ကန္တာရဝတီတိုင်း(မ်) မနက်ဖန် ၁၅.၁.၂၀၂၀ မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကို လာရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေကို တင်ပြထားပေမယ့်လည်း တွေ့ခွင့်ရမရက မသေချာဘူးလို့ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌ ခူးတူရယ်က ပြောဆိုလိုက်ပါတယ်။ ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ မြေယာအငြင်းပွားမှုတွေနဲ့ တောင်သူတွေကြုံတွေ့နေရတဲ့ အခက်ခဲတွေကို တင်ပြဖို့ အတွက် အခုလို တွေ့ချင်တာဖြစ်ကြောင်း ကိုတူရယ်ကပြောပါတယ်။ “ ကျနော်တို့တွေ့ဖို့တော့တင်ပြထားတယ်၊ ဒါပေမဲ့ တွေ့ဖို့အတွက် ကျနော်တို့ကိုတာ (ခွဲတမ်း) ရ, မရဆိုတာကတော့ သူတို့ပေါ်မှာဘဲမူတည်တယ်၊ သူတို့ကတွေ့လို့ရမယ်ဆိုရင်တော့တွေ့ရမှာပေါ့၊ တွေ့ဖို့ခွင့်ပြုချက်မပေးဘဲ ကျနော်တို့သွားတွေ့ရင်လည်း တရားဝင်မှာ မဟုတ်ဘူး” လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို တက်ရောက်မယ်ဆိုရင် […]

ကန္တာရဝတီတိုင်း(မ်) ယခုကျင်းပနေတဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်မှာတော့ တိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို မြင့်တင်ပေးတဲ့အနေနဲ့ တမူထူးခြား တခြားသောနှစ်တွေထက် ပြခန်းတွေပြသခွင့်ရလာတယ်လို့ ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုတွေက ပြောဆိုထားကြပါတယ်။ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ကယားပြည်နယ်နေ့ပွဲတော်ဟာဆိုရင် ယခင်က တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာအမွေအနှစ်တွေ၊ စာအုပ်စာပေတွေ၊ ရိုးရာလုပ်ငန်းတွေကို ပြခန်းတွေမှာ ချပြပေးဖို့ တခြား ဌာနဆိုင်ရာတွေလို တန်းတူ အခွင့်အရေး မရခဲ့ပါဘူး။ ဒီတစ်နှစ်မှာတော့ ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ မျိုးနွယ်စုဝင်တွေအားလုံးသူတို့ရဲ့ ပြခန်းတွေကို အကျယ်တဝင့် ပြသခွင့်ရရှိလာကြပါတယ်။ ကရင်တိုင်းရင်းသား စောဖိုးလမြင့်က “ပြီးခဲ့တဲ့နှစ်ဆိုရင် တိုင်းရင်းသားမျိုးနွယ်စုတွေ ဒီနှစ်ထက် စုံစုံလင်လင်မတွေ့ရဘူးပေါ့နော်။ဒီနှစ်ကတော့ ကျနော်တို့ စုံစုံလင်လင်ပိုတွေ့ရတဲ့အချိန်ခါကျတော့ ပူးပေါင်းပါဝင်ခွင့် ရတဲ့အခါကျတော့ ကျနော်တို့ အားနည်းနည်းပိုရှိရတာပေါ့။ ကိုယ့်ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုအချင်းချင်းတွေကလည်း ပိုပြီးတော့ […]