နှစ်သစ်မှာ စိတ်ချမ်းသာစေမည့်လုပ်ရပ်များ အမြန်ဆုံးပေါ်ပေါက်လာပါစေ

ကန္တာရဝတီတိုင်း(မ်) ၂၀၁၉ခုနှစ်အတွင်းမှာ ပြည်နယ်ရဲ့ငြိမ်းချမ်းရေးအခြေအနေရ ပြန်လေ့လာကြည့်ရင်တော့ တိုက်ပွဲဖြစ်ပွားမှုတွေ မရှိခဲ့ပါဘူး။ ဒီအပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကော အစိုးရစစ်တပ်တွေဘက်ကိုကော လေးစားအသိအမှတ်ပြုရမည့် အခြေအနေတခုဖြစ်ပါတယ်။ တိုက်ပွဲမဖြစ်လို့ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းနေပြီလို့လည်း မှတ်ချက်ပြောဆိုလို့မရပြန်ပါဘူး။ ပြည်နယ်ရဲ့ တည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးကိုထိခိုက်စေတဲ့ ဖြစ်ရပ်ကြီးနှစ်ခုဖြစ်ပေါ်ပေါက်ခဲ့ပါသေးတယ်။ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တည်ထားတဲ့ကိစ္စရပ်မှာ ဗိုလ်ချုပ်ကြေးရုပ်မတည်ဖို့ ပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေအကြားမှာ ၂၀၁၈ ခုနှစ်ကတည်းက ပဋိပက္ခဖြစ်နေခဲ့ကြတာ အခုချိန်ထိ ပြဿနာက မပြီးသေးပါဘူး။ ဗိုလ်ချုပ်ကြေးရုပ်ကို တည်ထားလို့ ကရင်နီလူငယ်ကနေ ပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတို့ကို ကရင်နီအမျိုးသားသစ္စာဖောက် ၊ တိုင်းရင်းသား အချင်းချင်းသွေဖယ်အောင်လုပ်တယ်ဆိုပြီး ပြောထားတဲ့အပေါ်မှာ အစိုးရကနေ တရားပြန်စွဲလို့ လွိုင်ကော်မြို့နယ်တရားရုံးကနေတောင် အလုပ်နဲ့ထောင် ၆ လဆိုပြီး ပစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ အဲဒီလို ပစ်ဒဏ်လည်းချမှတ်ခံရတဲ့အပေါ် ပြည်နယ်အစိုးရ […]