ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဆိုင်ရာ ကဏ္ဍများတွင် အမျိုးသမီးများ၏ အကြံပြုချက်ကို အလေးထားရန်လို

နော်ဒွေးအယ်ခူ ကရင်နီပြည် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒအကြံပြုချက် စာအုပ်မိတ်ဆက်ပွဲမှတဆင့် ကရင်နီပြည် ကိုယ်စားပြု အရပ်ဖက်အဖွဲ့အစည်းများက ငြိမ်းချမ်းရှေးနှင့်နိုင်ငံရေးဆိုင်ရာကဏ္ဍများတွင် အမျိုးသမီးများ၏ အကြံပြုချက်ကို အလေးထားရန်လိုကြောင်း ပြောဆိုလိုက်သည်။ “ကျမတို့အရပ်ဖက်အဖွဲ့အစည်းပဲမဟုတ်ဘဲနဲ့ ကရင်နီပြည်တွင်းမှာရှိတဲ့ အမျိုးသမီးအားလုံးကနေပြီး အကြံပြုထားတဲ့ မူဝါဒအကြံပြုချက်ဖြစ်တယ်ဆိုတဲ့ဟာကို မက်ဆေ့ပေးချင်တာဖြစ်တယ်။ ကျမတို့အမျိုးသမီးတွေ လိုအပ်နေတဲ့လိုအပ်ချက်တွေက ဘာတွေလဲ ဘယ်လိုမူဝါဒတွေချမှတ်ခိုင်းစေချင်တာလဲဆိုတာကို အားလုံးသိအောင်မိတ်ဆက်ရခြင်းဖြစ်တယ်” ဟု Women For Womens’s Foundation(WWF) မှ ဒါရိုက်တာ မိုရိုစီကျော်က ဆိုသည်။ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)၊ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)၊ အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း(WWF) တို့၏ဆောင်ရွက်မှုနှင့် ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အောက်တိုဘာလ ၂ရက်နေ့၊ Gold Hotel မှာ ပြုလုပ်ခဲ့သည့် ကရင်နီပြည် […]

သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီသို့ ကယားမှ တိုင်စာတစ်ခုသာရှိ

မီမြာ ၊ ဦးမြာ ကယားပြည်နယ်တွင် သတ္တုသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး မော်ချီးမြေပြိုသည့်တိုင်စာတစ်ခုသာ တိုင်လာခဲ့ဖူးကြောင်း အမျိုးသားလွှတ်တော် ၊ သတ္တုသယံဇာတနှင့် သဘာဝပတ််ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူက ပြောပါသည်။ “တခါတော့သူတို့တိုင်လာဖူးတယ်။ တိုင်လာတဲ့အခါကျတော့ ကော်မတီအနေနဲ့ စည်းအဝေးတွေ ဘာတွေ ဆုံးဖြတ်ချက်နဲ့ ကွင်းဆင်းမလို့ ဒါပေမဲ့ လွှတ်တော်ဥက္ကဌက ဝန်ကြီးဌာနက သူတို့တိုင်စာက ဝန်ကြီးဌာနကိုအရင်ရောက်တယ်။ ကျွန်မတို့ကော်မတီကို နောက်မှရောက်တဲ့အခါကျတော့ လွှတ်တော်ဥက္ကဌက ဝန်ကြီးဌာနကို လွှတ်တဲ့အခါကျတော့ ကျွန်မတို့မသွားတော့ဘူး။ အဲ့ဒါနဲ့ ကွင်းမဆင်းဖြစ်ဘူး ပေါ့နော။ သူတို့မြေပြိုတဲ့ကိစ္စတွေ နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော။ သယံဇာတနဲ့သဘာဝတိုင်စာဆိုလို့ အဲ့တခုဘဲ ရှိခဲ့ဖူးတယ်။” ဟု ဒေါ်ရှားမူက ပြောပါသည်။ လူထုများက တိုင်စာများပေးပို့ပြီး ကွင်းဆင်းဆောင်ရွက်လိုပါက […]