ကရင်နီအမျိုးသမီး ၁၆ ရက်တာ လှုပ်ရှားမှုပိတ်ပင်ခံရသည့်အပေါ် တက်ကြွလှုပ်ရှားသူတွေရဲ့ သုံးသပ်ချက် အချို့

ကမ္ဘာတဝန်းက အသိအမှတ်ပြုထားတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့(၁၆) ရက်တာ လှုပ်ရှားမှုကို နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပလေ့ရှိပါတယ်။ ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာလည်း အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ၁၆ ရက်တာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၅ ရက်နေ့မှာ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) က ဘောလခဲ မြို့နယ်၊ ချိကွဲ့ကျေးရွာမှာ ပြုလုပ်မဲ့အပေါ် ဒေသအာဏာပိုင်တွေက လာရောက်ပိတ်ပင်တားဆီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေရဲ့ သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဟာ(၁၆ ရက်တာ လုပ်ရှားမှု)က တကယ့်ကို တကမ္ဘာလုံးပေါ့နော လုပ်နေကြတဲ့အရာဖြစ်တယ်ပေါ့နော […]