ဖရူဆိုမြို့အရှေ့ဘက်ခြမ်းဒေသရှိ ကျေးရွာတွေမှာ ရေမလုံလောက်တဲ့ပြဿနာတွေကို နွေဦးစချိန်မှာ စတင်ကြုံတွေ့

စိုးထိုက်အောင် ဖရူဆိုမြို့နယ်မှာ သက်ငယ်မုဒိမ်းမှုကနေ သက်ပြည့် မုဒိမ်းမှုပြန်ဖြစ်သွားတဲ့ကိစ္စရပ်တွေရှိနေတာကြောင့် သက်ငယ်မုဒိမ်းမှုတွေ တရားစီရင်ရေးမှာ ကြန့်ကြာနေတာမဖြစ်သင့်ဘူးလို့ ဖရူဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။ “တရားခံကတော့ ဒါဘယ်ကလူမှန်းမသိဘူးပေါ့နော် ဆိုတော့ တစ်ဘက်က ငွေရေးကြေးရေးနဲ့အာဏာပိုင်တွေကို လာဘ်ထိုးပြီးတော့မှ ဒီအမှုသည် ငယ်သွားအောင်ဆိုတဲ့ပုံစံမျိုးပေါ့နော် အဲ့လိုလုပ်သွားရင် ဒါကျတော်တို့ဒေသခံအမျိုးသမီးတွေအတွက် အရမ်းနစ်နာတယ်ပေါ့နော်။”လို့ ဦးသဲရယ်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၁၄ရက်ကကျင်းပခဲ့တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပေမယ့်လည်း တိကျတဲ့ အဖြေမရခဲ့ဘူးလို့ဆိုပါတယ်။ လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်လို့ လွိုင်ကော်ခရိုင်တရားရုံးမှာ စစ်ဆေးနေဆဲအမှုရှိနေပြီး တရားခံအမှုမှန်ပေါ်ပေါက်နိုင်ရေး အစိုးရမှမည်ကဲ့သို့ ဆောင်ရွက်ထားလဲဆိုတာ သိရှိလိုကြောင်း မေးမြန်းခဲ့တာဖြစ်ပါတယ်လို့ဆိုပါတယ်။ ဦးသဲရယ်က “ ဒီမုဒိမ်မှုနဲ့ပတ်သတ်တာကတော့ ကျတော်တို့ဖရူဆိုမှာ ပြောရမယ်ဆိုလိုရှိရင် ၃ခုပေါ့ သက်ငယ်က […]

နော်ဒွေးအယ်ခူ လာမည့် မတ်လ ( ၁၁)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည်ဖြစ်ပြီး ကယားပြည်နယ်မှ ဖြေဆိုသူ ဦးရေ (၈)ထောင်ကျော်ရှိကြောင်း ကယားပြည်နယ်ပညာရေးမှူး ဦးအယ်ဒိုဝါးထံမှသိရပါတယ်။ ကယားပြည်နယ်တွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ၂၁ ခုရှိပြီး ဖြေဆိုမယ့် ကျောင်းသူ၊ကျောင်းသား ၈၄၆၂ဦး ရှိပါတယ်။ ၈၄၆၂ ဦထဲမှာ ကျောင်းပြင်ပဖြေဆိုသူလူဦးရေကတော့ (၂၃၉၇)ဦးပါရှိပါတယ်။ လွိုင်ကော်မြို့ရှိ စာစစ်ဌာနတွေမှာ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(၆)၊ အထက(၇)၊ အကျဉ်းဦးစီး၊ အထက-လောပိတ၊ အထက-နွားလဝိုး၊ အထက-လွိုင်လင်လေး၊ အထက-ကုန်းသာ ဖြစ်ပြီး စာစစ်ဌာန (၁၁) ခုရှိပြီး ဖြေဆိုသူ (၄၈၆၁)ဦး ရှိပါတယ်။ ရှားတောမြို့မှာတော အထက-ရှားတော ဖြစ်ပြီး […]

