ဦးအယ်လ်ဖောင်းရှို ( ကယားပြည်နယ်ဝန်ကြီးချုပ်) ၂၀၂၀မှာ ကျတော်တို့ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ကျတော့်အနေနဲ့ ဆုတောင်းချင်တယ်။ နောက်ပြီးတော့ ကျတော်တို့ပြည်နယ်သူ ပြည်နယ်သားတွေအားလုံးဟာ ကျတော်နဲ့တစ်သွေးတည်း တစ်သားတည်း ဒီတိုးတက်မှုအရွေ့တစ်ခုကို ပူးပေါင်းဖော်ဆောင်ကြလိမ့်မယ်လို့ ကျတော်ယုံကြည်တယ်။ ဒီလိုပူးပေါင်းဖော်ဆောင်ခွင့်တွေကိုပေါ့နော ကျတော်နယ်ခံတိုင်းရင်းသားတစ်ယောက်ပီပီ ကျတော်အပြည့်အဝပေးထားပါတယ်။ အဲဒီနေရာမှာ ကျတော်ဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ဘူးလို့လည်း ကျတော်ပြောချင်ပါတယ်။ လူတိုင်းလူတိုင်းမှာပေါ့နော အားသာချက်တွေ အားနည်းချက်တွေရှိကြပါတယ်။ ဒါပေမယ့် ကျတော်က ကျတော့်ရဲ့အားနည်းချက်တွေကို လျော့နည်းပပျောက်အောင် အမြဲကြိုးစားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ နိုင်ငံတည်ဆောက်တဲ့နေရာမှာ တစ်ဦးတစ်ယောက်ခေါင်းနဲ့မှ မရတာ ကျတော်တစ်ယောက်တည်းနဲ့လည်း စွမ်းဆောင်လို့မရပါဘူး။ ဒါကြောင့်မလို့ ကျတော်ချစ်ခင်လေးစားအပ်တဲ့ ကျတော်တို့ ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးအနေနဲ့ပေါ့နော ကျတော်နဲ့အတူ ပြည်နယ်ရဲ့အရေး တိုင်းရင်းသားရဲ့အရေး ကျတော်တို့ရိုးရာယဉ်ကျေးမှု […]

ကန္တရဝတီတိုင်းမ် အလုပ်နှင့်ထောင်ဒဏ်၆လ ချမှတ်ခံခဲ့ရပြီး ကရင်နီ လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက မကျေနပ်လို့ ပြင်ဆင်ချက်ထပ်တက်တဲ့အပေါ်ဒီနေ့ လွိုင်ကော်ခရိုင်တရားရုံးကနေ ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ ပြည်နယ်အစိုးရမှ နိုင်လွတ်လုံ ပုဒ်မ၁၀ ဖြင့် တရားစွဲဆိုခဲ့တဲ့ လူငယ်၆ ဦးကို လွိုင်ကော်မြို့နယ်တရားရုံးက နိုဝင်ဘာလ ၇ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၆လချမှတ်လိုက်ပြီးဖြစ်ပေမယ့် ပြည်နယ်ဝန်ကြီးချုပ်ကနေ မကျေနပ်တဲ့အတွက် ထောင်ဒဏ် တစ်နှစ် ထပ်မံချပေးဖို့အတွက် ပြင်ဆင်ချက် ထပ်တက်ထားတာ ဖြစ်ပါတယ်။ ဒီလို လူငယ်တွေကို ထောင်ချတဲ့အတွက်လည်း လူငယ်တွေဘက်က မကျေနပ်လို့ အယူခံတက်ခဲ့တဲ့အပေါ်မှာလည်း ခရိုင်တရားရုံးက ပလပ်လိုက်ပြီဖြစ်တယ်လို့ တရားရင်ဆိုင်ခဲ့ရတဲ့ လူငယ်ထဲမှ ကိုဒီးဒီက အခုလို ရှင်းပြပါတယ်။ ကိုဒီးဒီက “ခရိုင်ရုံးက ကျတော်တို့ကို အမိန့်ချလိုက်တယ်ပေါ့နော […]

