“ကျနော်တို့ ရှားတောက အစွန်အဖျားလည်းဖြစ်တယ်။ နောက်ပြီးတော့ ပွင့်လင်းတဲ့ အုပ်ချုပ်မှု စနစ်လည်း မဟုတ်သေးဘူး။ စစ်ဆင်ရေးနယ်မြေလည်း ဖြစ်နေပါသေးတယ်။”

မော်ဦးမြာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ထိုးပြီး ၂၀၁၂ခုနှစ်နှစ်နောက်ပိုင်းမှာ ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆက်လက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ဖို့ လွိုင်ကော်မြို့၊ ရှားတောမြို့၊ ဖားဆောင်းမြို့ တွေအသီးသီးမှာ ဆက်ဆံရေးရုံးတွေ ထားရှိခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးရုံးတွေထားပြီးနောက်ပိုင်း ပစ်ခတ်ရပ်စဲရေး သဘောတူထားတာ ၈ နှစ်နီးပါးအတော်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် လူထုတွေအတွက် ဘာတွေ ဆောင်ရွက်နေပြီလဲဆိုတာ တွေနဲ့ပါတ်သက်လို့ ( KNPP) ၏ ရှားတောမြို့ နယ် ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ်နှင့် တွေ့ ဆုံမေးမြန်းထားတာ ကောက်နုတ်တင်ပြလိုက်ရပါတယ်။ ကန္တာရဝတီတိုင်း(မ်) ။ ။ မင်္ဂလာပါဆရာ ဆရာတို့ ရှားတောမြို့ နယ်ရဲ့ ဆက်ဆံရေးရုံးမှာ အခုလက်ရှိ […]

တောင်သူတွေကို ပြည်သူ့အစိုးရကယ်တင်နိုင်မည်လော

ဘခက် (ငွေတောင်ပြည်) ရေးသားသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကိုတက်ရောက်ခဲ့ပြီး ကရင်နီလူငယ်ငယ်အင်အားစုနဲ့ ကယားပြည်နယ်အစိုးရ ဧည့်ရိပ်သာမှာတွေ့ဆုံဆွေးနွေးကြတော့ လူငယ်တွေဘက်က အချက်သုံးချက်ကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။ ကရင်နီလူငယ်ဘက်တင်ပြချက်တွေကတော့၊ လွိုင်ကော်မြို့ထဲက ပြည်သူပိုင်ပန်းခြံ ဖြစ်တဲ့ ကန္ဒာဟေဝန်ပန်းခြံမှာ ထားရှိတဲ့ဗိုလ်ချုပ်ကြေးရုပ်ရွေ့ပြောင်းရေး၊ မြေယာကိစ္စနဲ့ပတ်သက် ပြီး တပ်မတော်ဘက်က တောင်သူ (၄၁) ယောက်ကိုတရားစွဲဆိုထားတဲ့ကိစ္စနှင့် ကရင်နီလူငယ်ဘက်က ကယားပြည်နယ်မှာ လူငယ်တွေအားလုံးစုစည်းနိုင်ဖို့ Youth Centre ( လူငယ်စင်တာ) တစ်ခုထားပေးဖို့၊ မျိုးနွယ်စုလူငယ်တွေဖြစ်တဲ့ ကယား၊ ကယန်း၊ ကယောစတဲ့လူငယ်တွေကို ပြည်နယ်အစိုးရက ငွေရေးကြေးရေးအရ တတ်နိုင်သလောက်ပံ့ပိုးပေးဖို့၊ ပြည်နယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးဖို့၊ပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ကိုပြန်ရုတ်သိမ်းပေးဖို့၊ Youth Policy […]

