မော်ဦးမြာ ရေးသားသည်။ ကယား(ကရင်နီ)ပြည်နယ်မှာ တစ်နိုင်ငံလုံးကို အလင်းပေးနိုင်တဲ့ ရေအားလျှပ်စစ်စက်ရုံကြီး တည်ရှိနေပေမဲ့လည်း ယနေ့အချိန်ထိ မီးမလင်းနိုင်သေးတဲ့ ကျေးရွာတွေ မြောက်များစွာ ရှိနေပါသေးတယ်။ “လျှပ်စစ်မြို့တော်” လို့ အများက ခေါ်ဝေါ်ကြတဲ့ လောပီတစက်ရုံကြီး တည်ရှိတဲ့ လွိုင်ကော်မြို့နယ်အတွင်းက ကျေးရွာတွေတောင် လျှပ်စစ်ကို အလုံအလောက် အသုံးပြုမှု မရနိုင်သေးပါဘူး။ စက်ရုံကြီးနဲ့ ဝေးတဲ့ မြို့နယ်တွေအတွက်တော့ ဝေလာဝေး။ ဒီးမောဆိုမြို့နယ်အတွင်းက ကျေးရွာတွေလည်း ယနေ့အချိန်ထိ မီးမရသေးတဲ့ နေရာတွေ မြောက်များစွာ ရှိနေပါသေးတယ်။ ဒီးမောဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ရှိတဲ့ ဒေါပဲ့ဒူကျေးရွာဟာဆိုရင် ယနေ့အချိန်ထိ မီးတိုင်တောင် မစိုက်ထားသေးပါဘူး။ အိမ်ခြေ (၆၀) ဝန်းကျင်ရှိတဲ့ ဒေါပဲ့ဒူကျေးရွာက ဒေသခံတွေဟာ တစ်နိုင်တစ်ပိုင် ဝင်ငွေတွေထဲကနေ မိမိတတ်နိုင်တဲ့ […]