ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ်တွင် တောင်သူများနှင့် စစ်တပ်ဖြစ်ပွားနေသည့် မြေယာအငြင်းပွားမှုပြဿနာများကို အမြန်ဆုံးဖြေရှင်းနိုင်ရန် သက်ဆိုင်ရာများက တိုင်းရင်းသားအခွင့်အရေးကာကွယ်ပေးသည့် ဥပဒေများကို သိရှိရန်လိုအပ်နေသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ပြောပါသည်။ တရားစွဲဆိုထားသည့်စစ်တပ်ဖြစ်စေ၊ တရားစွဲသည့်အဖွဲ့များဖြစ်စေ၊ ဥပဒေအရာရှိများဖြစ်စေ၊တရားသူကြီးများဖြစ်စေ၊ ရှေ့နေများဖြစ်စေ ဥပဒေများကို မြန်မြန်ဆန်ဆန်သိမှ သာလျှင် ယခု စစ်တပ်နှင့် တောင်သူဖြစ်ပွားနေသော ပြဿနာကို ဖြေရှင်းနိုင်မည်ဟု သုံးသပ်ပြောဆိုသွားခြင်းဖြစ်သည်။ “နောက် အဲမှာ သိမ်းထားတာ ကျနော်တွေ့တာက ၂၀၁၄ မြေယာလည်း မြေသိမ်းတဲ့အခါမှာ မြေသိမ်း ဥပဒေတွေ ရှိသေးတယ်။ ဟုတ်ပြီ အထောက်အထား တောင်သူတွေမှာ ဒီအမူထဲမှာ သွားတွေ့တာ အနှစ် ၅၀ စိုက်ထားတယ်ဆိုတာ။ ဒါဆို တိုင်းရင်းသားတွေရဲ့ မိရိုးဖလာ တမူထူးခြား ဆိုတာဘာလဲ။” ဟု […]