ကလေးသူခိုး ဂယက်

နော်ဒွေးအယ်ခူ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလအတွင်းက ရွာတွေမှာ ကလေးခိုးတယ်ဆိုတဲ့ကိစ္စက ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ဂယက်ထခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အွန်းလိုင်းမီဒီယာသုံးသူတွေသာမက ကလေးရှိတဲ့အိမ်က မိသားစုပါ စိတ်ပူပန်ခဲ့ရပါတယ်။ အဲဒါကြောင့် ရွာတွေမှာဆိုရင် ကလေးခိုးမှုကနေ ကာကွယ်ဖို့အတွက်ဆိုပြီး ရွာအဝင်မှာ လုံခြုံရေးဂိတ်တွေပြုလုပ်ပြီး လူစိမ်းတွေက ရွာထဲဝင်လာရင် သက်ဆိုင်ရာ ကျေးရွာထဲက ဥက္ကဌတို့ကို အကြောင်းကြားထားတာတွေ မရှိရင် ဝင်ခွင့်မပြုတဲ့ ရွာတွေလည်း ရှိလာပါတယ်။ ဒီမော့ဆိုမြို့နယ်ထဲက ဝမ့်လထွားရွာမှာဆိုရင် ရွာအဝင်မှာ လုံခြုံရေးဂိတ်တွေထားဖို့အတွက် အုပ်စုဥက္ကဥရဲ့ခွင့်ပြုမှုနဲ့အတူ ကျေးရွာရပ်မိရပ်ဖတွေနဲ့တိုင်ပင်ပြီး အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။ “ဒီလိုလုပ်တာကတော့ အဓိက ကလေးသူငယ်တွေအတွက်ပေါ့။ တိုင်းရင်းသားတွေဆိုတာမျိုးကမိဘတွေအလုပ်သွားတော့ ကလေးသူငယ်တွေပဲ ကျန်ခဲ့တဲ့ အခါမှာ ကလေးသူငယ်တွေအတွက် လုံခြုံမှုတစ်ခု၊ အဟန့်အတားလေးတစ်ခုအနေနဲ့ ကြိုတင်ကာကွယ်ထားတာပါ” လို့ […]

မြေယာပုံစံတွေမှာ အမျိုးသမီးတွေ အမည်ပေါက် ထည့်သွင်းနိုင်ဖို့ စီမံချက်ရေးဆွဲထား

စိုးထိုက်အောင် ကယားပြည်နယ်ရှိ အမျိုးသမီးတွေ ဖွံ့ြဖိုးတိုးတက်ရေးအတွက် အမျိုးသမီးတွေ မြေယာအမည်ပေါက်ဆောင် ရွက်နိုင်တဲ့ မူဝါဒတွေပေါ်ပေါက်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ (၂၀၂၀-၂၀၂၂)ခုနှစ် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွင့်ဖြိုးရေးလုပ်ငန်းစီမံချက်မှ ထုတ်ဝေတဲ့ စာအုပ်အချက်အလက်အရ သိရှိရပါတယ်။ အခုလက်ရှိတောင်သူတွေရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်ဖို့ မြေယာနှင့် သဘာဝအရင်းအမြစ်စီမံကိန်းဆိုင်ရာ အသိပညာပေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ အမျိုးသား၏အမည်ဖြင့်သာ အမည်ပေါက်နေခြင်းက အမျိုးသမီးတွေရဲ့ပိုင်ဆိုင်ခွင့်နဲ့ထုတ်လုပ်မှုတွေကို ပယ်ထုတ်ထားသလိုဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ စီမံချက်မှာပါရှိပါတယ်။ “ဖွှံဖြိုးတိုးတက်မှုအတွက် စီမံကိန်းနဲ့ပတ်ပြီးတော့ ရှင်းရှင်းပြောရမယ်ဆိုရင် တာကသီးသန့်အမှန်တရားရယ်လို့ ထွက်လာမယ်ဆိုရင်တော့ ဒါကဥပဒေတစ်ခု ဖြစ်မယ်ပေါနော်။ ဥပဒေရဲ့ သဘောသဘာဝက တစ်ကယ်လို့ထွက်လာမယ်ဆိုရင် အကောင်းဆုံး ဥပဒေတစ်ခုဖြစ်မယ်။” ကယန်းအမျိုးသမီးအစည်းအရုံးက မူကလိုးရီယာ ၎င်းစီမံချက်နဲ့ပတ်သက်လို့ အကြံပြုပြောဆိုသွားတာဖြစ်ပါတယ်။ ၎င်းစီမံချက်စာအုပ်ထုတ်ဝေတဲ့အချိန်မှာတော့ သက်ဆိုင်ရာအစိုးရဌာနနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး ကယားပြည်နယ်အတွင်းမှာရှိ တဲ့အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းတွေတချို့တွေကို အသိပေးသွားခဲ့ဖူးတယ်လို့ […]

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း) Feb 2nd Week

ယခုတစ်ပတ် တင်ဆက်ပေးမှာကတော့ မန်ကျည်းသီးဈေး ယခင်နှစ်ထက်ဈေးပိုကောင်းနေတယ် ဆိုတဲ့ သတင်း၊ လောဂျာရွာလမ်းဘတ်ဂျက်မရသဖြင့် ကိုယ်ထူကိုယ်ထလမ်း ဆောင်ရွက်ခဲ့ကြတဲ့သတင်း၊ ကရင်နီ တောင်သူများအကြောင်း ပြောပြသွားမယ့် “ကူရာမဲ့နေတဲ့ တောင်သူတွေဘဝ” ဆိုတဲ့ ဆောင်းပါးအပြင် ကယန်းဘုံအကသီချင်းဖြစ်တဲ့ “Don Yo Don” သီချင်းလေးနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။