စိုးထိုက်အောင် ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးခဲသတ္တုတွင်းထဲမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုနဲ့ပတ်သက်လို့ ပြည်သူတွေဘက်က တင်ပြချက်မရှိတဲ့အတွက် လွှတ်တော်ထဲမှာ တင်ပြဖို့ အစီအစဉ်မရှိသေးဘူးလို့ ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောပါတယ်။ ဒေါ်နန်းထွေးသူက “ခဲဆိပ်နဲ့ပတ်သတ်ပြီးမှတော့ ဒါပြည်သူတွေဆီကနေလဲ အမတို့ကလူထုတွေ့တယ်လေ လူထုအမြဲတန်းတွေ့တုန်းက ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့တင်ပြတာတွေလဲ မရှိဘူး၊ မေးမြန်းတာတွေလဲ မရှိဘူးဆိုတော့ အမတို့က လွတ်တော်ဘက်ကနေ လွတ်တော်ကိုယ်စားလှယ်ဆိုတော့ ပြည်သူ့အသံနားထောင်မှ ပြည်သူတွေရဲ့တင်ပြချက်တွေ အပေါ်မှာအမတို့က တစ်ဆင့်ပြန်တင်တာပေါ့နော်။”လို့ ပြောပါတယ်။ အခုလို ခဲသတ္တုတွင်းလုပ်ငန်းမှာ ခဲဆိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါတွေ၊ ခဲဆိပ်ရောဂါတွေဖြစ်ပွားနေပေမဲ့လည်း အများနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေလိုတင်ပြလာတာမရှိတဲ့အတွက် လွှတ်တော်မှာ တင်ပြဖို့ ပြင်ဆင်ထားတာမရှိဘူးလို့ဆိုပါတယ်။ မော်ချီးဒေသ အတွင်းမှာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေလျက်ရှိတဲ့အမျိုးသားတွေအနေနဲ့ ဂန်းထိုးခြင်း၊ ယမ်းခွဲခြင်းကြောင့် ခဲဆိပ်သင့်ပြီး […]

စိုးထိုက်အောင် ဖရူဆိုမြို့အရှေ့ဘက်ခြမ်းဒေသရှိ ကျေးရွာတွေမှာ ရေထွက်ပေါက်တွေရေကန်တွေရှိပေမဲ့လဲ အခုလို နွေးဦးစချိန်မှာ ရေမလုံလောက်တဲ့ပြသနာတွေ စတင်ကြုံတွေ့နေရတာကြောင့် ရေအလှူရှင်တွေလိုအပ်နေတယ်လို့ ဖရူဆိုမြို့ လောခုခူကျေးရွာမှ ဦးရှေးဖဲက ပြောပါတယ်။ “ကျတော်တို့ရေခက်ခဲတဲ့ အကြောင်းကတော့ ရေထွက်ပေါက်နေရာကလဲ ဝေးတယ်၊ သွားခပ်ရတာလဲ အဆင်မပြေဘူး ပေါ့နော် ကျတော်တို့က ဒီတစ်ပုံးတစ်ပုံးရဖို့အရေးက လူနဲ့သွားခပ်ရတာ ၅ဂါလန် တစ်ပုံးဆို ၁နာရီလောက်ကြာတယ်။” လို့ ဦးရှေးဖဲကပြောပါတယ်။ လောခုခူကျေးရွာမှာ ၁လပိုင်းလောက်ကနေ ၅လပိုင်းလောက်အထိရေရှားပါးတဲ့ ပြသနာကိုကြုံ တွေ့နေရတာဖြစ်ပါတယ်။ ရေရှားပါးတဲ့အချိန်တွေမှာ ဖရူဆိုမြို့ပေါ်၊ ထီးပေါ်ဆိုရေကန်တွေအထိ စက်နဲ့ရေသွားခပ်ရတာဖြစ်ပြီးတော့ စက်မရှိတဲ့လူတွေအနေနဲ့လဲ ဆိုင်ကယ်တွေနဲ့နေ့စဉ်ရေသွားခပ်နေရတယ်လို့သိရပါတယ်။ “ရေမရှိတဲ့အတွက်ကြောင့်အခက်အခဲက အများကြီးရှိတယ်လို့ပြောရမာပေါ့ ကျန်းမာရေးအနေနဲ့ရော၊ အလုပ်ကစ အလုပ်က ဥပမာဆိုတစ်ရက်ကို အလုပ် ၈နာရီလုပ်ရမဲ့အစား ရေသွားခက်ဖို့အရေးဘက်မာ အချိန်ပေးနေရသေးတယ်လေ ဥပမာ […]

