spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Monthly Archives: September, 2019

အမျိုးသမီးများ ဝင်ငွေတိုးလုပ်ငန်း လုပ်ကိုင်နိုင်ရန် စွမ်းရည်မြှင့်သင်တန်းပြုလုပ်

မီမြာ၊ ဦးမြာ ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ အမျိုးသမီးထုများ တနိုင်တပိုင်အသေးစားစီးပွားရေးလုပ်ငန်းမှ မိသားစုဝင်ငွေတိုးလုပ်ငန်းများလုပ်ကိုင်လာနိုင်ရန် စီးပွားရေးဆိုင်ရာအသိပညာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းပြုလုပ်ပေးသွားသည်ဟု ဒီးမော့ဆိုမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနဲဒိုက ပြောပါသည်။ “အဓိကလုပ်တာကလည်းရည်ရွယ်ချက်က အမျိူးသမီးများဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးမှာလည်းဦးဆောင်နိုင်ဖို့အဲဒီရည်ရွယ်ချက်လည်းပါတာပေါ့နော။” ဟု ဦးနဲဒိုက ပြောပါသည်။ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များ၊ စီးပွားရေးဆိုင်ရာအသိပညာရပ်များ၊ လူမှုရေးဆိုင်ရာအသိပညာရပ်များစသည်တို့ကို ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၂၆...

သဘာဝဘေးအန္တရာယ်နှင့် ဖယ်ဒရယ်ဘတ်ဂျက်

ကျော်စိုးသူ (လွှတ်တော်) Economics Development ရေးသားသည်။ လက်ရှိမြန်မာပြည်တွင် ကျင့်သုံးနေသော ဘတ်ဂျက်စနစ်တွင် ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်ဟူ၍ နှစ်မျိုး ရှိပေသည်။ ပြည်ထောင်စုဝန်ကြီးဌာန အများစုမှာ ပြည်ထောင်စုဘတ်ဂျက်တွင် ပါဝင်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်တွင်တော့ ဌာန အနည်းငယ်သာ ပါဝင်ကြတာကို တွေ့ရပေသည်။ ထိုသို့ ပြည်ထောင်စုနှင့် ဒေသ ဘတ်ဂျက်ပါ...

၂၀၂ဝမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် CSOs တွေအနေနဲ့ ဘာတွေလုပ်ကြမလဲ

ကရင်နီသူ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွေမှာ ကယားပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အရပ်ဖက်အဖွဲ့အစည်း CSOs တွေအနေနဲ့ စောင့်ကြည့်မှုတွေကို လုပ်ဆောင်ခဲ့သလိုပဲ လာမယ့် ၂၀၂ဝရွေးကောက်ပွဲမှာလည်း တရားမျှတမှုရှိအောင် စောင့်ကြည့်နေသင့်ပါတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်(UEC)ကနေပြီး စောင့်ကြည့်ဖို့ ညွှန်ကြားလာတဲ့အချိန်ရယ် CSOsတွေအနေနဲ့ လွှတ်တော်ထဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အခုချိန်ကတည်းကနေပြီးတော့ စောင့်ကြည့်မှုတွေ၊ နည်းပညာပံ့ပိုးမှုတွေ...

“ဖက်ဒရယ်စနစ်ကိုမထူထောင်နိုင်ခဲ့ပဲ တစ်ပြည်ထောင်စနစ်ကြောင့် ပြည်တွင်းစစ်တွေဖြစ်ပြီး အမျိုးသမီးတွေနဲ့ခလေးတွေက ဓားစာခံအဖြစ် ရှိလာခဲ့ရတယ်။”

မော်ဦးမြာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ တစ်စို့နေတဲ့ နေအထားမှာရှိနေပြီး အားကောင်းမှုမရှိတဲ့ အပြင် အားလုံးပါဝင်နိုင်ခြင်းမရှိသေးတဲ့အတွက် ခိုုင်မာမှုလည်း မရှိနေသေးတာကတစ်ကြောင်း၊ အမျိုးသမီးတွေ အတွက်လည်း လုံခြုံမှု မပေးနိုင်တာကတစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အတွက် ပြည်သူလူထုတွေအတွက်လည်း လုံခြုံမှု မရှိနေပါဘူးလို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO ) မှ မမီးမီးက ပြောပါတယ်။ မကြာမီရက်ပိုင်းအတွင်းက...

တိုင်းရင်းသားတို့၏ ဖက်ဒရယ်ခရီးရဲ့ အခြားတစ်ဖက်မှာ

ဘိုထီး (ငွေတောင်ပြည်) ဖက်ဒရယ်စနစ်ရဲ့ အနက် အဓိပါ္ပယ်ကို လိုရင်းတိုရှင်းပြောမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုဟာ အဲ့ဒီနိုင်ငံရဲ့ ပိုင်ရှင်ဖြစ်တယ်ဆိုတာကို ဆိုလိုခြင်းဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး နေထိုင်ကြပေမဲ့ အင်အားကြီးတဲ့ လူမျိုးစုတစ်စုကသာ နိုင်ငံရဲ့ ပိုင်ရှင်ဖြစ်ပြီး ကျန်လူမျိုးစု ၁၃၄ မျိုးက...

