နော်ဒွေးအယ်ခူ ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တပ်ကနေတောင်သူတွေကိုသိမ်းထားတဲ့ မြေပြန်ပေးဖို့ကိစ္စ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် ပြည်ထောင်စုအစိုးရထံ ပြန်ပေးသင့်တယ်ဆိုတဲ့ သဘောထားမှတ်ချက်ကိုသာပေးနိုင်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြောပါတယ်။ ဝန်ကြီးချုပ်က “ပြည်ထောင်စုကို ဒီအပေါ်မှာ စီမံပြီးမှ သူတို့ပေးတဲ့ ကဏ္ဍလေးကျန်နေတယ်။ သူတို့စီစစ်နေတယ် စီစစ်ပြီးမှသူတို့ပေးသင့်ပေးထိုက်တယ်ဆိုရင် သူတို့ပြန်ပေးဖို့ လုပ်မှာပေါ့။ ဒါကို ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်မှမရှိတာ”လို့ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလ ၃၁ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ ကန္တာရဝတီတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံမေးမြန်းချိန်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တောင်သူမြေသိမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရရုံးမှာ တင်ပြစာတွေရောက်ရှိသလို ဆပ်ကော်မတီ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဝန်ကြီးချုပ်က တွေ့ဆုံရှင်းလင်းချပြမှုတွေလုပ်သလို အဲဒီဆွေးနွေးမှုတွေရဲ့ရလဒ်တွေကို ပြည်ထောင်စုကိုပေးပို့ထားပြီး ပြန်လည်စွန့်လွှတ်ပေးဖို့ တင်ပြထားတာရှိတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ “ဒီကိစ္စကိုတော့ ဒီအတိုင်းလက်ပိုက်ပြီး ကြည့်နေတာတော့မဟုတ်ပါဘူး […]

“အခုက ဒီ ၂၀၂၀ ရွေးကောက်ပွဲနီးလာတဲ့အတွက် ဟန်ဆောင် ကော်မတီဖွဲ့ပြီး တိုင်းရင်းသားဒေသမှာ လွဲမှားမှုရှိခဲ့တဲ့ဟာတွေကို ဒီကော်မတီနဲ့ပြန်ဖြည့်မယ်ဆိုတဲ့ပုံစံမျိုးဘဲ။” ကယားပြည်နယ်မှာ တိုင်းရင်းသားတွေနဲ့ အငြင်းပွားနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကို ဖြေရှင်းဖို့နဲ့တိုင်းရင်းသားဒေသတွေမှာ စစ်ဘက်ရေးရာကိစ္စကလွဲပြီး အငြင်းပွားစရာကိစ္စရပ်တွေကို ဖြေရှင်းဖို့ဆိုပြီး NLD ပါတီက အဖွဲ့ဝင် (၁၅) ဦးပါရှိတဲ့ ဗဟိုတိုင်းရင်းသားရေးရာကော်မတီကို ဒီလ (၂) ရက်နေ့ကဖွဲ့စည်းလိုက်ပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ကော်မတီနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွေ့ရေးနဲ့ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားသူတစ်ဦးလည်းဖြစ်၊ ပြည်နယ်အစိုးရက ပုဒ်မ ၁၀ နဲ့တရားစွဲပြီး ထောင်ဒဏ် (၆) လ ကျခံခဲ့ရတဲ့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခွန်းသောမတ်စ်ကို ကန္တာရဝတီတိုင်းမ်က မေးမြန်းထားပါတယ်။ KT – ထောင်ကလွတ်လာပြီး ဘာတွေများလှုပ်ရှားနေလဲ။ ခွန်းသောမတ်စ် – ထောင်ကလွတ်လာပြီးနောက်ပိုင်းတော့ ကြေးရုပ်နဲ့ပတ်သက်ပြီး လှုပ်ရှားမှုတော့မရှိဘူးပေါ့နော်။ […]

ကျော်စိုးသူ (လွှတ်တော်) Economic Development ရေးသားသည်။ ပြီးခဲ့တဲ့ရက်ပိုင်းက မော်ချီးဒေသ၊ လိုခါးလို ကျေးရွာတွင် ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားသို့ သွားရောက်ခဲ့ရာတွင် ကြုံတွေ့ခဲ့ရသော လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ဒေသခံ တိုင်းရင်းသားဒေသများ အကြောင်းကို သိခဲ့ရပေသည်။ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးမှာ အဆိုပါ ဒေသအတွက် အဓိက စိန်ခေါ်မှုလိုပင်ဖြစ်နေပါသည်။ ကားတစ်စီးစာ ပင်မနည်း ရှောင်တိမ်းမောင်းနှင်နေရသလို လမ်းအတွင်း ကားနှစ်စီး မျက်နှာချင်းဆိုင်မိပါက နောက်ပြန်ဆုတ်ပေးရသည်အထိ လမ်းများမှာ အလွန်တရာ ကျဉ်းမျောင်း လှပေသည်။ လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ကျန် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွားရေး အခြေအနေ များမှာလည်း ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး […]