ကန္တရဝတီတိုင်း(မ်) ကယား(ကရင်နီ) ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ယခင်အစိုးရလက်ထက်ထက် ပိုဆိုးဝါးလာကြောင်း ကရင်နီအမျိုးသမီး အစည်းအရုံး ( KNWO ) မှ အတွင်းရေးမှူး – ၂ မော်ဖရေးမြာက ပြောသည်။ “ အာဏာပိုင်တွေကနေကျူးလွန်တဲ့ အမှုတွေဆိုရင် တရားဥပဒေ လမ်းကြောင်းသွားပေမဲ့လည်း တရားမျှတမှု လုပ်ယူတဲ့နေရာမှာ အရမ်းခက်ခဲတာမျိုးတွေ၊ နောက်ပြီးတော့ အခုဆိုရင် ငွေများတရားနိုင်ဆိုတဲ့ခေတ်ရှိနေသေးတယ်။ ပြောရမယ်ဆိုရင် လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ကျမတို့ ကယားပြည်နယ်မှာ အခုထိချိုးဖောက်မှုတွေရှိနေသေးတယ် ” လို့ မော်ဖရေးမြာက ပြောပါတယ်။ ၂၀၁၀ရွေးကောက်ပွဲအပြီးတက်လာတဲ့အစိုးရလက်ထက်မှာ တောင်သူတွေကို တရားစွဲထောင်ချတာတွေ လူငယ်တွေ ထောင်ချတာတွေ မရှိခဲ့ဘဲ ယခု ၂၀၁၅ ရွေးကောက်ပွဲအပြီးတက်လာတဲ့ အစိုးရလက်ထက်မှာ အခုလို တွေ့နေရတာတွေက […]

ကျော်ထင်အောင် ရေးသားသည်။ ယခင်အပတ်က စာရေးသူ စကားပလ္လင်ခံထားသလိုပင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာထက် ကယားပြည်နယ် အနေအထားကိုသာ အဓိက ဦးတည် ချဉ်းကပ်ရေးသားပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပထမဆုံး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် ( ၃၄ ) နေရာစလုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) တစ်ပါတီ တည်းသာ အနိုင်ရခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) မှ ( ၂၆ ) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( […]