“ အမေ့လျော့ခံ ဘဝက လွတ်ချင်ပြီ ”

မော်ဦးမြာ အခုလိုအချိန်ဆိုရင် ရှားတောမြို့နယ်၊ ဖရေစိုးလေးဒေသက ဒေသခံတွေက တောင်ယာ ပေါင်းရှင်းရမဲ့ အချိန်ကို ရောက်လာပါပြီ။ လွိုင်ကော်ကနေ ရှားတောကို သွားတဲ့ လမ်းဘေး ဝဲ၊ယာ တလျှောက်မှာ တောင်ယာခင်းတွေ ရှိနေပြီး အခင်းတိုင်းမှာ စပါးပင်၊ပြောင်းဖူးပင်၊ နှမ်းပင် ပေါက်စလေးတွေကို တောင်စောင်းလေးပေါ်မှာ ထိုင်တလှည့်၊ထတလှည့် ရှင်းနေကြပါတယ်။ ပေါင်းရှင်းသူ အများစုကတော့ အမျိုးသမီးတွေပါ။...

ကယားမှထွက်သည့်ကော်ဖီ တိုးချဲ့စိုက်ပျိုးရန် ကုမ္ပဏီများဘက်မှ တောင်းဆို

နော်ဒွေးအယ်ခူ ကယားပြည်နယ်မှ ထွက်ရှိသည့် ကော်ဖီများကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချနေပြီဖြစ်သည့်အတွက် ကော်ဖီစိုက်ပျိုးတောင်သူများ တိုးချဲ့စိုက်ပျိုးရန် လိုအပ်နေပြီဖြစ်သည်ဟု ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ ထုုတ်လုုပ်သည့် အောင်နေလင်းထွန်းကုမ္ပဏီကို တည်ထောင်သူ ဦးငွေထွန်းက ပြောပါသည်။ ဦးငွေထွန်းက “ကျနော်တို့အတွက်က ဈေးကွက်ဆိုတာ အထွေအထူးရှာစရာမလိုတော့ပဲနဲ့ ဈေးကွက်က ကျနော်တို့ဆီကို လိုက်လာတဲ့အခြေအနေဖြစ်ပါပြီ။ ကျနော်တို့သည် ပိုပြီးမှ တိုးချဲ့စိုက်ပျိုးဖို့ပဲ...

ကေကောကျောင်းသူ/သားများ တုပ်ကွေးဖြစ်ပွားမှုများနေ

မီမြာ ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဒေသရှိ ကေကောအလယ်တန်းကျောင်းတွင် ကျောင်းသူ/သားများ တုပ်ကွေးဖြစ်ပွားမှုများနေသည် ဟု ကေကောအလယ်တန်းကျောင်းဆရာမတစ်ဦးက ပြောသည်။ ″လူကြီးတွေရော ကလေးတွေရော ဖြစ်တယ်။ တစ်အိမ်မှာ တစ်ယောက်ဖြစ်ပြီဆိုရင် အကုန်ဖြစ်သွားတယ်။ ဆရာ၊ ဆရာမတွေရော လေးယောက်ငါးယောက်လောက်ဖြစ်တယ်။ အရင်တုန်းကမဖြစ်ဘူး ဒီတစ်နှစ်မှဖြစ်တာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တာပေါ့နော။″ ဟုဆရာမက အခြေအနေဆိုးကြောင်းပြောသွားပါသည်။ လက်ရှိ တုပ်ကွေးဖျားနာသည့် ကျောင်းသားများ...

သွားလာခွင့်အကန့်အသတ်များ ရှိနေသည့်အတွက် ခရီးသွားလုပ်ငန်းရှင်များ အခက်အခဲရှိ

ကရင်နီသူ ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းလုပ်ဆောင်ရာတွင် ပြည်နယ်အစိုးရက ဒေသခံလုပ်ငန်းရှင်များအပေါ် ခရီးသွားလာခွင့်ရယူရာတွင် အကန့်အသတ်များရှိနေသည့်အတွက် အခက်အခဲများရှိနေသည်ဟု Amazing Kayah Travel & Tours မှ Managing Director မဇွန်ဇွန်ပြည့်ဖြိုးက ပြောသည်။ ပြည်နယ်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ခဲ့ရာ ကယားပြည်နယ်တွင် ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်လာခဲ့သည်ဖြစ်သော်လည်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို...

Latest news

- Advertisement -spot_img