၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှာ NLD အပြတ်အသတ်နိုင်ဖို့ မသေချာတော့ဟုဆို

ကန္တာရဝတီတိုင်း(မ်) လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် ၂၀၁၅ တုန်းကလို အပြတ်အသတ်အနိုင်ရဖို့မလွယ်ကူတော့ကြောင်း ဒီမောဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်က ပြောဆိုလိုက်ပါတယ်။ ဒီကိစ္စဟာ လွယ်ကူမှာ မဟုတ်ကြောင်း ဦးစဲရယ်သိန်းအောင်က “ မလွယ်ဘူး .. မလွယ်တော့ဘူး … ကျနော်တို့ NLD ပါတီအနေနဲ့ကတော့ ကြိုးစားတာပေါ့လေ၊ ၂၀၁၅ တုန်းကလို အပြတ်အသတ်အနိုင်ရအောင်၊ ဒါပေမဲ့ လူတစ်ထောင်မှာ တစ်ထောင်လုံးကျနော်တို့ကိုမဲပေးဖို့က မဖြစ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။ NLD ပါတီက အစိုးရအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ကယားပြည်နယ်အစိုးရနှင့် ဒေသခံလူထုတွေအကြား ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ တောင်သူတွေ အပေါ် […]

“တောင်သူလယ်သမားတွေအတွက် နိုင်ငံတော်အစိုးရအနေနဲ့ အစီအစဉ်ရေးဆွဲချမှတ်ပြီး ဖြေရှင်းသင့်ပြီ။”

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အတွင်း စစ်တပ်က တောင်သူတွေအပေါ်မှာ တရားစွဲဆိုထားတဲ့အပေါ် ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ ဒါရိုက်တာ ကျော်ဝဏ္ဏအောင်နှင့် မေးမြန်းချက်များကို ကောက်နုတ်တင်ပြထားပါတယ်။ မေး ။ ။ ကယားပြည်နယ်အတွင်းမှာ လက်ရှိ အစိုးရစစ်တပ်ကနေ တောင်သူတွေအပေါ် တရားစွဲဆိုထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ ဖြေ။ ။ လက်ရှိ မြန်မာ့တပ်မတော် အနေနဲ့ပေါ့ ဒေါဆိုရှေး တောင်သူတွေနဲ့ဒေါမူကလား၊ ၃မိုင်ပကြဲးစံပြကတောင်သူတွေ၊ ဒီမြေနီကုန်းကတောင်သူတွေ တရားဆွဲဆိုချက်အပေါ်မှာကျနော်ရဲ ့ထင်မြင်ယူဆချက်ပေါ့နော်။ ဘာလဲဆိုတော့ နံပတ်တစ်ကတော့ ရွာတွေကတောင်သူတွေ ဘယ်တောင်သူဖြစ်ဖြစ်ပေါ့ သူတို့က အဲ့ဒီမြေမှာလုပ်ကိုင်စားသောက်လာတာ နှစ်ပေါင်း၅၀ကျော်ပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့အခုလုပ်စားနေတာသူတို့ရွာဟောင်းတွေပဲ ဖြစ်တယ်။ တိုင်းရင်းသားရိုးရာအရသူတို့က နှစ်ပေါင်း ၅၀ လုပ်ကိုင်စားသောက်လာတဲ့လူတွေပဲ ဖြစ်တယ်။ တစ်ဖက်မှာတပ်မတော်ကလဲမြေသိမ်းထားတယ်။ မြေသိမ်းဆည်းထားပြီးတော့ ဒါ ဥပဒေနဲ့အညီသူပိုင်ဆိုင်ထားတယ် […]