ့သူက စစ်သားပါ။ ရှေ့တန်းက မပြန်လာရသေးခင် အမှားတစ်ခုထပ်လုပ်တာပဲ။ လိင်ပိုင်းဆိုင်ရာကိစ္စကိုသွားတိုင်လိုက်တဲ့အခါ ဒကစမှူးက သူ့ကိုခုံရုံး တင်မယ်လို့ပြောတယ်။တရားမျှတမှူမရမည်ကိုလည်း စိုးရိမ်ရတယ်။” ဟု ဒေါ်စန္ဒာဝင်းက ပြောပါသည်။  ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်နေ့ နေ့လည်အချိန်၊ ဖရူဆိုမြို့နယ်အားကစားကွင်းတွင် အမျိုးသမီးတစ်ဦး ငိုသံကိုကြားရပြီး သွားရောက်ကြည့်ရှုရာ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ပါးစပ်ပိတ်၊ ပါးရိုက်ကာ မုဒိမ်းကျင့်နေသည်ကို တွေ့ရှိရပြီး မျက်မြင်များမှ အော်ဟစ်အကူအညီတောင်းရာ အမျိုးသားမှာ ကွင်းထဲမှ ပြေးထွက်သွားကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောသည်။  “ ငိုသံကြားနေရတာ နာရီဝက်လောက်ရှိတယ်။ အစက ကလေးတွေဆော့ရင်း ထိခိုက်ကြလို့ ငိုနေတာလို့ထင်တာ။ နောက်တော့ အဲဒါ ဒီလောက်ကြာနေတာမဟုတ်သေးဘူး နာရီဝက်လောက်ရှိတယ်လေး ငိုသံက ၊ အဲဒါကြောင့် သွားကြည့်လို့မှ […]