ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ် ဘောလခဲမြို့ နယ်တွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး ပြည်သူများနှင့် ထိတွေ့မှုသည် ယနေ့အချိန်ထိ အလွန်အားနည်းနေဆဲ ဖြစ်တယ်လို့ ဘောလခဲမြို့နယ် ဒေသခံအများစုက ပြောဆိုနေကြပါတယ်။ “ ကျတော်တို့ကတော့ ပြည်သူနဲ့ လွှတ်တော်အမတ်နဲ့ ထိတွေ့စေချင်တယ်။ ပြည်သူက ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ အခုက ဘာမှ မရှိဘူး။ ကျတော်တို့က လွှတ်တော်အမတ်တွေဆိုရင် တွေ့တောင် မတွေ့ဖူးဘူး အဲ့လိုလေ။ အမှန်မှာက ပြည်သူနဲ့ တစ်သားတည်း ဖြစ်နေရမှာလေ။” လို့ ဘောလခဲမြို့ နယ် ရှမ်းပိုင်းကွက်သစ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးနိုင်ဇော်ကပြောပါတယ်။ ဘောလခဲမြို့ နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်တွေ အနိုင်ရရှိထားတဲ့ မြို့နယ်ဖြစ်တဲ့အတွက် ဒေသ၏လိုအပ်ချက်တွေကို အစိုးရထံ တင်ပြဖို့ […]

မော်ဦးမြာ တပ်မတော်ကနေ တောင်သူတွေအပေါ် တရားစွဲထောင်ချထားတဲ့ကိစ္စ ပြီးခဲ့တဲ့လက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံဆွေးနွေးမှုရလဒ်ကောင်းခဲ့တယ်လို့ဆိုပေမယ့်လည်း ယနေ့အချိန်ထိ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ ဒေါဆိုရှေးကျေးရွာမှ တောင်သူတစ်ဦးဖြစ်တဲ့ ဦးပါးရယ်က ပြောပါတယ်။ “ တစ်စုံတစ်ရာတော့ ဘာမှ အဖြေမလာသေးဘူးပေါ့နော ဒေါ်အောင်ဆန်းစုကြည်ကတော့ ပွင့်ပွင့်လင်းလင်းတော့ ကရင်နီ လူငယ်တွေနဲ့ သူပြောထားတာကတော့ ပြန်လုပ်ပေးမယ် စသဖြင့်တော့ သူပြောထားတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာမှ ကျတော်တို့ကို အဖြေမပေးလာနိုင်သေးဘူးပေါ့နော။” လို့ ဦးပါးရယ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ပြီး ကရင်နီလူငယ်တွေနဲ့ တွေ့ဆုံခဲ့စဉ် မြန်မာ့တပ်မတော်မှ […]

ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့အပြီး တစ်လအကြာထိ တောင်သူတွေအရေးဟာ ခုထိ မထူးခြားသေး