အစိုးရကျောင်းနဲ့ ပညာရေးအခန်းကဏ္ဍ ဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့ ဒေသနဲ့ကိုက်ညီပြီး လက်တွေ့ကျတဲ့ ပညာရေးသင်ရိုးညွှန်းတမ်းတွေကို ဖော်ဆောင်ပေးနိုင်မှ ကိုယ့်ဒေသရဲ့ ဝိသေသလက္ခဏာတွေ ပေါ်ပေါက်လာမယ်လို့ Level Up Academy Loikaw ကျောင်းအုပ်ကြီးက ပြောပါတယ်။ ရုပ်သံအပြည့်အစုံသို့ – https://www.youtube.com/watch?v=Z5mL0yk3dKA

အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းမှာ နေရာထိုင်ခင်းအခက်ကြောင့် ကျောင်းမအပ်နိုင်တော့တဲ့သူရှိနေ

စိုးထိုက်အောင် ဖရူဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ဒိုမိုဆောကျေးရွာအုပ်စု ခါးဘယ်ကျေးရွာဟာဆိုရင် ဖရူဆိုမြို့ကနေ ၃ နာရီကျော်ကျော်လောက် ကားစီးသွားရပါတယ်။ ဖရူဆိုကနေ ဟိုယာအထိလမ်းကောင်းပြီး ဟိုယာကနေ ခါးဘယ်အထိကတော့ လမ်းကြမ်းပါတယ်။ ခါးဘယ်ကျေးရွာကတော့ တောင်ကြားထဲမှာရှိပြီး အိမ်ခြေ ၈၀ခန့်ရှိပါတယ်။ အားလုံးက ကယောလူမျိုးစုတွေ နေထိုင်ကြတဲ့ ရွာလေးဖြစ်ပါတယ်။ ရွာသူရွာသားများတွေက အဓိက အားဖြင့်တောင်ယာ စပါးစိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်ကြပါတယ်။ တပိုင်တနိုင်အနေနဲ့ ကျွဲ ၊ နွား၊ဝက်တွေကို အိမ်တိုင်းနီးပါး မွေးမြူထားကြပါတယ်။ ရွာမှာ ခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနတို့ရုံးလည်းရှိနေပြီဖြစ်ပါတယ်။ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ်အနေနဲ့အဲဒီရွာကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၆ ရက်နေ့က ခါးဘယ်ရွာကို ပထမဆုံးအကြိမ်ရောက်ခဲ့ဖူးတာဖြစ်ပါတယ်။ ကယောအမျိုးသမီးအစည်းအရုံးနှင့် မျိုးဆက်သစ်ကယောလူငယ်( ဗဟို အဖွဲ့အစည်း) တို့က အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာပေးဟောပြောပွဲနောက်ကို […]