ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်တပ်နှင့်တောင်သူအကြားမြေသိမ်းကိစ္စကို NLD အစိုးရအနေနဲ့ လက်ရှိအချိန်အထိကိုင်တွယ်လို့မရသေးဘူးလို့ လယ်ယာမြေဥပဒေနှင့်တောင်သူအရေးဆောင်ရွက်နေတဲ့ ကယားပြည်နယ်အခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Kayah Earthright Action Network မှ တာဝန်ခံစောအယ်စေးကပြောကြားလိုက်ပါတယ်။ စောအယ်စေးက “ဒီကရင်နီပြည် (ကယား) အတိုင်းအတာအရပြောမယ်ဆိုရင်အစိုးရအနေနဲ့ဘာမှပြောလို့မရဘူး၊ ပါဝင်ပတ်သက်သူကိုယ်တိုင်ကစစ်တပ်ဖြစ်နေတော့ဘာမှလုပ်လို့မရဘူး၊ သူတို့နှုတ်ကကိုယ်တိုင်ပြောတယ်ရှိတယ်၊ ငါတို့စိစစ်ပြီးပြီလေ၊ ပြန်ပေးဖို့လည်းဆုံးဖြတ်ပြီးပြီလေ၊ ဒါပေမဲ့စစ်တပ်က ပြန်မပေးတော့ ငါ့တို့လည်းဘာမှလုပ်လို့မရဘူးတဲ့၊ အဲ့တာ သူတို့စကားက ထွက်လာတဲ့ဟာတွေဘဲ ” လို့ပြောပါတယ်။ NLD အစိုးရအနေနဲ့ လယ်ယာမြေနဲ့အခြားမြေများစိစစ်ရေးကော်မတီကိုဖွဲ့စည်းထားပြီး အဲ့ဒီကော်မတီအနေနဲ့ သိမ်းဆည်းမြေနဲ့ပတ်သက်တဲ့မူဝါဒ၊ စွန့်လွတ်မြေနဲ့ပတ်သက်တဲ့ မူဝါဒရှိတဲ့အပြင် တပ်သိမ်းမြေ ဆိုတဲ့မူဝါဒ ကိုရေးဆွဲ ထားပြီး တပ်သိမ်းမြေ မူဝါဒကိုတော့ NLD အစိုးရအနေနဲ့လုံးဝထိလို့မရဘူးလို့လည်း စောအယ်စေး က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က […]