ကန္တရဝတီတိုင်း(မ်) ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဘန့်ဘားကျေးရွာအုပ်စု တတန်ကူးကျေးရွာနယ်နမိတ်မှာရှိတဲ့ ရားရေတံခွန်မှာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ တည်ထားတဲ့ မယ်တော်ရုပ်တုဖျက်ဆီးခံရမှု အတွက် အရေးယူပေးဖို့ကို သက်ဆိုင်ရာကို တောင်းဆိုထားတယ်လို့ ကယန်းအမျိုးသားညီညွတ်ရေးဦးဆောင်ကော်မတီ အတွင်းရေးမှူး ခွန်းတင်နုက ပြောကြားလိုက်ပါတယ်။ “ နံပတ်တစ်က ကျူးလွန်သူတွေကိုဖော်ထုတ်ပြီးမှ အရေးယူပေးမှ ကျနော်တို့ဘက်က ကျေအေးပေးနိုင်မှာပေါ့နော်၊ နောက်တစ်ခုက နောက်နောင်ဒီလိုထပ်မဖြစ်အောင် ကျနော်တို့က တားမြစ်လုပ်ဆောင်ပေးဖို့ဆိုတဲ့အချက်နှစ်ချက်ကို ကိုင်စွဲထားတာပေါ့နော်” လို့ ခွန်းတင်နုက ပြောပါတယ်။ ဇန်နဝါရီလ (၁၈)နှင့် (၁၉)မနက်ပိုင်းလောက်မှာ လူတစုက လက်နက်တွေ ကျောက်တုံးတွေနဲ့ ပစ်ပေါက် ဖျက်ဆီးခံခဲ့ရတာပါ။ လက်ရှိမှာ ဖျက်ဆီးခံခဲ့ရတဲ့ မယ်တော်ရုပ်တုကို ပြန်လည်ပြင်ဆင်ဖို့အစီအစဉ်မရှိသေးဘဲ သက်သေ အထောက်အထားအဖြစ်ထားရှိသွားမှာဖြစ်တယ်လို့လည်း ခွန်းတင်နုက ပြောပါတယ်။ မယ်တော်ရုပ်ထုတည်ထားရာ ပတ်ဝန်းကျင်မှာ ပြည်သူ့စစ် […]

နော်ဒွေးအယ်ခူ ဒေသခံလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းတွေက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြုလုပ်တဲ့ အကြီးစား ဝက်မွေးမြူရေးစီမံကိန်းနဲ့ပတ်သက်လို့ ကြိုတင်အသိပေးတိုင်ပင်မှုနဲ့ လူထုသဘောထားရယူထားတာမရှိဘူးလို့ ပြောဆိုခဲ့တာကြောင့် ကုမ္ပဏီဖက်က တာဝန်ရှိသူတွေက ၎င်းတို့ရဲ့လုပ်ငန်းကို ပြန်လည်ချပြ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြန် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ စီမံကိန်းတာဝန်ခံ ကိုသိန်းနိုင်ဝင်း “ကျတော်တို့က ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံမှုလာလုပ်တဲ့အတွက်ကြောင့် သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ သူတို့ရဲ့စီးပွားရေးတို့ကို ထိခိုက်မယ့်ကိစ္စမျိုးတွေ ကျတော်တို့ အလေးထားပြီးဆောင်ရွက်ရမှာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လဲ ကျတော်တို့ သူတို့နဲ့ထပ်ပြီး တွေ့ဆုံသွားမှာပါ။ သူတို့ လုံးဝ ၁၀၀ရာခိုင်နှုန်း လက်ခံနိုင်တဲ့အတိုင်းအတာထိကို ကျတော်တို့ကလည်း နည်းမှန်လမ်းမှန်နဲ့ တကယ်ဆောင်ရွက်ထားတဲ့ဟာတွေကို ချပြဆွေးနွေးသွားမှာပါ”လို့ ပြောပါတယ်။ နယ်သာလန် နိုင်ငံအခြေစိုက် ပြင်သစ်ဝက်မျိုးပွားခြံ De Heus Myanmar Co.,Ltd […]

ကန္တရဝတီတိုင်း(မ်) တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ဝူဟန်ကိုရိုနာဗိုင်းရပ် (အဆုတ်ရောင်ရောဂါ) ကူးစက်ပျံပွားနှုန်းနှင့် ပတ်သက်ပြီး ကယားပြည်နယ်တွင်လည်း ကြိုတင်ကာကွယ်မှုလုပ်ငန်းစဉ်များကို စတင်နေပြီဖြစ်ကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။ “ရောဂါရဲ့ သဘောသဘာဝနဲ့ ဘယ်လိုကူးစက်နိုင်သလဲဆိုရင် ပြည်သူလူထုအကြားသိရှိဖို့အတွက် သေသေချာချာပညာပေးပြီးတော့ ဆောင်ရန်ရှောင်ရန်လေးကို သိရှိနိုင်ဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်” ဟု ဒေါက်တာဌေးလွင်ကပြောပါတယ်။ ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကြိုတင်ကာကွယ်ဆောင်ရွက်ရေးနှုင့်ပတ်သက်၍ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေးဌာနမှတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ မီဒီယာတွေကို ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး(အဆုတ်ရောင်ရောဂါ)ဟာ နိုင်ငံပေါင်း ၁၈နိုင်ငံအထိ ကူးစက်ပျံ့ပွားနေပြီး ဇန်နဝါရီလ ၂၈ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၄၀၀၀ကျော်ရှိနေပြီး သေဆုံးသူ ၁၀၀ကျော် ရှိနေပြီဖြစ်ပါတယ်။ […]