ကန္တာရဝတီတိုင်း(မ်) ဒီးမောဆိုမြို့ နယ် ထီးဖိုးကလိုးကျေးရွာတွင် ၁၀၂ တပ်ရင်းမှ တည်ဆောက်ထားသည့် တပ်စခန်းတိုးချဲ့ ပြုပြင်ရန်လိုအပ်တဲ့အတွက်လို့ ဆိုပြီး ထီးဖိုးကလိုး တပ်စခန်းမှုး ဗိုလ်မှုးလှမိုးမှ ထီးဖိုးကလိုးအုပ်စုအတွင်းက ကျေးရွာများကို သစ်၊ ဝါး များ တောင်းယူခဲ့တယ်လို့ ကျေးရွာဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။ “ သူတို့ တပ် ပြုပြင်ဖို့ဆိုပြီးတော့ တောင်းတယ်။ ထီးဖိုးကလိုးရွာမှာ တပ်စခန်း ရှိတယ်လေ။ ဒါပေမဲ့ လာသယ်သွားတာတော့ တပ်ရင်း ၁၀၂ အထိ သယ်သွားတယ်။” လို့ ထီးဖိုးကလိုးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောပါတယ်။ ၎င်းတို့ တောင်းယူထားတဲ့ သစ်၊ ဝါးများကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်ကား ၆ […]

အန်ထော်နီ ကုန်ပစ္စည်း အရောင်းဆိုင်တွေမှာ ရောင်းချတဲ့ ကုန်ပစ္စည်းတွေအတွက် အညွန်းအမှတ်အသားဖော်ပြပြီးမှ ရောင်းချသွားဖို့ ဆိုတဲ့ အသိပေးရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ က စားသုံးသူရေးရာ ဦးစီးဌာနက ပြုလုပ်ခဲ့ပါတယ်။ “ကျနော်တို့ရဲ့ စားသုံးသူရဲ့ဥပဒေမှာ သူ့ရဲ့နစ်နာဆုံးရှုံးမှု ဝန်ဆောင်မှုအရဖြစ်စေ စားသောက်ကုန်မာပဲဖြစ်စေ ပေးထားတဲ့ဟာအတိုင်း ကျေနပ်နှစ်သိပ်မှု့မရှိဘူး အန္ဒရာယ်ဖြစ်စေတယ်ဆိုရင် ကျနောတို့ကို လာတိုင်ပြီးဆိုရင် ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးရေးမုှုးတွေက စုံစမ်းတွေ့ရှိမယ်ဆိုရင်တော့ စားသုံးသူရေးရာကောင်မတီရဲ့ ဥပဒေနဲ့ အရေးယူလို့ရတယ်။ အဲ့ဒီစားသုံးသူတွေရဲ့ ဥပဒေနဲ့မလုံလောက်တော့ဘူး နယ်ဖက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆိုတင်ပို့ရမဲ့ အမှုမျိုးဖြစ်လာရင် နယ်ဖက်ဆိုင်ရာ တရားရုံးတွေက တရားစွဲဆိုပိုင်ခွင့်ရှိတယ်” လို့ စုပေါင်းကူးသန်းရောင်းဝယ်ရေးဌာန ပြည်နယ်ဦးစီးမှုူး ဦးကျော်ဝင်းကပြောပါတယ်။ အညွန်းအနေနဲ့ ကုန်စည်တွေမှာ ကုန်စည်ရဲ့အမျိုးအမည်၊ အရွယ်အစား၊ […]

