ကန္တာရဝတီတိုင်း(မ်) ကလေးတွေနဲ့မိခင်တွေ အမျိုးသမီးတွေအများစုလိုက်စီးလာတဲ့ ထော်လဂျီစက်တစ်စီးဟာဆိုရင် ဒီးမော့ဆိုမြို့နယ် တရားရုံးရှေ့ကို ပုံမှန် တစ်ပတ်တစ်ကြိမ်ရောက်ရှိလာစမြဲပါ။ သူတို့တွေဟာဆိုရင် ဒေါဆိုရှေးကျေးရွာကနေ လာကြတဲ့သူတွေဖြစ်ကြပါတယ်။ ထော်လဂျီစက်ပေါ်မှာဆိုလျှင် အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခြောက်တွေ၊ထမင်းဗူးတွေက ပုလိုင်းတွေ၊ ခြင်းတောင်းတွေနဲ့အပြည့်တွေ့ရမှာဖြစ်ပါတယ်။ တရားရုံးချိန်းရှိတုန်း သူတို့ရဲ့ အမျိုးသားတွေအတွက် ထောင်ထဲမှာစားစရာတွေသယ်သွားနိုင်ဖို့အရောက်လာပို့ ပေးကြတာဖြစ်ပါတယ်။ တချို့အမျိုးသားတွေကတော့ ဆိုင်ကယ်တွေနဲ့ စားစရာတွေသယ်လာပြီးတော့ သူတို့သားတွေကိုလာပို့ဖို့ ရောက်လာကြပါတယ်။ ဒေါဆိုရှေးတောင်သူတစ်ဦးဖြစ်တဲ့ ဦးလီဖဲက “ကျနော့်သားကို ကျနော်လာကြည့်တာ ဘာမှလည်း မကျွေးနိုင်ဘူး၊ မယူလာနိုင်ဘူး။ ဒါပေမဲ့ သူ့ကို တွေ့ချင်တော့ ရုံးချိန်းတိုင်း ကျနော်လာတယ်။ အရမ်းခက်ခဲပင်ပန်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လုပ်ဖို့လည်း သူ့ကလေးတွေလည်း အရမ်းငယ်သေးတယ်။ ကျနော်လည်း သူ့ကို မကူညီနိုင်ဘူး။ အချုပ်ကျတာလည်း ၂ လ […]

ကန္တာရဝတီတိုင်း(မ်) အစိုးရကျောင်း နဲ့ ပညာရေး အခန်းကဏ္ဍဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒေသနဲ့ ကိုက်ညီပြီး လက်တွေ့ကျတဲ့ ပညာရေးသင်ရိုးညွန်းတမ်းတွေကို ဖော်ဆောင်ပေးနိုင်မှ ကိုယ့်ဒေသရဲ့ ဝိသေသလက္ခဏာ တွေ ပေါ်လာမယ်လို့ Level Up Academy Loikaw ကျောင်းမှ ကျောင်းအုပ် ဆရာမ အဲလစ်ထွန်းက ပြောပါတယ်။ “ကျမတို့ကျောင်းကလည်း တစ်နှစ်မှာမှ ၃၆ ယောက်ပဲ ကြိုးစားနေတယ်။ အများကြီးလုပ်နိုင်ကြမယ်ဆို ပိုထိရောက်တယ်။ ကျမတို့ကျောင်းပဲမဟုတ်ဘူး။ တခြားပညာရေးလုပ်နေတဲ့ကျောင်းတွေ အစိုးရကျေင်းတွေ အဖွဲ့အစည်းတွေ အားလုံးကိုယ့်ရဲ့ဒေသနဲ့ကိုက်ညီတဲ့ ပညာရေးစနစ်ကိုဖော်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ လူငယ်တွေလည်း သူများကိုပဲအထင်မကြီးနဲ့ နိုင်ငံခြားတွေပဲ အထင်ကြီးတာမျိုးမဟုတ်ပဲ ကိုယ့်ဒေသကိုယ်လည်းကိုယ်အခြေခံပြီး ဘာတွေလေ့လာရလဲဆိုတာ ဦးစားပေးမယ်ဆိုရင် ကိုယ့်ရဲ့ identity ပိုပြီးတော့မှရလာမယ်။ ပိုပြီးဂုဏ်ယူစရာကောင်းလာမယ်လို့ထင်ပါတယ်။” […]

မော်ဦးမြာ ကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်မှု တူရိယာတွေကို တစ်နေ့ပြီးတစ်နေ့ လက်ထဲကနေ မချနိုင်ပဲ လာရောက်လည်ပတ်တဲ့ ဧည့်သည်တော်တွေကို ဖျော်ဖြေပေးနေရတာကတော့ အသက် ၇၂ နှစ် အရွယ် ဦးမီရယ်နဲ့ အသက် ၇၀ အရွယ် ဇနီးဒေါ်စိုးမြာတို့ပဲ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ ဒီးမောဆိုမြို့နယ်၊ တနီးလားလဲကျေးရွာမှာ နေထိုင်ပါတယ်။ လက်ရှိမှာတော့ တနီးလားလဲကျေးရွာဟာ ပြည်နယ်အစိုးရမှ ခရီးသွားကျေးရွာအဖြစ် သတ်မှတ်ထားတဲ့နေရာတွေထဲက တစ်နေရာအဖြစ် ပါဝင်နေပါတယ်။ ပြည်တွင်း၊ပြည်ပက ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တိုင်း သူတို့ဇနီးမောင်နှံက သူတို့ကိုယ်တိုင် ပြုလုပ်ထားတဲ့ ဝါးတူရိယာတွေကို တီးခတ်ပြပြီး ကယားရိုးရာတေးတွေကိုလည်း သီဆိုပြလေ့ရှိပါတယ်။ “ ဘာအကျိုးတွေရလဲဆိုတော့ သူတို့ရောက်လာတော့ ကျတော်တို့ ငယ်ငယ်တုန်းကဆိုရင် မမြင်ဖူးဘူးလေ။ အခု […]