ကန္တာရဝတီတိုင်း(မ်) ကရင်နီလူငယ်တွေကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ နိုင်ငံရေးရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း ကရင်နီလူငယ်ခူးကြူးဖဲကေးက ပြောကြားလိုက်သည်။ ယနေ့လွိုင်ကော်မြို့နယ်တရားရုံးတွင် ထောင်ဒဏ်ခြောက်လချမှတ်ခံရအပြီး မီဒီယာများရဲ့မေးမြန်းမှုအပေါ်သူက ပြောကြားလိုက်ခြင်းဖြစ်သည်။ “အမျိုးသားတန်းတူရေနဲ့ငြိမ်ချမ်းရေးကို ကြွေးကြော်ပြီးတက်လာတဲ့အစိုးရလက်ထက်မှာ တိုင်းရင်းသား သမိုင်းနဲ့တိုင်းရင်းသားအခွင့်အရေးတွေကို တောင်းဆိုတဲ့သူတွေကို ထောင်သွင်းအကျဉ်းချတာဟာ အင်မတန်မှ ရုပ်ဆိုးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဆိုတော့ အမျိုးသားတန်းတူရေးလို့ပြောပြီးတော့ တိုင်းရင်းသားတွေကိုဖိနှိပ်နေတာဟာ နိုင်ငံရေးရာဇဝတ်မှုကျူးလွန်နေတာဘဲဆိုတာကို ဒီနေ့ဒီမှာအားလုံး မျက်ဝါးထင်ထင်တွေ့ပြီးဖြစ်တယ်။ ဆိုတော့ ဒါဟာနိုင်ငံရေးရာဇဝတ်မှု ကျူးလွန်တာဘဲဖြစ်တယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံထောင်ချခံကရင်နီနောက်တစ်ဦးဖြစ်သည့် ခွန်းသောမတ်စ်က ကရင်နီသမိုင်းကို ကာကွယ်တဲ့အနေနဲ့ကရင်နီ လူငယ်ထုတွေရဲ့လှုပ်ရှားမှုကိုဟန့်တားပြီး သူတို့ကို ဖမ်းဆီးလိုက်တာဒီမိုကရေစီအစိုး ရလို့ပြောပေမဲ့ အာဏာရှင်ဆန်နေသေးသည် ဟုဆိုသည်။ “ကျနော်တို့ဟာ ဖမ်းဆီးထောင်ချခံရမဲ့သူ ဖမ်းဆီးထောင်ချခံသင့်တဲ့သူတွေမဟုတ်ပါဘူး ဖမ်းဆီးထောင်ချဖို့ ခိုင်လုံတဲ့အကြောင်းလည်းမရှိပါဘူး သို့သော် .. ဒီကနေ့ကျနော်တို့ကို ဖမ်းဆီးထောင်ချလိုက်တာဟာ ဒီမိုကရေစီ အစိုးရလို့ပြောပေမဲ့ […]

ကန္တာရဝတီတိုင်း(မ်) တပ်သိမ်းထားသည့် မြေယာအတွင်း စိုက်ပျိုးထားသည့်သီးနှံများ အမြန်ဆုံးရိတ်သိမ်းပေးရန် စစ်တပ်က အမိန့်ပေးထားသဖြင့် ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာရှိတောင်သူများတချို့ အမြန်ဆုံးရိတ်သိမ်းနေရသည့်အတွက် အခက်အခဲရှိနေသည်ဟု အမည်မဖော်လိုသူ တောင်သူတစ်ဦးက ပြောပါသည်။ “လူအင်အားတွေလိုတယ်။ စက်တွေအမြန်ငှားရတယ်။ သီးနှံတွေတောင်ယာထဲကနေ အပြီးသယ်ရမယ်ဆိုတော့ သယ်ဖို့ပြုဖို့ စက်တွေ ငှားရတယ်။ တချို့ကလည်း အမြန်ငှားရန်းဖို့ မရဘူးဖြစ်နေတယ်။” ဟု တောင်သူတစ်ဦးက ပြောပါသည်။ ဒေါဆိုရှေ့ရွာရှိ အိမ်ထောင်စုများအားလုံးနီးပါရှိ အိမ်ထောင်စုများကို စစ်တပ်က တရားစွဲထားသဖြင့် ကျေးရွာအတွင်းရှိ အမျိုးသားများက ထောင်ထဲရောက်နေချိန်တွင် ယခုလို အမြန်ဆုံးရိတ်သိမ်းခိုင်းသည့်အတွက်လည်း လူအင်အား အခက်အခဲ ရှိနေသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမ္မဂ ဥက္ကဌ ကိုတူရယ်က ပြောပါသည်။ “အိမ်ထောင်ဦးစီး ပြောလို့ရတဲ့ အဖေတွေ သားတွေ၊ သမက်တွေက […]