အမိုးပျောက်တဲ့ ငွေတောင်ဆည် ထိုင်ခုံ

အန်ထောနီ ကယားပြည်နယ် ဒီမေားဆို မြို့မှာရှိတဲ့ ငွေတောင်ဆည်ဟာ တစ်နှစ်ထက်တစ်နှစ် ခရီးသွားဧည့်သည်တွေ ပိုများလာပါတယ်။ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင် တို့ရဲ့အရိပ်ထင်ဟပ်မှု့နှင့် စပါးခင်းတွေဟာဆိုရင် ငွေတောင်ဆည်ရဲ့အလှကို ပိုမိုပေါ်လွင်စေပါတယ်။ ကယားပြည်နယ်ရဲ့ သင်္ကေတလို့ပြောရင်လည်းမမှားပါဘူး။ ကန်ဘောင်ရိုးတစ်လျှောက်မှာ လှပတဲ့ ပန်းပင်မျိုးစုံနှင့် ညအချိန်မှာ ထွန်းထွန်းတောက်မဲ့ မီးတိုင်တွေကို ကြည့်လိုက်ရင်တော့ ရင်ထဲအေးချမ်းစေမှာအမှန်ပါပဲ။ ငွေတောင်ဆည်ကို ပတ်ပတ်လည်ကြည့်ရူဖို့ကန်ပတ်လမ်းတွေ ဖောက်လုပ်ပေးထားပါတယ်။ လေညင်းလေးတွေတိုက်ခတ်နေတဲ့ကန်ဘောင်ပေါ်မှာ ဆင်ကြီးစီးပြီးတော့လည်း ငွေတောင်ဆည်ရဲ့ အလှတရားတွေ ခံစားနိုင်ပါတယ်။ ညအချိန်ရောက်ရင် အများအားဖြင့် လူငယ်တွေက ဝိုင်းဖွဲ့ပြီးတော့ ဂီတာတီးပြီးမီးရောင်အောက်မှာသီချင်းတွေအော်ဆိုကြပါတယ်။ အပန်းဖြေလာသူတွေကြောင့်လည်း ငွေတောင်ဆည်ရဲ့အလှတရားများဟာ ပိုမိုအသက်ဝင်စေပါတယ်။ ယနေ့အချိန်မှာငွေတောင်ဆည်သို့ ပြည်တွင်းပြည်ပ ခရီးသွားတွေ နေ့စဉ်နှင့်အမျှ လာရောက်လည်ပတ်နေကြတာကို တွေ့မြင်နေရပါတယ်။ တစ်ချို့အလည်လာတဲ့ ခရီးသွားတွေကတော့ ကယန်းဝတ်စုံလေးတွေအငှားဝတ်ပြီး […]

ပြည်နယ် အစိုးရအနေနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်ပါ အချက်တွေကို လေးစားအကောင်ထည်ဖော်ဖို့လိုကြောင်း KNPP တိုက်တွန်း

မော်ဦးမြာ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးစဉ် နှစ်ဖက် သဘောတူညီထားတဲ့ အချက်တွေကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်သွားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က မတ္လ ၃ ရက်နေ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံမှု အပြီးမှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ ကျတော်တို့ တင်ပြဆွေးနွေးတာကတော့ သဘောတူညီထားတဲ့… စပြီးတော့ အပစ်ခတ်ရပ်စဲရေးလုပ်တုန်းက ပြည်နယ်အဆင့်မှာသော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်မှာသော်လည်းကောင်း ကျတော်တို့ သေဘာတူညီထားတဲ့ အချက်အလက်အပေါ်မှာ ပြည်နယ်အစိုးရကနေပြီးတော့ လေးစားလိုက်နာပေးဖို့ အကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ အချက်အလက်ကို ကျတော်တို့ တင်ပြတယ်။ အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့မှ အခု ဖြစ်ပျက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ဒီသွားလာလုပ်ရှားမှုတွေပေါ့လေ။ ကျတော်တို့ သဘောတူညီမှုတွေနဲ့ ကွာဟချက်ဖြစ်နေတယ်ပေါ့လေ။ ဆိုတော့ အဲ့ဒီအပေါ်မှာ […]

ငြိမ်းချမ်းရေးအတုအယောင် မလိုချင်ဘူးလို့ ကလလတ ဆို

ကန္တာရဝတီတိုင်း(မ်) စာရွက်ပေါ်မှာပဲ သဘောတူရေးထားတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်က အားရကျေနပ်မှုမရှိတဲ့အတွက် အတုအယောင် ငြိမ်းချမ်းရေးကို မလိုချင်ဘူးလို့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဗဟိုကောင်မတီ ဗဟိုနိုင်ငံရေးဌာနမှ တာဝန်ရှိသူ မာကုအီချစ်ထွန်းက ပြောပါတယ်။ “ကျတော်တို့က တကယ့် ဒီငြိမ်းချမ်းရေးက သိပ့်အရေးကြီးတာပေါ့ ဒါပေမဲ့ ဒီငြိမ်းချမ်းရေး အတုအယောင်ဖြစ်တဲ့ငြိမ်းချမ်းရေးတော့ ကျတော်တို့မလိုချင်ဘူး အပေါ်ယံသဘောနဲ့စာရွက်ပေါ်မှာရေးထားတဲ့ ငြိမ်းချမ်းရေးလိုမျိုးဆိုရင်တော့ ကျတော်တို့အနေနဲ့အားမရဘူး ဒါငြိမ်းချမ်းရေးလို့တော့ ကျတော်တို့ခေါ်လို့လဲမရပါဘူး” လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သတ်လာရင်တော့ပြည်နယ်မှာ သက်ဆိုင်ရာ အစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကိုက်ညီတဲ့ငြိမ်းချမ်းရေးအခြေအနေကို တိုက်တွန်းလုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ ကယားပြည်နယ်အတွင်းမှာ အဓိက ကြုံတွေ့နေရတဲ့ ပြသာနာတွေကတော့ နိုင်ငံရေး၊ လူမှုရေးပြသာနာတွေ လက်နက်ကိုင်ပဋိပက္ခတွေနှင့် တောင်သူအရေးကိစ္စရပ်တွေ ဖြစ်ပါတယ်။ ထိုအချက်တွေကို ကြည့်ခြင်းအားဖြင့် လက်ရှိ ကရင်နီပြည်နယ်မှာ ငြိမ်းချမ်းရေးမရသေးပဲ […]