နော်ဒွေးအယ်ခူ ဖရူဆိုမြို့နယ် လောပလျားလဲကျေးရွာမှာ အစိုးရအသိအမှတ်ပြုကျောင်း မရှိသေးတဲ့အတွက် ကိုယ်ထူကိုယ်ထကျောင်းမှာ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာ/မတွေကို လစာပေးဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ ဒေသခံရွာသားဖြစ်တဲ့ ဦးမီရယ်က “ဆရာမလစာအတွက်ဆိုပြီး စုထားရတာပေါ့ တချို့မိသားစုတွေအတွက်ပေါ့လေ။ မရှိမဲ့ရှိမဲ့နဲ့ ကြိုးစားပြီး ပေးရှာကြပါတယ်။ တချို့မိသားစုတွေက အငှားလိုက်ပြီးတော့ပေးရတယ်။” လို့ပြောပါတယ်။ လက်ရှိကိုယ်ထူကိုယ်ထကျောင်းကို ပညာရေးမှူးရဲ့ခွင့်ပြုချက်နဲ့ ဒေသဖွံ့ဖြိုးရေးကွန်ရက် (LDN) ရဲ့ပူးပေါင်းကူညီမှုနဲ့ ရွာသူရွာသားတွေရဲ့ လုပ်အားပေးနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီကိုယ်ထူကိုယ်ထကျောင်းမှာ ကျောင်းသားတွေ ပညာသင်တာ နှစ်နှစ်ရှိပြီလို့ သိရပါတယ်။ အဲ့ဒီကျောင်းမှာ ပထမတန်းကျောင်းသားဦးရေ ၄ ဦး နဲ့ ဒုတိယတန်းကျောင်းသားဦးရေ ၃ ဦးရှိပြီး သင်ကြားပေးတဲ့ဆရာမ ၂ ဦး ရှိပါတယ်။ ဆရာမနှစ်ဦးကတော့ ကယန်းမျိုးဆက်သစ်လူငယ် […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအနေဖြင့် မိမိတို့ ပါတီဝင်များ၊ မဲဆန္ဒနယ်မှပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် ဒေသအာဏာပိုင်များက လိုက်လံဟန့်တားသည့်အပေါ် ကျိုးကြောင်းဆီလျှော်မှုမရှိဘူးလို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက သုံးသပ်ပြောဆိုလိုက်ပါတယ်။ လွိုင်ကော် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေရဲ့ လှုပ်ရှားမှုတွေကို သတိပေး ထုတ်ပြန်စာတွေ ပေးပို့ဖူးတဲ့အတွက် အခုလို တိုင်းရင်းသားပါတီတွေက တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေကို လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေသာ ညွန်ကြားသင့်တယ်လို့ ယူဆထားပြီး ယခုလို ပြည်နယ်အစိုးရမှ တဆင့် အထွေထွေအုပ်ချုပ်ရေးမှူးများက လိုက်လံညွန်ကြားနေခြင်းသည် မဖြစ်သင့်ဘူးလို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် က ပြောပါတယ်။ ၎င်းက “အခုက ပြည်နယ်အစိုးရကနေ ထုတ်ပြန်တယ်ဆိုတော့ ဘဘာဝမကျဘူးပေါ့နော်၊ အခုက အရပ်ဘက်အဖွဲ့အစည်းတွေကို […]

အစိုးရကျောင်းနဲ့ ပညာရေးအခန်းကဏ္ဍ ဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့ ဒေသနဲ့ကိုက်ညီပြီး လက်တွေ့ကျတဲ့ ပညာရေးသင်ရိုးညွှန်းတမ်းတွေကို ဖော်ဆောင်ပေးနိုင်မှ ကိုယ့်ဒေသရဲ့ ဝိသေသလက္ခဏာတွေ ပေါ်ပေါက်လာမယ်လို့ Level Up Academy Loikaw ကျောင်းအုပ်ကြီးက ပြောပါတယ်။ ရုပ်သံအပြည့်အစုံသို့ – https://www.youtube.com/watch?v=Z5mL0yk3dKA

အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းမှာ နေရာထိုင်ခင်းအခက်ကြောင့် ကျောင်းမအပ်နိုင်တော့တဲ့သူရှိနေ

