ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ဒီမောဆိုမြို့နယ် ငွေတောင်ဆည် ၊ ပါဒေါဒူရေဝင်ပေါက် မယ်စလီတောတွင် ယမန်နေ့ညနေ၆ နာရီကျော်အချိန်၌ ဓါးကိုယ်စီကိုင်ဆောင်ထာပြီး Mask ဝတ်ဆင်ထားသည့် လူငယ်သုံးဦးက သမီးရည်းစားစုံတွဲထံမှ ဆိုင်ကယ်နှင့်ဖုန်းနှစ်လုံးကို ဓါးထောက်ပြီး လုယူသွားတယ်လို့ဆိုပါတယ်။ လုယက်ခံရသူဖြစ်သည့် ဒီမောဆို မြို့မရပ်ကွက်နေ အောင်သန်းနိုင်ဦး (ခ) ဂျော့ဟင်နရီက “ ဖြစ်တာက ၆ နာရီခွဲ၊ ကျနော့်ကောင်မလေးက ဒီမောဆို စိန်ဂျိုးဇက်ဘော်ဒါမှာ စာသင်တယ်လေ၊ စာမသင်ခင်မှာ တစ်ချက်တွေ့မယ်ဆိုပြီးသွားတွေ့ကြတာ မိုးတောင်မချုပ်သေးဘူး၊ ဆိုင်ကယ်ရပ်ပြီးစကားပြောနေတာ ငါးမိနစ်တောင်မရှိသေးဘူး၊ နောက်ကလိုက်လာတဲ့ဆိုင်ကယ်က ကန်ဘောင်အောက်လမ်းမကြီးကနေပြန်ကွေ့လားပြီး ဓါးနဲ့ကျနော့်လည်ပင်းမှာ လာချိန်တယ်၊ နောက်တစ်ယောက်က ကျနော့်ကောင်မလေးကို ဓါးနဲ့ချိန်ထားတယ်၊ ပြီးတော့ဖုန်းနှိုက်ယူတယ်၊ ဆိုင်ကယ်ပါယူသွားတယ်” လို့ပြောပါတယ်။ ဓါးထောက်ယူသွားသည့်ဖုန်းနှစ်လုံးမှာ Red Mi Note […]

ကန္တာရဝတီတိုင်း(မ်) COVID – 19 ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးဌာနရဲ့ သတိပေးထုတ်ပြန်ချက်ကြောင့် ကယားပြည်နယ်လွိုင်ကော်မြို့ရဲ့ အထင်ကရဘုရားဖြစ်တဲ့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) ခြေရင်းမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီနှစ်မှာ မကျင်းပနိုင်ခဲ့ပါဘူး။ သီရိမင်္ဂလာတောင်တောင် ( တောင်ကွဲစေတီ) ဂေါပက အဖွဲ့ဝင် ဦးအောင်ရှိန်က “အင်္ဂလိပ်ရက်လိုဆိုရင်ပြီးခဲ့တဲ့ ၆ရက်နေ့သောကြာနေ့ပေါ့၊ သာသနာရေးဝန်ကြီးဦးမော်မော်က ဖုန်းနဲ့အကြောင်းကြားလာတယ်၊ ဒီရောဂါနဲ့ပတ်သက်ပြီးကူးမယ်တို့ဘာတို့ပေါ့၊ တကယ်တော့ ဘာမှမဆိုင်ပါဘူး ၊အဲ့တာပွဲကိုမလုပ်ဘဲရပ်ခိုင်းလိုက်တယ်၊ ကျနော်တို့ကပွဲလုပ်ဖို့အထက်ကို တင်ထားပြီးသား၊ ပွဲမိန့်လဲကျပြီးပြီ၊ဌာနဆိုင်ရာအသီးသီးကိုလည်း ဖိတ်ထားပြီးပြီ၊ အဲ့တာမလုပ်နဲ့ဆိုတော့ မလုပ်ဖြစ်တော့တာပေါ့” လို့ပြောပါတယ်။ ဝါတွင်းသုံးလတွင် ရဟန်းသံဃာတော်တွေအနေနဲ့ အရပ်တစ်ပါးကို ဆွမ်းခံကြွလို့မရတဲ့အတွက် အခုလိုဆွမ်းဆန်စိမ်းလောင်းလှူပွဲကနေ သံဃာတွေတွေအတွက် ဆွမ်းလောင်းလှူရတာဖြစ်ပြီး ဒီနှစ်မှာ ပွဲဖြစ်မြောက်အောင်မလုပ်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဦးအောင်ရှိန်ကဆက်ပြောပါတယ်။ ဦးအောင်ရှိန်က “ဒီဆွမ်း၊ […]