စိုးထိုက်အောင် ကယားပြည်နယ် ဒီးမော့ဆိုမြို့ငွေတောင်ရွာမှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို လက်တွေ့ ပညာသင်ကြားဖို့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သီးနှံကာကွယ်ရေးဌာန ဌာနမူး ဒေါ်စန်းစန်းနွယ်က ပြောပါတယ်။ ၎င်းက “လိုအပ်တဲ့ပစ္စည်းတွေအနေနဲ့ကတော့ (Microscope) တွေဘာတွေေတော့ လိုပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ကျောင်းသားအားလုံးကို သင်ကြားပေးနိုင်ဖို့ကေတော့ (Microscope) ကတော့ အနည်းဆုံး ၁၀ခုလောက်ရှိမှ ဖြစ်မှာ တစ်ခုထဲပဲ ရှိတာဆိုတော့ သင်ကြားရေးမှာတော့ သိပ်ပီးတော့ အရမ်းကြီးတော့ အဆင် မပြေဘူးပေါ့။” လို့ပြောပါတယ်။ အဏုကြည့်မှန်ဘီလူး (Microscope)ဟာဆိုလျှင် သင်ကြာရေးအပိုင်းရဲ့ လက်တွေ့သင်ကြားရတဲ့ ဓါတ်ခွဲခန်းထဲမှ သီးနှံတွေထဲ ကျရောက်နေတဲ့ ပိုးမွားတွေကို ကြည့်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ အခုလို သင်ထောက်ကူပစ္စည်းတွေ မလုံလောက်တဲ့အတွက် သင်ကြားရေးအပိုင်းမှာ ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။ […]

အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးအတွက် ဆွေးနွေးပွဲတွေမှာ ထိထိရောက်ရောက်ဆွေးနွေးပေးစေလို

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ရှားတောမြို့နယ်တွင်း အခြေပြုလှုပ်ရှားနေတဲ့ အစိုးရတပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပြောက်ကျားတပ်ဖွဲ့အခြေပြုရာ နေရာကို လိုက်လံရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရှားတောမြို့နယ် KNPP ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ပြောကြားချက်အရ သိရပါတယ်။ အစိုးရတပ် ၇၂ မှ ဒု-တပ်ရင်းမှူးဦးဆောင်တဲ့ အင်အား ၂၀ ခန့်ပါအဖွဲ့က ယခုလ (၂၀) ရက်နေ့က နယ်မြေကျွမ်းကျင် အရပ်သားပြည်သူတစ်ဦးကို ခေါ်ဆောင်ပြီး လိုက်လံရှာဖွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တပ်မတော်လှုပ်ရှားစစ်ကြောင်းမှ KNPP သစ်ထုတ်လုပ်နေမှုကို ဖမ်းဆီးမည်ဟုအကြောင်းပြချက်ဖြင့် အရပ်သားကိုခေါ်ဆောင်လမ်းပြခိုင်းခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ KNPP အနေဖြင့်သစ်ထုတ်လုပ်ခြင်းမရှိဘဲ ဒေသခံများအိမ်ဆောက်ရန်နှင့် လိုအပ်တဲ့ အဆောက်အဦးဆောက်လုပ်ဖို့ သစ်ကို အကန့်အသတ်ဖြင့် ခုတ်ခွင့်ပေးထားခြင်းသာဖြစ်တယ်လို့ ရှားတောမြို့ KNPP ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ဆရာတော်ရယ်က […]

ကယားပြည်နယ် တိုးတက်စေဖို့ ပြည်သူတွေကိုယ်တိုင်လုပ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အန်ထောနီ ဒုက္ခသည်ပြန်လည်နေရာချထားရေးကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုရှိရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်တွေရရှိဖို့လိုသလို ဥပဒေတွေလည်း အမြန်ဆုံး ပေါ်ပေါက်ဖို့ လိုပါတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)မှ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) ဗဟိုကော်မတီဝင် မူရင်းအားပိုင်က ပြောပါတယ်။ “အမျိုးသမီးရူ့ထောင့်ကနေကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ဘဝလံှုခြုံမူ့ အထူးသဖြင့် ဒုက္ခသည်ပြန် လည်နေရာချထားရေး ကိစ္စတွေမှာ အစိုးရအနေနဲ့ထိထိရောက်ရောက် ဆောင်ရွက်စေချင်ပါတယ်။ မငြိမ်းချမ်း တဲ့အတွက်ကြောင့် ပြည်သူလူထုတွေလည်း မငြိမ်းချမ်းတဲ့ဒဏ်တွေ ခံစားနေရတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ အထူးသဖြင့် ဒုက္ခသည်တွေကို အမြနဆုံးပြန်လည်နေရာချထားရေးနှင့် အမြန်ဆုံး နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့အတွက် သဘေားတူညီချက်အမြန်ဆုံး ရပါစေလို့ဆန္ဒပြုပါတယ်။” လို့ မူရင်းအားပိုင်ကပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှှုှု ကာကွယ်တားဆီးရေးဥပဒေဆိုတာ မူကြမ်းအဆင့်လောက်ပဲရှိနေသေးတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုတွေအတွက်က စိုးရိမ်ရသလိုစစ်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုလုံးဝမရှိသေးဘူးလို့ဆိုပါတယ်။ ၎င်းအကြောင်းအရာနဲ့ပတ်သက်လို့ […]