စိုးထိုက်အောင် ဖရူဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ဒိုမိုဆောကျေးရွာအုပ်စု ခါးဘယ်ကျေးရွာဟာဆိုရင် ဖရူဆိုမြို့ကနေ ၃ နာရီကျော်ကျော်လောက် ကားစီးသွားရပါတယ်။ ဖရူဆိုကနေ ဟိုယာအထိလမ်းကောင်းပြီး ဟိုယာကနေ ခါးဘယ်အထိကတော့ လမ်းကြမ်းပါတယ်။ ခါးဘယ်ကျေးရွာကတော့ တောင်ကြားထဲမှာရှိပြီး အိမ်ခြေ ၈၀ခန့်ရှိပါတယ်။ အားလုံးက ကယောလူမျိုးစုတွေ နေထိုင်ကြတဲ့ ရွာလေးဖြစ်ပါတယ်။ ရွာသူရွာသားများတွေက အဓိက အားဖြင့်တောင်ယာ စပါးစိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်ကြပါတယ်။ တပိုင်တနိုင်အနေနဲ့ ကျွဲ ၊ နွား၊ဝက်တွေကို အိမ်တိုင်းနီးပါး မွေးမြူထားကြပါတယ်။ ရွာမှာ ခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနတို့ရုံးလည်းရှိနေပြီဖြစ်ပါတယ်။ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ်အနေနဲ့အဲဒီရွာကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၆ ရက်နေ့က ခါးဘယ်ရွာကို ပထမဆုံးအကြိမ်ရောက်ခဲ့ဖူးတာဖြစ်ပါတယ်။ ကယောအမျိုးသမီးအစည်းအရုံးနှင့် မျိုးဆက်သစ်ကယောလူငယ်( ဗဟို အဖွဲ့အစည်း) တို့က အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာပေးဟောပြောပွဲနောက်ကို […]

ကန္တာရဝတီတိုင်း(မ်) လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် ၂၀၁၅ တုန်းကလို အပြတ်အသတ်အနိုင်ရဖို့မလွယ်ကူတော့ကြောင်း ဒီမောဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်က ပြောဆိုလိုက်ပါတယ်။ ဒီကိစ္စဟာ လွယ်ကူမှာ မဟုတ်ကြောင်း ဦးစဲရယ်သိန်းအောင်က “ မလွယ်ဘူး .. မလွယ်တော့ဘူး … ကျနော်တို့ NLD ပါတီအနေနဲ့ကတော့ ကြိုးစားတာပေါ့လေ၊ ၂၀၁၅ တုန်းကလို အပြတ်အသတ်အနိုင်ရအောင်၊ ဒါပေမဲ့ လူတစ်ထောင်မှာ တစ်ထောင်လုံးကျနော်တို့ကိုမဲပေးဖို့က မဖြစ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။ NLD ပါတီက အစိုးရအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ကယားပြည်နယ်အစိုးရနှင့် ဒေသခံလူထုတွေအကြား ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ တောင်သူတွေ အပေါ် […]

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အတွင်း စစ်တပ်က တောင်သူတွေအပေါ်မှာ တရားစွဲဆိုထားတဲ့အပေါ် ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ ဒါရိုက်တာ ကျော်ဝဏ္ဏအောင်နှင့် မေးမြန်းချက်များကို ကောက်နုတ်တင်ပြထားပါတယ်။ မေး ။ ။ ကယားပြည်နယ်အတွင်းမှာ လက်ရှိ အစိုးရစစ်တပ်ကနေ တောင်သူတွေအပေါ် တရားစွဲဆိုထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ ဖြေ။ ။ လက်ရှိ မြန်မာ့တပ်မတော် အနေနဲ့ပေါ့ ဒေါဆိုရှေး တောင်သူတွေနဲ့ဒေါမူကလား၊ ၃မိုင်ပကြဲးစံပြကတောင်သူတွေ၊ ဒီမြေနီကုန်းကတောင်သူတွေ တရားဆွဲဆိုချက်အပေါ်မှာကျနော်ရဲ ့ထင်မြင်ယူဆချက်ပေါ့နော်။ ဘာလဲဆိုတော့ နံပတ်တစ်ကတော့ ရွာတွေကတောင်သူတွေ ဘယ်တောင်သူဖြစ်ဖြစ်ပေါ့ သူတို့က အဲ့ဒီမြေမှာလုပ်ကိုင်စားသောက်လာတာ နှစ်ပေါင်း၅၀ကျော်ပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့အခုလုပ်စားနေတာသူတို့ရွာဟောင်းတွေပဲ ဖြစ်တယ်။ တိုင်းရင်းသားရိုးရာအရသူတို့က နှစ်ပေါင်း ၅၀ လုပ်ကိုင်စားသောက်လာတဲ့လူတွေပဲ ဖြစ်တယ်။ တစ်ဖက်မှာတပ်မတော်ကလဲမြေသိမ်းထားတယ်။ မြေသိမ်းဆည်းထားပြီးတော့ ဒါ ဥပဒေနဲ့အညီသူပိုင်ဆိုင်ထားတယ် […]