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)(တနင်္လာနေ့ ည ၇ နာရီတိုင်း) အခုတစ်ပတ်မှာတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ကရင်နီသမိုင်းမှန်ဖော်ထုတ်သည့် လူထုလှုပ်ရှားရေးနေ့အဖြစ် သတ်မှတ်လိုက်တဲ့ အကြောင်း၊ ကယားပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ယခင်အစိုးရထက် ပိုမိုဆိုးဝါးလာတယ်လို့ အမျိုးသမီးအဖွဲ့ ပြောဆိုလိုက်တဲ့သတင်းနှင့် ပြည်နယ်တွင်းက အမျိုးသမီးတွေ ခံစားစာချက်တွေကို ရေးသားထားတဲ့ “ကျေးလက်နေ အမျိုးသမီးများရဲ့ တိုးတိတ်ရှိုက်သံများ” ဆောင်းပါးအပြင် “Khi batha na ho” ဆိုတဲ့ ကယန်းသီချင်း၊ ‘ခေါင်းကြီးကြီး နှာခေါင်းချွန်ချွန်နဲ့လူ’ ဆိုတဲ့ ပုံပြင်လေးတွေနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ပေးကြပါဦး။

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်တပ်နှင့်တောင်သူအကြားမြေသိမ်းကိစ္စကို NLD အစိုးရအနေနဲ့ လက်ရှိအချိန်အထိကိုင်တွယ်လို့မရသေးဘူးလို့ လယ်ယာမြေဥပဒေနှင့်တောင်သူအရေးဆောင်ရွက်နေတဲ့ ကယားပြည်နယ်အခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Kayah Earthright Action Network မှ တာဝန်ခံစောအယ်စေးကပြောကြားလိုက်ပါတယ်။ စောအယ်စေးက “ဒီကရင်နီပြည် (ကယား) အတိုင်းအတာအရပြောမယ်ဆိုရင်အစိုးရအနေနဲ့ဘာမှပြောလို့မရဘူး၊ ပါဝင်ပတ်သက်သူကိုယ်တိုင်ကစစ်တပ်ဖြစ်နေတော့ဘာမှလုပ်လို့မရဘူး၊ သူတို့နှုတ်ကကိုယ်တိုင်ပြောတယ်ရှိတယ်၊ ငါတို့စိစစ်ပြီးပြီလေ၊ ပြန်ပေးဖို့လည်းဆုံးဖြတ်ပြီးပြီလေ၊ ဒါပေမဲ့စစ်တပ်က ပြန်မပေးတော့ ငါ့တို့လည်းဘာမှလုပ်လို့မရဘူးတဲ့၊ အဲ့တာ သူတို့စကားက ထွက်လာတဲ့ဟာတွေဘဲ ” လို့ပြောပါတယ်။ NLD အစိုးရအနေနဲ့ လယ်ယာမြေနဲ့အခြားမြေများစိစစ်ရေးကော်မတီကိုဖွဲ့စည်းထားပြီး အဲ့ဒီကော်မတီအနေနဲ့ သိမ်းဆည်းမြေနဲ့ပတ်သက်တဲ့မူဝါဒ၊ စွန့်လွတ်မြေနဲ့ပတ်သက်တဲ့ မူဝါဒရှိတဲ့အပြင် တပ်သိမ်းမြေ ဆိုတဲ့မူဝါဒ ကိုရေးဆွဲ ထားပြီး တပ်သိမ်းမြေ မူဝါဒကိုတော့ NLD အစိုးရအနေနဲ့လုံးဝထိလို့မရဘူးလို့လည်း စောအယ်စေး က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က […]