ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနဲ့တိုင်းဒေသကြီး/ပြည်နယ်များ၏အရအသုံးခန့်မှန်းခြေစာရင်း နဲ့ ပတ်သက်ပြီး အတည်ပြုခဲ့တာ တွေ့ရပါသည်။ မကြာမီ သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေငြာမှာ ဖြစ်သလို တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြည်ထောင်စုမှ အတည်ပြုလိုက်သည့် ထောက်ပံ့ငွေသဘောတူညီချက်ကို ဒေသလွှတ်တော်များတွင် ပြန်လည်အတည်ပြုတင်သွင်းဆောင်ရွက် ကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ဗဟို ချုပ်ကိုင်မှုအားသာသည့် စနစ်ကိုသာ ကျင့်သုံး ဆောင်ရွက်ခဲ့ကြသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း ဖယ်ဒရယ် ထက် ဗဟိုချုပ်ကိုင်မှုအလေးသာသော ပုံသဏ္ဍာန်ကို တွေ့ရပေသည်။ ဇယား(၅) ပါ အခွန်လောက်သာ ကောက်ခံခွင့်ရှိနေသလို အသုံးစရိတ်တွင်လည်း ပြည်ထောင်စုမှ ထောက်ပံ့ငွေပေါ်သာ အားထားရပ်တည်မှီခိုနေကြသော ဒေသဘတ်ဂျက်များကို တွေ့ရပေသည်။ ထိုအချက်များသည် တိုင်းရင်းသား […]

မီမြာ၊ဦးမြာ ကယားပြည်နယ်တွင်းရှိ ဖရူဆိုမြို့နယ် အနောက်ဘက် တောင်ပေါ်ဒေသများတွင် တိုင်းရင်းသားစာပေများသင်ကြားနေပြီဖြစ်သော်လည်း သင်ကြားရေးတွင်အခက်အခဲများရှိနေသေးကြောင်း ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စု ခူမိုထီကျေးရွာတွင်နေထိုင်သူ ခူးပေါလူက ပြောပါသည်။ တိုင်းရင်းဘာသာ သင်ကြားပေးသောဆရာမသည်တခြားကျေးရွာမှ နေ၍လာရောက်သင်ကြားပေးရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု ဆိုပါသည်။ “ မိုးရာသီဆို သွားလာရတာအဆင်မပြေဘူး။ မိုးတအားရွာလို့ရှိရင် သူတို့မသွားနိုင်တော့ဘူး အဲ့လိုဖြစ်တယ် ဖြစ်နိုင်ရင်ဒီ ရွာသားအချင်းချင်းဆို အဆင်ပြေမယ်။ သူတို့သွားလာစရာမလိုဘူး ကလေးကို အချိန်မရွေးစာသင်လို့ရတယ်။ ” ဟု ဦးပေါလူကပြောပါသည်။ ဝေးလံသည့် ကျေးလက်ဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသားစာပေများကို စတင်သင်ကြားနေပြီဖြစ် သော်လည်း စာအုပ်စာပေများ ၊ ဖတ်စာအုပ်များ လိုအပ်နေသည်ဟု သိရသည်။ မိုနူမနော တိုင်းရင်းသားစာများစသင်နေပြီဖြစ်သည့် ပုလဲရွာမှ ဦးရယ်က “စာပေမှာခါကြတော့ကျတော်တို့က မနူမနောစာတွေသင်ရတယ်။ […]

မော်ဦးမြာ မြန်မာ့ငြိမ်းချမ်းရေးသည် နောက်ပြန်ဆုတ်နေခြင်းလားဆိုပြီး ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက မေးခွန်းထုတ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားဒေသ (ကချင်၊ ရခိုင်၊ ရှမ်းမြောက်)တွေမှာ တစ်ကျော့ပြန် စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားနေခြင်းလည်းပါပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီးသားဖြစ်တဲ့ဒေသတွေမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။ “အခုချိန်ထိရပ်တန့်နေမလားလို့ ပြောလို့ မရဘဲနောက်ကိုများ ပြန်ဆုတ်နေမလားလို့ ပြောလို့ ရတဲ့အခြေအနေမျိုးမှာရှိပါတယ်။ အထူးသဖြင့်ကတော့ လက်ရှိဒီ NCA ထိုးပြီးနောက်ပိုင်းမှာ NLD အစိုးရရဲ့ သွားနေတဲ့လမ်းကြောင်းကို တချို့ကိစ္စတွေမှာ ရှေ့ဆက်ကို မတိုးနိုင်တဲ့ပုံစံတခုကို တွေ့ရတယ်ပေ့ါနော။ အဲ့ဒီဟာလည်း တခါတလေကျရင် ကျတော်တို့ တချို့ သီအိုရီအရကြည့်မယ်ဆိုရင် ကျတော်တို့က မသွားနိုင်ဘူးဆိုရင် ပြန်ကျသွားတဲ့အဓိပ္ဗါယ်ရှိတယ်ပေါ့ ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ […]