“မနေ့ကမှ လွိုင်ကော်က ပရိသတ်တစ်ယောက်က အဲ့ဆိုင်းဘုတ်ပြလာပြီးမေးလို့သိရတာ။ ညီမကိုလာပြီးဆက်သွယ်တာမရှိဘူး။ ရန်ကုန်မှာညီမရဲ့မန်နေဂျာမ မထွယ်ဆိုတာရှိတယ်။ သူ့ကိုလည်းဆက်သွယ်တာမရှိဘူး။ လွိုင်ကော်မှာအဖေနဲ့အမေလည်းရှိတယ်။ သူတို့ကိုဆက်သွယ်တာလဲမရှိဘူး။ အဲ့လိုလုပ်ချလိုက်တော့လန့်သွားတယ်” ဒီလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့မှာ မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ ပြည်နယ်ပွဲတော်နေ့ဖြစ်တဲ့ ၁၅ ရက်နေ့မှာ ကျင်းပမဲ့ မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို နာမည်ကျော်ရိုးရာလက်ဝှေ့ကစားသမား ဘယ်ရောနီကာနဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ (Mixed Martial Art – MMA) ကစားသမား ဖြစ်တဲ့ တိုတို လို့ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ဘိုဇ်ဟီးနာ အန်တိုနီယာ (Bozhena Antoniyar) တို့ကို အဓိကထိုးမဲ့ တွဲဆိုင်းဖြစ်သယောင်ဖော်ပြထား တာအပြင် အန်တိုနီယာ (ခ) တိုတိုက ပါဝင်ပြီး […]

ကန္တာရဝတီတိုင်း(မ်) ပြီးခဲ့တဲ့ ယခုလ ၄ ရက်နေ့က မန္တလေး အမျိုးသားကဇတ်ရုံမှာပြုလုပ်ခဲ့တဲ့ မန္တလေးသံစဉ်ဂန္တဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်မှာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုပြောကြားခဲ့တဲ့ အမှာစကားပါအကြောင်းအရာတွေ လွဲမှားမှုနဲ့ပတ်သက်ပြီး ကရင်နီနိုင်ငံရေးအသိုင်းအဝိုင်းနှင့် လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်မှုများနှင့်ကြုံနေရပါတယ်။ အဆိုပါအမှာစကားမှာ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်မှာ လက်နက်ကိုင် ၇ ဖွဲ့ရှိကြောင်းနှင့် ၆ ဖွဲ့မှာ NCA လက်မှတ်ရေထိုးပြီးကြောင်းမှားယွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက် အနေဖြင့် ကိုယ့်ပြည်နယ်ရဲ့ အခြေအနေအမှန်ကို မသိဘဲ အခုလိုမှားယွင်းပြောဆိုလိုက်ခြင်းဟာ ရှက်ဖွယ်ရာဖြစ်တယ်လို့ ကရင်နီလူငယ်တစ်ဦးဖြစ်သူ ခူးကြူးဖဲကေး (ခ) ဂူးဂူးက ပြောပါတယ်။ “ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ကိုယ့်ပြည်နယ်မှာ လက်နက်ကိုင် ၇ ဖွဲ့ရှိတယ် ၆ ဖွဲ့က NCA ထိုးပြီးပြီ ၊ DDR ၊ […]

ကန္တာရဝတီတိုင်း(မ်) အခြေခံပညာ ကျောင်းတွေကို ပညာသင်ကာလ မတ်လကုန်အထိ သတ်မှတ်လိုက်မယ်ဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအခန်းစောင့် ဆရာ/မတွေတခြား စာစစ်ဖို့ လုပ်ငန်းတွေအစ အချိန်ဇယားတွေ ရှုပ်ထွေးပြီး အခက်အခဲတွေကြုံတွေ့နိုင်တယ်လို့ ပညာရေးဝန်ထမ်းမှ အမည်မဖော်လိုသူ ဆရာမ တစ်ဦးက ပြောပါတယ်။ ၎င်းက “ဘယ်လိုဇတ်ပဲလာလာကနေရမဲ့ဘဝပါ။ အခုလိုကျောင်းတက်မယ်ဆိုရင်ဖြင့် ဆရာမအားလုံးအတွက်ကတော့ စာစစ်ဖို့ စာသင်ဖို့ အချိန်ဇယားတွေရှုပ်ထွေးပြီး ဒုက္ခတော့ရောက်လိမ့်မယ်။ မြေပြင်အခြေအနေမသိတဲ့သူ လူကြီးဖြစ်ရင် ဒုက္ခရောက်တာပဲလေ။ ဆယ်တန်းစောင့်နေတဲ့ အလယ်တန်းဆရာမတွေက သူ့ရဲ့ ငါတန်းကနေ ရှစ်တန်းဘယ်လိုထားရမလဲ၊ ဆယ်တန်းပြီးတော့ ကိုးတန်းဘယ်စစ်၊ ဆယ်တန်းစာအရင်စစ်မလား၊ အများကြီးပဲဒုက္ခကတော့ မီးစင်ကြည့်ကတာပေါ့။” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ပညာရေးဝန်ကြီးကနေပြီး မတ်လအထိ အခြေခံပညာကျောင်းတွေကို ဖွင့်လှစ်ရမှာဖြစ်ပြီး မိဘတွေ […]

စိုးထိုက်အောင် ၂၀၁၉ ခုနှစ်အတွင်းမှာ မြို့နယ်အဆင့် ၄ နေရာနှင့် ပြည်နယ်အဆင့် ၁ နေရာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီပွဲတွေက ရလာတဲ့ လူထုအသံတွေကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကို သွားရောက်တင်ပြခဲ့ကြပေမဲ့ ရလဒ်မကောင်းဘူးလို့ ကယန်းမျိုးဆက်သစ်လူငယ် အတွင်းရေးမှူး မူကက်သရင်းကပြောပါတယ်။ “လွှတ်တော်က တစ်ချို့အရာတွေကို အကောင်ထည်ဖော်ရင်ရနိုင်တယ် လို့တော့ပြောတယ် ဒါပေမဲ့အာမခံချက်ရှိတဲ့အချက်တွေတော့ တစ်ချက်မှမပါခဲ့ဘူး။ ဒီအရာတွေက ကျတော်တို့လုပ်နိုင်တယ် ဆိုတာမျိုးတော့မရှိဘူး။” လို့ မူကက်သရင်းက ပြောပါတယ်။ ငြိမ်းချမ်းရေး အတွက် လူထုတွေရဲ့ လိုလားတောင်းဆိုချက် တွေကို လွှတ်တော်ကတဆင့် အစိုးရဆီကိုရောက်ရှိသွားပြီးအကောင်ထည်ဖော်ဆောင်ရွက်စေလိုတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလူထုအသံတွေသိဖို့ ၂၀၁၉ ဒီဇင်ဘာလ၂၀ ရက်နေ့က ကယန်းမျိုးဆက်သစ်လူငယ်(KNGY)နှင့် ကရင်နီပြည်တောင်သူလယ်သားသမဂ္ဂ(KSFU)တို့က လွှတ်တော်ရုံးမှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ “ဆွေးနွေးပွဲ ရလဒ်က […]