နော်ဒွေးအယ်ခူ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသတွေမှာဆိုရင် ကယော၊ မိုနူမနော (ကော်ယော်) လူမျိုးစု အများစုနေထိုင်ကြပါတယ်။ တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်စားသောက်ကြပါတယ်။ လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက်တော့ ကောင်းမွန်လာတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ သို့သော်လည်း မြို့နဲ့အလှမ်းဝေးလွန်းတဲ့ ကျေးလက်ရွာတွေမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးမကောင်းသေးပါဘူး။ ဒါ့ကြောင့် ကျေးရွာတာဝန်ရှိသူတွေက သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ အများဆုံးတောင်းဆိုကြတယ်လို့ သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ ဌာနဆိုင်ရာ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျေးရွာအထိ ကွင်းဆင်းကြည့်ရှုနိုင်မှာဖြစ်ပြီး လိုအပ်ချက်တွေကို ပိုမို တင်ပြနိုင်မယ်လို့ ဒေသခံအများစုက ပြောဆိုကြပါတယ်။ အဲလို လမ်းပန်းဆက်သွယ်ရေးမကောင်း၊ ဆက်သွယ်ရေးခက်ခဲတာကြောင့် ကျေးရွာဒေသခံအများစုမှာ တခြားနေရာကို ရွေ့ပြောင်းသွားကြတဲ့သူတွေရှိတယ်လို့ သိရပါတယ်။ “ကျတော်တို့လူမရှိတဲ့ခါကျတော့ ဖွံ့ဖြိုးရေးမရှိတော့ မတိုးတက်တော့ဘူးပေါ့ ဒီအတိုင်းပဲနောက်ကျတယ် အခြားရွာကလည်း မီးအကုန်လုံးရပြီဆက်သွယ်ရေးအကုန်လုံး […]

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)(တနင်္လာနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ ပြည်နယ် အစိုးရအနေနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်ပါ အချက်တွေကို လေးစားအကောင်ထည်ဖော်ဖို့လိုကြောင်း KNPP တိုက်တွန်းလိုက်တယ်ဆိုတဲ့ အကြောင်း၊ ကေအဲန်ပီပီရဲဘော်သုံးဦး နဲ့ အရပ်သားတစ်ဦး အသတ်ခံရမှု ဆွေးနွေးထားချက်ရလဒ်မရှိသေးဘူးဆိုတဲ့ အကြောင်းနဲ့ “အမိုးပျောက်တဲ့ ငွေတောင်ဆည် ထိုင်ခုံ” ဆိုတဲ့ ဆောင်းပါးအပြင်‘Ceincu khi do Kayan kan’ ဆိုတဲ့ ကယန်းသီချင်းကောင်းလေးတစ်ပုဒ်၊ ဗမာစကားမတတ်တဲ့ကယန်းကလေးတစ်ယောက် စာသင်ကြားတဲ့အခါကြုံတွေ့ရတဲ့အခက်အခဲအကြောင်း ပြောပြပေးသွားမယ့် ဇာတ်လမ်းနဲ့ ကယန်းအမျိူ းသားနေ့အတွက် နိုးဆော်ခြင်း အကြောင်းတို့ကို ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။နားဆင်ပေးကြပါဦး။