နှစ်သစ်ဆုတောင်း

ဦးအယ်လ်ဖောင်းရှို ( ကယားပြည်နယ်ဝန်ကြီးချုပ်) ၂၀၂၀မှာ ကျတော်တို့ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ကျတော့်အနေနဲ့ ဆုတောင်းချင်တယ်။ နောက်ပြီးတော့ ကျတော်တို့ပြည်နယ်သူ ပြည်နယ်သားတွေအားလုံးဟာ ကျတော်နဲ့တစ်သွေးတည်း တစ်သားတည်း ဒီတိုးတက်မှုအရွေ့တစ်ခုကို ပူးပေါင်းဖော်ဆောင်ကြလိမ့်မယ်လို့ ကျတော်ယုံကြည်တယ်။ ဒီလိုပူးပေါင်းဖော်ဆောင်ခွင့်တွေကိုပေါ့နော ကျတော်နယ်ခံတိုင်းရင်းသားတစ်ယောက်ပီပီ ကျတော်အပြည့်အဝပေးထားပါတယ်။ အဲဒီနေရာမှာ ကျတော်ဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ဘူးလို့လည်း ကျတော်ပြောချင်ပါတယ်။ လူတိုင်းလူတိုင်းမှာပေါ့နော အားသာချက်တွေ အားနည်းချက်တွေရှိကြပါတယ်။ ဒါပေမယ့် ကျတော်က ကျတော့်ရဲ့အားနည်းချက်တွေကို လျော့နည်းပပျောက်အောင် အမြဲကြိုးစားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ နိုင်ငံတည်ဆောက်တဲ့နေရာမှာ တစ်ဦးတစ်ယောက်ခေါင်းနဲ့မှ မရတာ ကျတော်တစ်ယောက်တည်းနဲ့လည်း စွမ်းဆောင်လို့မရပါဘူး။ ဒါကြောင့်မလို့ ကျတော်ချစ်ခင်လေးစားအပ်တဲ့ ကျတော်တို့ ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးအနေနဲ့ပေါ့နော ကျတော်နဲ့အတူ ပြည်နယ်ရဲ့အရေး တိုင်းရင်းသားရဲ့အရေး ကျတော်တို့ရိုးရာယဉ်ကျေးမှု […]