ခူးကြူးဖဲကေး (ခေါ် ) ဂူဂူးနှင့် တွေ့ဆုံခြင်း

“NLD ဆိုတာက အာဏာရှင်ကိုတော်လှန်ခဲ့တဲ့ ပါတီတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိအချိန်မှာ အာဏာရှင်တွေရဲ ့လုပ်ထုံးလုပ်နည်းကို လိုက်ပါလုပ်ဆောင်နေတဲ့အပေါ်လူထုက အဆုံးအဖြတ်ပေးပါလိမ့်မယ် ” ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် ကြေငြာချက် ထုတ်ပြန် လက်မှတ်ရေးထိုးပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့တဲ့အတွက် နိုင်လွတ်လုံ ပုဒ်မ (၁၀) နဲ့တရားစွဲခံခဲ့ရတဲ့ လူငယ်၆ဦးကို အလုပ်နဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရပါတယ်။ ကရင်နီလူငယ်တွေ ယခုလမှာအားလုံးပြန်လည်လွတ်မြောက်လာတော့မှာဖြစ်ပါတယ်။ ကရင်နီလူငယ်တွေပြန်လည်လွတ်မြောက်လာတာကို ပြည်နယ်အစိုးရအဖွဲ့ တရားလိုဘက်က မကျေနပ်တဲ့အတွက် ခရိုင်တရားရုံးမှာ အမှုကိုပြင်ဆက်ချက်တက်လိုက်ပြီး ယခုလ (၆) ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ ခူးကြူးဖဲကေး (ခေါ် […]

၂၀၂၀ ခုနှစ်ဆီသို့ လျှောက်လှမ်းခြင်း

ဘိုထီ း(ငွေတောင်ပြည်) ရေးသားသည်။ မြန်မာနိုင်ငံမှာနှစ်ပေါင်း (၇၀)နီးပါးကြုံတွေ့တဲ့အခက်ခဲရဲ့ အဓိကအကြောင်းအရင်းဟာ အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်ကြောင့်ပဲဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်အများဆုံးရှိတဲ့ နိုင်ငံဟာ အခက်ခဲအများဆုံးကို ကြုံတွေ့ရပြီး အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက် အနည်းဆုံးရှိတဲ့နိုင်ငံဟာ အခက်ခဲအနည်းဆုံးကိုကြုံတွေ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး ယနေ့ထိမြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အထွေထွေရွှေးကောက်ပွဲဟာ အုပ်ချုပ်ရေးအာဏာရရှိဖို့အဓိက ရည်ရွယ်ပြီး ပြုလုပ်တဲ့ရွှေးကောက်ပွဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့စနစ်တစ်ခုပေါ်ပေါက်လာဖို့ရည်ရွယ်တဲ့ ရွှေးကောက်ပွဲ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကောင်းမွန်တဲ့စနစ်တစ်ခုကို မတည်ဆောက်နိုင်သေးပဲ ရွှေးကောက်ပွဲကို ပြုလုပ်တာကြောင့်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်တုန်းက အုပ်ချုပ်ရေးအာဏာရယူထားတဲ့ ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာဈေးကွက်စီးပွားရေးစနစ်ကို ဖျက်သိမ်းပြီး တံခါးပိတ်ဝါဒကျင့်သုံးခဲ့သည်။ စီးပွားရေးလုပ်ငန်းမှန်သမျှပြည်သူပိုင်သိမ်းတယ်။ စီးပွားရေးကမောက်ကမဖြစ်ကုန်တယ်။ အစစအရာရာရှားပါးပြီး ’’အုပ်ချုပ်ရေးအာဏာဈေးမဆစ်နဲ့၊ တွေ့ရင်ဝယ်ထားဈေးမများ’’ ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဈေးမဆစ်တော့ဘဲ ပစ္စည်းရရှိဖို့ပဲ အလုအယှက်ဝယ်ထားကြရပါတယ်။ ၂၆ […]